iMyanmarHouse.com - Best Property Website for Myanmar
×

ကျန်ရှိတဲ့ မိမိဘဝ အစိတ်အပိုင်းကို အတူလက်တွဲပြီး ဘ၀ခရီးလမ်းကို လျှောက်လှမ်းလိုပါကြောင်း တစ်စုံတစ်ဦးကို ရင်ဖွင့်ပြောဆိုခြင်းဟာ လူတစ်ယောက်ရဲ့ဘဝမှာ မမေ့နိုင်စရာ အခိုက်အတန့်တွေထဲက တစ်ခုဖြစ်ပါတယ်။

ဒါ့ကြောင့် လူတွေဟာ ဒီအရာကို ချစ်စဖွယ်အကောင်းဆုံး နည်းလမ်းတွေနဲ့ အမျိုးမျိုးပြုလုပ်ကြပါတယ်။ မိမိတို့ ခံစားချက်တွေကို သီချင်းတစ်ပုဒ်ဖြင့် ရေးဖွဲ့သီကုံးကြတယ်။ ပန်းခြံတစ်ခုမှာ ရင်ဖွင့်ကြပြောဆိုကြတယ်။ ဗွီဒီယိုဖိုင် တစ်ခုဖြင့် အသိပေးပြောဆိုကြတယ် စသည်ဖြင့် ပြုလုပ်ကြပါတယ်။ အဲဒီအရာတွေထဲမှ အထင်ရှားဆုံး နည်းလမ်းတစ်ခုက ညစာစား လက်ထပ်ခွင့်တောင်းဆိုခြင်းပဲ ဖြစ်ပါတယ်။ အချစ်ရေးနဲ့ အစားအသောက် ဒွန်တွဲလျက် ရှိတယ်လို့ ဆိုကြပါတယ်။ လေ့လာမှု တစ်ရပ်ကတော့ အမျိုးသမီး ၅၈% နီးပါးဟာ အဆိုပါမေးခွန်းကို ပထမဆုံး ချိန်တွေ့ရက်မှာ အမေးခံချင်ကြပြီး ၃၁% က သူတို့အကြိုက်ဆုံးစားသောက်ဆိုင်ဖြစ်မှ yes လို့ ပြောဆိုမယ်ဟု ဆိုပါတယ်။

ဆောင်ရန်နဲ့ ရှောင်ရန်
· ညနေစာစားချိန်းတွေ့ခြင်းဖြစ်တာမို့ အိမ်မှာ မဟုတ်ဘဲ သန့်သန့်ပြန့်ပြန့်လေးဖြစ်တဲ့ အပြင်ဆိုင်တစ်နေရာရာတော့ ဖြစ်ရပါမယ်။

· အသွားအလာနှောင့်နှေးခြင်းက ပြသနာအကြီးနဲ့အကျယ်ဖြစ်စေတတ်တာကြောင့် နှစ်ယောက်လုံးအတွက် လွယ်ကူအဆင်ပြေမယ့်နေရာ တစ်ခုဖြစ်ဖို့လည်း သေချာဂရုစိုက်ပါ။

· ၄င်းစားသောက်ဆိုင်နဲ့ ပူးပေါင်းဆောင်ရွက်ပါ။ ကိတ်မုန့်ကို ဗန်းတစ်ခုဖြင့် ယူလာဖို့ သို့မဟုတ် အချိန်ကျတဲ့အခါ သူမအတွက် ပန်းစည်းယူလာပေးဖို့ တောင်းဆိုပါ။ ဒါတွေကို ကိုယ်ဟန်အမူအရာလေးနဲ့ ပြသနိုင်ပါတယ်။ လက်စွပ်လေးကို အချိုပွဲတချို့နဲ့ တွဲယူလာဖို့လည်း ဝန်ထမ်းကို မှာကြားထားနိုင်ပါတယ်။

·  ကြိုတင်ပြုဆင်မှု လုပ်ပါ။ သူမ အကြိုက်ဆုံးသီချင်း တင်ဆက်ပေးနိုင်လား သို့မဟုတ် စားပွဲဝိုင်းမှာ သူမနှစ်သက်ဆုံး ပန်းလေးတွေ စီစဉ်ထားပြီလားဆိုတာ စစ်ဆေးပါ။

· အကောင်းဆုံးနည်းလမ်းတစ်ခုက ကြမ်းပြင်ပေါ် တစ်စုံတစ်ခု လွတ်ကျသွားဟန်လုပ်ပါ။ အဲဒါကို သူမအား ကောက်စေပြီး ကောက်ပေးနေစဉ် သူမပန်းကန်မှာ လက်စွပ်လေး တင်လိုက်ပါ။ တွေ့တွေ့ချင်း သူမ ဝမ်းမြောက်ဝမ်းသာ အံ့အားသင့်သွားမှာ အသေအချာပါပဲ။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top