iMyanmarHouse.com - Best Property Website for Myanmar
×

အချစ်ရေးကို ပရိသတ်သိအောင် Share မလုပ်ချင်ဘူးလို့ပြောလာတဲ့ ထွန်းထွန်းက ၂လပိုင်းမှာ သြစတေးလျကို အငြိမ့်ကဖို့အတွက် သွားဖို့ရှိသလို ၃လပိုင်းမှာလဲ Examplez အဖွဲ့ရဲ့ရှိုးရှိတယ်လို့ပြောပြလာတဲ့အပြင် လက်ရှိမှာ စူပါစတား အမ်တီဗီ ထဲက သီချင်း ၆ ပုဒ်ဆင်ဆာ ထိခံရတာနဲ့ပတ်သက်ပြီး

"စူပါစတား အမ်တီဗီကို ဒီ ၁၂ လပိုင်းထဲမှာ ထွက်မလို့ လုပ်ထားတာ ဆင်ဆာက ၆ ပုဒ်ထိတယ်။ အဲ့ဒါကြောင့် ထွက်ရမယ့် ရက်ကို နောက်ဆုတ်လိုက်ရတယ်။ အမှန်က ကျွန်တော်ကံဆိုးတာပေါ့။ ဆင်ဆာက မမိသင့်ဘူးမဟုတ်ဘူး။ အရမ်းကြီးအကြမ်းကြီးတွေမဟုတ်ဘူး။ စကဒ်တွေတိုတယ်။ ဆိုင်ကယ်စီးရင်ဦးထုပ်မဆောင်းဘူး။ ဆိုတော့ပြန်ရိုက်ရမယ်ဆိုတော့ စိတ်အရမ်းညစ်တယ်။ အချိန်တွေလဲ နောက်ကျကုန်တယ်။ အဲ့ဒီ၆ပုဒ်ကိုပြန်ရိုက်ရမယ်ဆိုတော့ နည်းနည်းတော့ Feel ကျဲနေပါတယ်။ စိတ်လဲမပါတော့ဘူး။ အဲ့ဒါကို ဇွတ်လုပ်ယူသလိုဖြစ်နေတယ်။ အခုလိုဆင်ဆာထိတာ ကျွန်တော်ကိုယ်တိုင်ကံမကောင်းလို့ပဲလို့ယူဆပါတယ်။ ဆင်ဆာအဖွဲ့ကိုလဲလေးစားပါတယ်။ အဲ့ဒီ၆ပုဒ်ကို အခု ပြီးအောင်ပြန်ရိုက်နေပါတယ်။ ဇန်န၀ါရီမှာ ထွက်မယ်။ ၂လပိုင်းကို သြစတေးလျကို အငြိမ့်သွားကဖို့ရှိတယ်။ ၃လပိုင်းမှာတော့ Examplez ရှိုးလုပ်ဖို့ရှိပါတယ်"လို့ သူက ပြောပြလာပါတယ်။

၂၀၁၅ထဲမှာ ဇာတ်ကားတွေပြန်ရိုက်လာသလို သူ့ရဲ့ ကျေနပ်အားရတဲ့ အနုပညာလှုပ်ရှားမှုများနဲ့ပတ်သက်ပြီးတော့လဲ သူက "ကျွန်တော်အလုပ် မလုပ်တာ ၆ နှစ်လောက်ရှိပြီ။ အဲ့ဒီအချိန်မှာ ၂၀၁၅ အလုပ်ပြန်လုပ်တော့မယ် ဆိုတဲ့အချိန်မှာ ကျွန်တော့်ကို ယုံကြည်စိတ်ချစွာနဲ့လာပြီးအပ်တဲ့ ထုတ်လုပ်ရေးတွေကို အရမ်းကျေးဇူးတင်တယ်။ ဒုတိယမကလို့တတိယမင်းသားလို့ပဲပြောပြော ကျွန်တော့်ကို ယုံကြည်ပြီးကားကြီးတွေပါ ရိုက်ပေးတဲ့အတွက် အရမ်းကျေးဇူးတင်တယ်။ အခုအရှိန်နဲ့ပဲ ၂၀၁၆ ကိုကျွန်တော်ထပ်သွားပါမယ်။ ၂၀၁၅ ကကျွန်တော့အတွက် ကံအရမ်းကောင်းတဲ့နှစ်တစ်နှစ်လို့ပြောလို့ရပါတယ်။ ၂၀၁၆ ကိုလဲ ဒီ့ထက်ပိုပြီး ကံကောင်းအောင်အလုပ်ကို ၀ီရိယရှိရှိနဲ့ကြိုးစားသွားဖို့ရှိပါတယ်"တဲ့။

လှုပ်လှုပ်ခတ်ခတ်ဖြစ်နေသလို ပရိသတ်တွေကြား ရေပန်းစားနေတဲ့ သူ့ရဲ့ အချစ်ရေးနဲ့ပတ်သက်ပြီးတော့လဲ "အဲ့ဒါက ကိုယ်ရေးကိုယ်တာပါ။ ပါဆင်နယ်ဖြစ်တဲ့အတွက် အဲ့ဒါကိုတော့ ကျွန်တော်မဖြေချင်တော့ပါဘူး။ အရင်တုန်းကတော့ ကျွန်တော်ရည်းစားရှိတယ်။ ပရိသတ်တွေလဲသိတယ်။ အခုနောက်ပိုင်း အသက်နည်းနည်းရလာတော့ ကျွန်တော်ပါဆင်နယ်ကို share မလုပ်ချင်တော့ဘူး။ ဘယ်သူဘယ်ဝါဆိုတာကို သိသည်ဖြစ်စေ မသိသည်ဖြစ်စေ ဒီအတိုင်းပဲထားပါတယ်။ အခုလက်ရှိချစ်ခြင်းတရားကတော့ အရမ်းကို အေးချမ်းနေပါတယ်။ မင်္ဂလာသတင်းကတော့ လိုပါသေးတယ်"လို့ သူက ပြောသွားပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top