iMyanmarHouse.com - Best Property Website for Myanmar
×

ဗြိတိန် ယောက်ျားလေးပေါ့ပ်အဆိုရှင် များအဖွဲ့ One Direction သည် ၂၀၁၅ တွင်  အသက် (၃၀)နှစ် အောက်  ဝင်ငွေအကောင်းဆုံး အနုပညာရှင်များဖြစ်သည်ဟု အမေရိကန် Forbes မဂ္ဂဇင်းက ဖော်ပြသည်။

အသက်(၂၃)နှစ်ဝန်းကျင် များဖြစ်သော   ဟယ်ရီစတိုင်၊လီယမ်ပိန်း၊ လူးဝစ်တွင် လင်ဆန်နှင့် နီအောဟိုရန်တို့သည် ယခုနှစ် အတွင်း ဝင်ငွေကန်ဒေါ်လာသန်း ၁၃၀ ဖြင့် Forbes မဂ္ဂဇင်း၏ နှစ်စဉ်စာရင်း၌ပထမနေရာရရှိခြင်းဖြစ်သည်။ One Direction အဖွဲ့သည် ယခုနှစ်အတွင်း ကမ္ဘာလှည့်ဖျော်ဖြေရေးခရီးစဉ်နှင့် အသစ်ထွက်ရှိသော တေးအယ်လ်ဘမ် Made in the A.M ဖြင့် ဝင်ငွေကောင်းခဲ့ခြင်းဖြစ်သည်။

One Direction အဖွဲ့နောက်တွင် အသက်(၂၆)နှစ် အရွယ်ရှိ တေလာဆွစ်ဖ်က ဝင်ငွေကန် ဒေါ်လာသန်း ၈၀ ဖြင့် အသက်(၃၀)နှစ်အောက် ဝင်ငွေအကောင်းဆုံး အနုပညာရှင်များစာရင်း၌ ဒုတိယနေရာရရှိခဲ့သည်။ အမေရိကန်အဆိုတော်တေလာဆွစ်ဖ်သည် ယခုနှစ်အတွင်း 1989ကမ္ဘာလှည့်ဖျော်ဖြေရေးခရီးစဉ်၊ 1989 တေးအယ်လ်ဘမ် ရောင်းချမှုနှင့် ကြော်ငြာရိုက်ကူးမှုများ မှ ဝင်ငွေရရှိခဲ့သည်။

အသက် (၂၉) နှစ်အရွယ် အဆိုတော်လေဒီဂါဂါက ဝင်ငွေ ကန်ဒေါ်လာ ၅၉ သန်းဖြင့် တတိယ၊အသက်(၂၄)နှစ်အရွယ်ရှိ ဗြိတိန် အဆိုတော် အက်ဒ်ရှီရန်က ဝင်ငွေ ကန်ဒေါ်လာ ၅၇ သန်းဖြင့် စတုတ္ထနှင့် အသက်(၂၅)နှစ်အရွယ် သရုပ်ဆောင်မင်းသမီး ဂျနီဖာ လောရင့်စ်က ဝင်ငွေကန်ဒေါ်လာ ၅၂ သန်းဖြင့် ပဉ္စမနေရာရရှိခဲ့သည်။ ဂျနီဖာလောရင့်စ်သည် ဝင်ငွေ အကောင်းဆုံးထိပ်တန်း ၁၀ ဦးစာရင်းဝင်သည့် တစ်ဦးတည်း သော သရုပ်ဆောင်မင်းသမီးဖြစ်သည်။

၂၀၁၄ တွင် ပထမနေရာရရှိ ခဲ့သော အဆိုတော်ဂျပ်စတင်ဘီ ဘာသည် ယခုနှစ်၌ ယင်း ထိပ်တန်း ၁၀ ဦးစာရင်းတွင် ပါဝင်လာခြင်းမရှိပေ။

Credit: 7 Day Daily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top