iMyanmarHouse.com - Best Property Website for Myanmar
×

သွားပုလဲလေးတွေ အမြဲဖြူဖွေးနေစေဖို့ အောက်ဖော်ပြပါ အကြံပြုချက်လေးများက ကူညီပါလိမ့်မည်။

၁။ သွားပုလဲဖြူ အရောင်မှိန် သွားစေမည့် အစားအစာတွေ ရှောင်ပါ။
ဝိုင်နီ၊ ဘလက်ကော်ဖီ၊ ဆေးလိပ်တွေ သောက်ပါများလျှင် သွားပုလဲဖြူလေးတွေ အရောင်မှိန် သွားလိမ့်မည်။ အခြား လက်သည်များထဲတွင် ကိုလာ၊ ယိုနှင့် အရောင်ဆိုးဆေးတွေပါသော  အချိုရည်များလည်း ပါဝင်သည်။

၂။ နှစ်လ၊ သုံးလလောက် နေတိုင်း သွားပွတ်တံ အသစ်လဲပါ။
ထို့ထက် ပိုကြာကြာ သုံးနေမည် ဆိုပါက ပါးစပ်ထဲ ဘက်တီးရီးယားတွေ ၀င်အောင် လုပ်ရာ ရောက်လိမ့်မည်။ သွားဆရာဝန် ဟာရိုးကတ်က သွားတိုက်နည်း အကြံပြု လမ်းညွှန်သည်။ မိမိသွားဖုံးနှင့် (၄၅) ဒီဂရီလောက် စောင်းပြီး သွားပွတ်တံ ကိုင်တိုက်ပါ။ သွားပေါ်တွင် စက်ဝိုင်းပုံ လှည့်ပတ်ပြီး တိုက်ပါ။ သွားပွတ်တံကို ခဲတံ ကိုင်သလို ကိုင်ပြီး ပုံမှန် ဖိအားလောက်နဲ့သာ ခပ်ဖွဖွတိုက်ပါ။ အတင်းဖိတိုက်ခြင်းကြောင့် သွားပိုမဖြူသည့် အပြင် သွားဖုံးများပါ ပျက်စီးနိုင်သည်။

၃။ လျှာပွတ်တံလည်း သုံးပါ။
လျှာပေါ်တွင် ဘက်တီးရီးယားများ စုဝေးကာ ခံတွင်းနံ့ဆိုးဝါးစေသည်။ သွားပွတ်တံဖြင့် သွားတိုက်သည့်အခါ လျှာကို ပွတ်တိုက်သူ နည်းပါးသည်။ သွားပွတ်တံ ထိပ်ခေါင်းသည်လည်း လျှာကို ပွတ်တိုက်ဖို့ အဆင်မပြေ။ လျှာပွတ်တံ သီးသန့်သုံးကာ မနက်တိုင်း လျှာပေါ် ပွတ်တိုက် သန့်စင်သင့်သည်။ လျှာကိုပါ နေ့စဉ်ပွတ်တိုက် သန့်စင်ခြင်းဖြင့်  ခံတွင်းနံ့လည်း သင်းပျံ့နေမည် ဖြစ်သည်။

၎။ ၀ါးရင်း သွားတိုက်ပြီးသား ဖြစ်မည့် အစားအစာတွေ ရွေးစားပါ။
မာသော၊ ကြွပ်သော အစား အစာများကို ၀ါးစားသည့်အခါ ထိုအရာများသည် သွားများကို ပွတ်တိုက် ချေမွသဖြင့် သွားမှာ ကပ်နေသော သွားချေးများ ကွာကျသည်။ ပန်းသီး၊ မုန်လာဥနီများကို ကိုက်စားလျှင်လည်း သွားများမှာ ကပ်နေသော အကျိအချွဲများပါ ပါသွားသည်။ ပန်းသီး တစ်လုံးလောက် ကိုက်စားပြီးလျှင် သွားများကို လျှာနဲ့ပွတ် ကြည့်ပါ။

အကျိအချွဲများ ကင်းစင်ပြီး သန့်နေသည်ကို ခံစားမိလိမ့်မည်။ အစားအစာများစွာ စားသောက်သည့် အခါတွင်လည်း ထိုသို့ သွားတိုက်ပေးသည့် စားစရာများကို နောက်ဆုံးကျမှ စားခြင်းဖြင့် သွားကို သန့်စင်ပြီးသား ဖြစ်သွားမည်။

၅။ အမြဲလတ်ဆတ်နေပါစေ။
လက်ဖ၀ါးဖြန့်ပြီး လျှာနဲ့ လျက်ကြည့်ပါ။ ထို့နောက် နမ်းကြည့်ပါ။ အာပုပ်စော် ထွက်နေပြီဆိုလျှင် ပါးစပ်မွှေးပျံ့ လတ်ဆတ်စေသည့် ပူရှိန်းပီကေ စားဖို့ အချိန်ကျပြီ။ ထိုသို့ စားလိုက်ခြင်းဖြင့် ခံတွင်းနံ့သည် ပူရှိန်း လတ်ဆတ်နေမည်။ ခံတွင်းသန့်ဆေးကလည်း အသုံးဝင်သည်။ ခံတွင်းသန့်ဆေး ၀ယ်လျှင် အယ်လ်ကို ဟောဓာတ်မပါသည့် ဆေးရည်ကို ရွေးချယ်ပါ။ အယ်လ်ကိုဟောဓာတ် များလွန်းပါက ခံတွင်းတစ်သျူးများ မြန်မြန် ခြောက်သွေ့ကာ ဘက်တီးရီးယားများ ခိုအောင်းနိုင်အောင် လမ်းဖွင့်ပေးရာ ရောက်သွားမည်။

၆။ မနက် တစ်ကြိမ်၊ အိပ်ခါနီး တစ်ကြိမ်တော့ သွားတိုက်သင့်သည်။
တစ်ညလုံး ခံတွင်းထဲမှာ ဖွဲ့တည်ခဲ့သော သွားချေးများ ကင်းစင်သွားဖို့ မနက်နိုးလျှင် သွားတိုက်ဖို့ လိုသည်။ အိပ်နေစဉ် အတွင်း ခံတွင်းခြောက်ကာ ဘက်တီးရီးယားများ ဖွဲ့တည်လာခြင်းသည် မိုးလင်းသည့်အခါ အာပုပ်စော်နံရခြင်း အဓိကအချက် ဖြစ်သည်။ တစ်နေ့လုံး ခံတွင်းထဲမှာ ဖွဲ့တည်ခဲ့သော သွားချေးများ ကင်းစင်သွားဖို့ အတွက်လည်း ညဘက် အိပ်ခါနီးတွင် သွားထပ်တိုက်ဖို့လိုသည်။ တစ်နေ့ အနည်းဆုံး ထိုနှစ်ကြိမ် သွားတိုက်ပါမှ ပုလဲဖြူ သွားလေးများ ဖြစ်အောင် ထိန်းထားနိုင်မည်။

Credit : Messenger

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top