iMyanmarHouse.com - Best Property Website for Myanmar
×

အချစ်ရေးဆိုတာ ထင်သလောက်တော့ မရိုးစင်းပါဘူး။ လူတစ်ယောက်နဲ့ တစ်ယောက် ချစ်ကြိုက်တဲ့အခါ စိတ်ကောက်တာ၊ ပြန်ကြည်နူးတာ၊ ရန်ဖြစ်တာ၊ စိတ်နာတာ၊ ပြေလည်အောင်ညှိနှိုင်းရတာ၊ အထင်လွဲတာ စသဖြင့် နှစ်ဦးကြားဖြစ်ပေါ်နိုင်တဲ့ အခြေအနေတွေ အများကြီးရှိပါတယ်။ ဒီတော့ ချစ်သူနှစ်ဦးရဲ့ အချစ်ရေးအတွက် အသက်သွေးကြောဖြစ်တဲ့ စကားလေးတစ်ခွန်းကို ပြောပြပေးချင်ပါတယ်။ ဒီစကားလေးဟာ သင်တို့နှစ်ယောက်ကြားက ထင်ကျန်နေတဲ့ အစိုင်အခဲတွေကို ဖျောက်ဖျက်ပေးနိုင်သလို တစ်ဦးနဲ့တစ်ဦး ပိုနားလည်လာကာ သံယောဇဉ်ပိုခိုင်မြဲအောင်လည်း လုပ်ဆောင်ပေးနိုင်ပါသေးတယ်။ အဲ့ဒီစကားဟာ အားလုံးထင်သလို ချစ်တယ်ဆိုတာတော့ မဟုတ်ပါဘူး။

ခုလိုစာတွေအများကြီး ရေးပြနေလို့သိချင်တဲ့ အဖြေကို မပေးလို့ စာဖတ်သူတွေ အာရုံတော့ မနောက်ကြပါနဲ့။ ဒီစကားလေးတစ်ခွန်းက ဘယ်လောက်တန်ဖိုးကြီးတယ်ဆိုတာကို စာဖတ်သူတွေသိမှ ဒီစကားတစ်ခွန်းကို ပိုတန်ဖိုး ထားလာကြမှာမို့ပါ။ ကဲ ဒီတော့ အဲ့ဒီစကားလေးတစ်ခွန်းဟာ ဘာဖြစ်မယ်ဆိုတာ ကြည့်ကြရအောင်။

"မင်း မှန်ခဲ့တယ်"
ဒီအသုံးအနှုန်းမှာ မင်းဆိုတာကတော့ သင် သင့်ချစ်သူကို ခေါ်တဲ့နာမ်စားတစ်ခုခု ထည့်ပြောရမှာပေါ့နော်။ ဥပမာ အဲ့ဒီတုန်းက ချစ်မှန်တယ်။ ဒါမှမဟုတ် မောင်မှန်တယ်။ စသဖြင့်ပေါ့လေ။ ဘာ့ကြောင့်များ ဒီစကားတစ်ခွန်းဟာ ဒီလောက်အရေးကြီးသလဲဆိုတော့ အဲ့ဒီစကားပြောလိုက်တဲ့ စကားလေးမှာ သင်ဟာ ဒီအချက် (၄)ကိုပါ ထည့်သွင်းပြောဆိုလိုက်သလို ဖြစ်နေလို့ပါ။

၁။သင်မှားခဲ့တဲ့အကြောင်း သင်ဟာ ၀န်ခံပြောဆိုခဲ့တယ်။
လူတွေဟာ တစ်ခုခုဆို ကိုယ်မှားပါတယ်၊ ဆောရီးပါလို့ ပြောဆိုရမှာ အရမ်းတွန့်ဆုတ်ကြပါတယ်။ ဒါဟာ ချစ်သူတွေကြားမှာလည်း ခုလို ခက်ခဲ့တဲ့အပိုင်းတွေ ရှိတာပါပဲ။ ကိုယ်လုပ်လိုက်တာ ဘယ်နှစ်ခါမှားမှား ဘယ်တော့မှ ၀န်မခံပဲ ဒီအချစ်ရေးကို ဆက်သွားနေမယ်ဆိုရင် တစ်ဖက်လူကို ထည့်မတွေးဘူးဆိုတာ သေချာနေပါတယ်။

