iMyanmarHouse.com - Best Property Website for Myanmar
×

မကြာခဏ ဆဲဆိုတတ်သူများသည် ယဉ်ကျေးစွာ ပြောဆိုတတ်သူများထက် ဝေါဟာရ ပိုမို ကြွယ်ဝကြောင်း ဘာသာစကား သိပ္ပံဂျာနယ်တွင် ဖော်ပြထားထက် လေ့လာမှု တစ်ခု အရ သိရသည်။

ဆဲနည်းမျိုးစုံဖြင့် ဆဲတတ်ခြင်းသည် ပညာမတတ်ခြင်း၏ လက္ခဏာ မဟုတ်ကြောင်း လေ့လာမှုတွင် ဖော်ပြထားသည်။ လူ့အဖွဲ့အစည်းက မနှစ်သက်သည့် စကားလုံးများ ကို မကြာခဏ သုံးတတ်သူများသည် အခြားသော နေရာများတွင်လည်း ပြောတတ် ဆိုတတ်၊ လိုရင်းကို ချက်ကျ လက်ကျ ပြောတတ်သူများ ဖြစ်နေ တတ်ကြသည်။

သုတေသနပညာရှင်များသည် အလေ့လာခံများအား ၄င်းတို့ သိသမျှ ဆဲသည့် စကားလုံးများကို စက္ကန့် (၆၀) အတွင်း ပြောစေခဲ့သည်။ ထို့ပြင် ၄င်းတို့အား တိရစ္ဆာန်အမည်များကိုလည်း ပေးထားသည့် အချိန် အတွင်း ပြောစေ ပြန်သည်။

အဆဲ စကားလုံးများများ သိသူများသည် တိရစ္ဆာန် အမည်များများ သိသူများ ဖြစ်နေတတ်ကြောင်း လေ့လာ တွေ့ရှိခဲ့သည်။ ယင်းကြောင့် ဆဲခြင်းသည် အာဝဇ္ဇန်းရွှင်ခြင်းနှင့် ဆက်စပ် နေကြောင်း သက်သေ ပြလိုက်ပြီဟု အမေရိကန် အခြေစိုက် စိတ်ပညာရှင်များဖြစ်သော ခရစ္စတင်နှင့် တီမောသီဂျေးတို့က ပြောဆို ခဲ့သည်။

 ထို့ပြင် အဆဲ စကားလုံးများကို သုံးတတ် သူများသည် ဘာသာ စကားအား ချက်ကျလက်ကျ အသုံးပြုတတ် သူများ ဖြစ်ကြကြောင်း သိရှိခဲ့ရသည်ဟု ၄င်းတို့က ပြောဆိုခဲ့သည်။ အသက် (၁၈) နှစ်မှ (၂၂) နှစ်ကြား လူ (၄၉) ဦး ယခု စမ်းသပ်မှုတွင် ပါဝင် ခဲ့သည်။

Credit : messenger

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top