iMyanmarHouse.com - Best Property Website for Myanmar
×

အမျိုးသမီးနှစ်ယောက် ရှိတယ်ဆိုပါစို့။ တစ်ယောက်ကတော့ ထက်မြက်ပြီး တစ်ယောက်ကတော့ ဥာဏ်အမြော်အမြင်ကြီးသူပါ။ ဒီနှစ်မျိုးကို သင်ဘယ်လို ခွဲခြားနိုင်လိမ့်မလဲဆိုတာ အောက်က အချက်လေးတွေကြည့်ပြီး သိနိုင်ပါတယ်။

ထက်မြတ်တဲ့ အမျိုးသမီးက သူမ ခင်ပွန်း အမှားလုပ်မိတဲ့အခါ စိတ်ဆိုးဒေါသဖြစ်ပြီး သူမ ကြိမ်ကြိမ် သတိပေးပြီပဲလို့ အသိပေးပါလိမ့်မယ်။

အမြော်အမြင်ရှိတဲ့ အမျိုးသမီးကျတော့ သူ့ကို ကူညီထောက်ပံ့ပြီး အားတက်စေပါလိမ့်မယ်။ လိုအပ်တဲ့အခါ မသိချင်ယောင်ဆောင် ပါလိမ့်မယ်။

 ထက်မြတ်တဲ့ အမျိုးသမီးက အကြပ်အတည်းဖြစ်တဲ့အချိန် အခြေအနေကို သူမဘာသာ ဖြေရှင်းပြီး ဘယ်လို နည်းလမ်းကျကျ နေထိုင် ရပ်တည်မလဲဆိုတာ ခင်ပွန်းကို ဆရာ လုပ်ပါလိမ့်မယ်။

အမြော်အမြင်ရှိတဲ့ အမျိုးသမီးက ညင်သာစွာ လမ်းညွန်မှုပေးပြီး ခင်ပွန်းကို ရည်မှန်းချက်ရောက်အောင် ကူညီပေးပါလိမ့်မယ်။

 ထက်မြတ်တဲ့ အမျိုးသမီးက ကလေးတွေကို ဘာဖြစ်နေနေ သင်္ချာအတွက်အချက်တွေ သင်ပေးပါလိမ့်မယ်။

အမြော်အမြင်ရှိတဲ့ အမျိုးသမီးကျတော့ အရင်ဦးဆုံး သူတို့ တစ်ဦးချင်းစီရဲ့ ပင်ကိုယ်အရည်အသွေးကို စိတ်ဝင်စားပါလိမ့်မယ်။

ထက်မြတ်တဲ့ အမျိုးသမီးက အလုပ်မှာ သူများထက် သာလွန်အောင် ကြိုးစားအားထုတ်ပြီး အမှားတွေ ပြုလုပ်မှာမဟုတ်ပါဘူး။ အကျိုးရလဒ်အနေနဲ့ လုပ်ဖော်ကိုင်ဖက် အများစုက သူမကို ဂရုစိုက်ကြပါလိမ့်မယ်။

အမြော်အမြင်ရှိတဲ့ အမျိုးသမီးကျတော့ လုပ်ဖော်ကိုင်ဖက်တွေကြား ချစ်ခြင်းမေတ္တာနဲ့ နွေးထွေးမှု လွှမ်းခြုံတဲ့ ဝန်းကျင်တစ်ခု တည်ဆောက်ပါလိမ့်မယ်။

ထက်မြတ်တဲ့ အမျိုးသမီးက အရွယ်ရောက်ပြီး ကလေးတွေကြား မဆီမဆိုင် ဝင်ပါတတ်ပြီး မတောင်းဆိုဘဲ အကြံပြုချက်တွေ ပေးပါလိမ့်မယ်။

အမြော်အမြင်ရှိတဲ့ အမျိုးသမီးက သူမကလေးတွေ ဘဝအတွေ့အကြုံရအောင် လမ်းဖွင့်ပေးပြီး ဘယ်လိုအခြေအနေမှာဖြစ်ဖြစ် အကူအညီပေးတတ်ပါတယ်။

ထက်မြတ်တဲ့ အမျိုးသမီးက ယောက္ခမနဲ့ အကျောက်အကန် ပြိုင်ဆိုင်မယ်၊ သူမလွှတ်လပ်ခွင့်ကို ကာကွယ်ပြောဆိုပြီး အကြံပြုချက်တွေကြောင့် အငြင်းအခုံဖြစ်ပါလိမ့်မယ်။

အမြော်အမြင်ရှိတဲ့ အမျိုးသမီးကျတော့ ရယ်မောတတ်အောင်၊ ပြန်လည်တုံ့ပြန်ခြင်းမပြုဘဲ စကားနားထောင်တတ်အောင်နဲ့ သဟဇာတနေတတ်အောင် သင်ယူပါလိမ့်မယ်။

ထက်မြတ်တဲ့ အမျိုးသမီးက ကမ္ဘာကြီးကို ပြောင်းလဲပြီး သူမပတ်ဝန်းကျင်ရှိ လူတွေ ပုံစံသစ်ဖြင့် ပြုပြင် တည်ဆောက် လိုကြတယ်။

အမြော်အမြင်ရှိတဲ့ အမျိုးသမီးက သူမကိုယ်သူမ အရင်ပြောင်းလဲပြီး အဖြစ်ကို အဖြစ်တိုင်း၊ အရှိကို အရှိတိုင်း လက်ခံတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top