၂။သင်ဟာ သင့်ချစ်သူ စကားကို အဲ့ဒီတုန်းက သေချာနားထောင်ပြီး တွေးတောပေးခဲ့တယ်ဆိုတာ ထင်ရှားပါတယ်။
သင်ဟာ သင့်ချစ်သူစကားကို လျစ်လျူမရှုပဲ သေချာအာရုံစိုက်နားထောင်ပေးခဲ့တယ်ဆိုတာ ခုချိန်မှာ သင့်ချစ်သူ သိသွားပါလိမ့်မယ်။ ဥပမာ လွန်ခဲ့တဲ့ ခြောက်လလောက်က သူပြောခဲ့တာတစ်ခုခု ခုချိန်ဖြစ်လာတာမျိုး ကြုံလာလို့ သူ့ကို ခုလို ပြောဆိုပေးတာမျိုးဆိုရင် သူလည်း အော် ငါ့စကားကို သူသေချာမှတ်ထားပါလားဆိုပြီး သင့်အပေါ် ပိုသံယောဇဉ်ပိုသွားပါလိမ့်မယ်။

၃။သင်ဟာ ပြီးပြည့်စုံတဲ့သူတစ်ယောက် မဟုတ်ဘူးဆိုတာ သင်ဝန်ခံပြောကြားလိုက်သလို သင်ရိုးသားကြောင်းလည်း သူသိသွားပါမယ်။
လူတစ်ယောက်ဟာ တစ်ချိန်လုံး ငါအမြဲမှန်တယ်၊ တခြားလူကို ဂရုစိုက်စရာမလိုဘူး။ ငါဘယ်တော့မှ မမှားဘူးဆိုတဲ့ အတ္တကို စွဲကိုင်ထားရင် ဒီလူနဲ့ ဘယ်သူကမှ ကြာရှည်အဆင်မပြေနိုင်ပါဘူး။ အထူးသဖြင့် ချစ်သူနှစ်ဦး ပြသနာတက်ချိန်မှာလည်း ဒီအတိုင်းပါပဲ။ ဒီတော့ ကိုယ်မှားကြောင့် ကိုယ့်ဘာသာကိုယ်သိတယ်ဆိုတာ အပေါ်မှာ ပြောပြထားတဲ့ ချစ်ရေ မင်းမှန်ခဲ့တယ်ကွာဆိုတာမျိုးလေးနဲ့ ပြန်ပြောပေးလိုက်ခြင်းက သင်ဟာ ကိုယ့်အမှားကိုယ်ဝန်ခံရင်း ကိုယ်ဟာ ပြီးပြည့်စုံတဲ့သူတစ်ယောက်တော့ မဟုတ်ဘူးဆိုတာ ဖော်ပြလိုက်သလိုပါပဲ။

၎။သင်မမှားဘူးဆိုရင်တောင် တစ်ဖက်လူလည်း မမှားတဲ့အတွက် ဒါကို ထုတ်ဖော်ပြောဆိုပေးခြင်းတစ်မျိုးပါ။
တစ်ခါတစ်လေ ပြသနာတစ်ခုဖြစ်တဲ့အခါ တစ်ဖက်လူကလည်း မမှားသလို သင်လည်း မမှားပါဘူး။ ဒါပေမယ့် နှစ်ယောက်စလုံးမမှားတဲ့အတွက် သင့်အနေနဲ့ တစ်ဖက်လူကို ဘာမှမပြောပဲ ထားတာမျိုးထက် သူလည်းမှန်တယ်ဆိုတာမျိုးလေး ပြောဆိုပေးတော့ မကောင်းဘူးလား။ ဒီလို လုပ်ဆောင်ခြင်းဟာ နှစ်ဦးသားပိုမိုညှိုနှိုင်းနေထိုင်တတ်ဖို့အတွက် အထောက်အပံ့တစ်ခုပါပဲ။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top