iMyanmarHouse.com - Best Property Website for Myanmar
×

ဒီနေ့တော့ ရာသီဥတုနဲ့ကိုက်ညီ ကျန်းမာရေးနဲ့လည်း ညီညွတ်တဲ့ ကြက်ရခိုင်ချက် ချက်နည်းလေးနဲ့ တင်ဆက်လိုက်ပါတယ်။

ကြက်ရခိုင်ချက်အတွက် လိုအပ်တဲ့ ပစ္စည်းများ

၁။  ကြက်သား - ၁ခြမ်း

၂။ စပါးလင် - ၂ပင်(ဖြူသောအပိုင်းသာ)

၃။ ငရုတ်သီးစိမ်း - မိမိနှစ်သက်သလောက်

၎။ မျှင်ငါးပိ(စိမ်းစားငါးပိ)- ဇွန်း

၅။ မန်ကျည်းသီးမှည့် - အနည်းငယ်

၆။ နံနံပင် - ၁ စည်း

၇။ ဆား၊ ဟင်းခတ်မှုန့်၊ နနွင်းမှုန့်

ကြက်ရခိုင်ချက် ချက်နည်း

၁။ ကြက်သားကို ရေဆေးသန့်စင်ပြီး အနေတော်အတုံးများ တုံးကာ ဆား၊ဟင်းခတ်မှုန့်၊နနွင်းအနည်းငယ်နဲ့ နယ်ပြီး နှပ်ထားပါ။

၂။ အိုးငယ်တစ်လုံးအတွင်း ငါးပိကို ချေထည့်ပြီး ငရုတ်သီးနှင့်အတူ နနွင်းမှုန့်အနည်းငယ်ထည့်ပါ။ လက်ဖက်ရည်တစ်ပန်းကန်လုံးစာရေထည့်ပြီးခမ်းသည်အထိပြုတ်ပါ။

၃။ ပြုတ်ထားတဲ့ ငါးပိနဲ့ ငရုတ်သီးအရောကို ခဏအအေးခံပြီး စေးညှက်အောင်ထောင်းပါ။

၎။ နယ်ထားတဲ့ကြက်သားကိုအိုးတစ်လုံးထဲ ထည့်ပြီး စပါးလင်ကို ဓားပြားရိုက်ထည့်ပြီး ပြုတ်ပါ။

၅။ အမြှုပ်နဲ့ အညစ်အကြေးတွေကို ခပ်ထုတ်ပစ်ပါ။

၆။ တစ်ပွက်ဆူလာတာနဲ့ ထောင်းထားတဲ့ ငါးပိ၊ ငရုတ်သီးအရော၊ ဆား၊ ဟင်းခတ်မှုန့်၊ မန်ကျည်းမှည့်ရည်တို့ကို ကိုယ်ကြိုက်တဲ့အရသာ ဖြစ်တဲ့အထိ ထည့်ပါ။

၇။ စားခါနီးမှ နံနံပင်ကို အပေါ်ကနေ  အုပ်ပါ။

အချမ်းပြေအောင် ကြက်ရခိုင်ချက် ပူပူစပ်စပ်လေး ချက်စားကြည့်လိုက်ကြပါဦးနော်။

Credit : Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top