iMyanmarHouse.com - Best Property Website for Myanmar
×

သင့်မှာ ချစ်ရတဲ့သူ ရှိနေပြီဆိုရင် နှစ်ဦးသားလက်တွဲပြီး ဘ၀လမ်းကို လျှောက်လှမ်းဖို့အတွက် ညှိုနှိုင်းစရာတွေ များလှပါတယ်။ ဒါပေမယ့် သူသာသင့်ကိုတကယ်ချစ်တယ်ဆိုရင် တစ်ချို့တောင်းဆိုမှုတွေက လုပ်နေစရာတောင် မလိုပါဘဲ သူ့ဖာသာသူ လုပ်ဆောင်ပြသွားရမှာပါ။ အထူးသဖြင့် သင့်ချစ်သူမှာ သင်တောင်းဆိုစရာမလို၊ ညှိုနေစရာမလိုတဲ့ ဒီ အရည်အချင်းတွေသာ ရှိမယ်ဆိုရင် သူဟာ သင်ဘ၀တစ်သက်စာအတွက် ရွေးချယ်သင့်တဲ့သူလို့ ဆိုလိုက်ပါရစေ။ အဲ့ဒီအရည်အချင်းတွေကတော့

၁။ သူ့မှာ သူတကယ်ကို နှစ်ခြိုက်တဲ့ အလုပ်အကိုင်ရှိနေပြီ။ ဒါဆိုရင် အလုပ်မှာ စိတ်ပျက်၊ အားငယ်၊ စိတ်ကုန်နေတာမျိုးမရှိပဲ ကိုယ်ကြိုက်တာ ကိုယ်လုပ်နေရတာမို့ ပျော်ရွှင်နေတဲ့ ချစ်သူတစ်ယောက်ကို သင်ပိုင်ဆိုင်နိုင်ပြီလေ။

၂။သူ့မှာအရွယ်ရောက်ပြီးသား သူတစ်ယောက်လို နေထိုင်နိုင်ဖို့အတွက် ငွေကြေးတတ်နိုင်နေပြီ။ သူဟာ ငွေကြေးနဲ့ပတ်သက်ပြီး ကိုယ်ပိုင်ဆုံးဖြတ်ချက်မျိုး ရှိနေပြီ။ သူများမျက်နှာကြည့်ပြီးမှ သင့်ကိုတွေ့ဖို့ ချိန်းဆိုရတာမျိုး မရှိဘူး။ သင့်အတွက် လက်ဆောင်ဝယ်ဖို့ သူတစ်ပါးဆီက ချေးငှားနေရတဲ့အဖြစ်မျိုး မရှိဘူး။

၃။သူ့မှာ သူငယ်ချင်းကောင်းတွေ ရှိတယ်။  သူ့ဘေးက လူတွေကလည်း သူ့အပေါ် ကောင်းကြတယ်။ တတ်နိုင်သလောက် တစ်ယောက်ကိုတစ်ယောက် ပံ့ပိုးကူညီတတ်ကြတာကို သင်တွေ့ရတယ်။

၎။သူ့ကိုယ်သူ ဂရုစိုက်နိုင်တယ်။ ထိန်းထိန်းသိမ်းသိမ်း နေတတ်တယ်။ သူ့စိတ်ပိုင်းဆိုင်ရာသာမက ရုပ်ပိုင်းဆိုင်ရာမှာပါ ကိုယ့်ဘာသာကိုယ် အဆင်ပြေအောင် ထိန်းသိမ်းနေတတ်သူ ဖြစ်တယ်။

၅။သူ့အိပ်မက်တွေ ဘာဆိုတာသိပြီး ဒါကို အကောင်အထည်ဖော်နိုင်ဖို့ ကြိုးစားနေတယ်။ အရာရာကို လက်လျှော့အရှုံးပေးတာမျိုး မလုပ်ပဲ အိပ်မက်တွေ ဖြစ်လာဖို့ တတ်နိုင်သလောက် ကြိုးစားတယ်။

၆။သူ့ဘ၀ကို သူ ဘယ်လိုထိန်းကျောင်းရမလဲ သူသိတယ်။ ဒီအချက်ဟာ အရေးကြီးလွန်းပါတယ်။ တစ်စုံတစ်ယောက်ကို မှီတွယ်လွန်းနေသူဆိုရင် ကိုယ့်ချစ်သူအပေါ် ဘယ်လို ဂရုစိုက်ရမလဲ၊ ဘာတွေလုပ်ဆောင်ပေးရမလဲဆိုတဲ့ အချက် လစ်ဟင်းသွားတတ်ပါတယ်။ တကယ်လို့ သူသာ သူ့ဘ၀ကိုသူ ထိန်းကျောင်းနိုင်သူတစ်ယောက်ဆိုရင် အိမ်ထောင်တစ်ခု ထူထောင်တဲ့အခါ ဘယ်လိုအချက်တွေက အရေးကြီးတယ်ဆိုတာ သူသိပြီးသားဖြစ်လာပါလိမ့်မယ်။

၇။ဒီအချစ်ရေးမှာ သင့်အတွက် သီးသန့်အခန်းကဏ္ဍလေးတစ်ခုလည်း သူပေးထားတယ်။ သင်ဘယ်လိုခံစားနေရတယ်ဆိုတာ နားလည်ပြီး၊ ဘယ်လိုအချိန်မှာ သင်ဟာ သူ့အနားမှာရှိချင်တယ်။ ဘယ်လိုအချိန်တစ်ယောက်တည်း ရှိနေချင်တယ် ဆိုတာကအစ သူသိနေပါလိမ့်မယ်။

၈။သူဟာ သင်နဲ့ပတ်သက်ပြီး လေးစားမှုရှိမယ်။ လူတွေကြားထဲ သင့်သိက္ခာကျအောင် ပြောဆိုတာမျိုး ဘယ်တော့မှ မလုပ်သလို သင့်အပေါ်လည်း နားလည်မှုရှိပေးမယ်။ သင့်ခံစားချက်ကို တန်ဖိုးထားမယ်။

၉။သင့်ဘေးနားသူရှိနေချိန်တိုင်း သင်ပျော်ရွှင်နေမယ်။ ဒါမှမဟုတ် ပြီးပြည့်စုံသလို ဖြစ်နေမယ်ဆိုရင် သူဟာ သင့်အတွက် တကယ်ကို သင့်တော်တဲ့သူတစ်ယောက်ပါ။

၁၀။သင့်သူငယ်ချင်းတွေ သူ့ကို သဘောကျကြမယ်ဆိုရင် ဒါလည်း သူ့အရည်အချင်းကြောင့်သာ ဖြစ်ပါတယ်။ သင်က သူ့ချစ်သူမို့ မွှန်နေတာမျိုး မဟုတ်တော့ပါဘူး။ သူဟာ တကယ်တော်လို့၊ လူကောင်းသူကောင်းမို့လို့ သင့်ကို သင့်သူငယ်ချင်းတွေက သူနဲ့သဘောတူတာမျိုးပေါ့။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top