iMyanmarHouse.com - Best Property Website for Myanmar
×

သူတို့ကိုယ် သူတို့သိတယ်
စာအုပ်ချစ်တဲ့စာသမားတွေကို ရွေးရတဲ့အဓိကအကြောင်းအရင်းကတော့ သူတို့ကိုယ်သူတို့ ကောင်းကောင်းသိတာပါပဲ။ သူတို့ကြိုက်တာက ဘာတွေဖြစ်ပြီး သူတို့မကြိုက်တာက ဘာတွေဖြစ်တယ်ဆိုတာ ကွဲကွဲပြားပြား သိကြပါတယ်။ သူတို့ဘာဖြစ်ချင်ပြီး သူတို့ဘာမဖြစ်ချင်ဘူးဆိုတာ ကောင်းကောင်းသိကြပါတယ်။ ဒီတော့ နှစ်ယောက်သားဆက်ဆံရေးက ရှင်းရှင်းလင်းလင်းရှိပါတယ်။

လက်ခံတယ်
လူ့စိတ်က ရှုပ်ထွေးတယ်ဆိုတာ သူတို့ကလက်ခံပါတယ်။ အတက်အကျရှိတတ်တဲ့ စိတ်အခြေအနေတွေကို သူတို့ကသဘောပေါက်တာကြောင့် သင့်ကိုနားလည်မှုရှိပါတယ်။

အသစ်
အသစ်တွေကိုလေ့လာဖို့ အမြဲစိတ်ကိုဖွင့်ထားပါတယ်။  ခြားနားတဲ့ကမ္ဘာ၊ ခြားနားတဲ့အမြင်တွေကို အမြဲလမ်းဖွင့်ထားသူတွေဖြစ်ပါတယ်။

အလျင်မလို
စာဖတ်တယ်ဆိုတာ တစ်ခုခုကို အာရုံစိုက်နေထိုင်တာဖြစ်ပါတယ်။ ကိစ္စတော်တော်များကို  သူတို့ကအလျင်မလိုတတ်ပါဘူး။ တစ်ဖက်လူရဲ့ အပြောအဆို၊ အပြုအမူ၊ နောက်ခံဘဝတွေအပါအဝင် စိတ်ခံစားချက်ကိုပါ ထည့်တွက် လေးစားတတ်ပါတယ်။

ညဏ်ပညာ
ညဏ်ပညာနဲ့ပက်သက်တာတွေ၊ စိတ်ခံစားချက်ကို အလေးထားတဲ့ အရာတွေကို သူတို့က ပိုဂရုစိုက်တတ်ပါတယ်။ သူတို့ကြိုက်တာတွေက စာအုပ်၊ ပန်းချီ၊ ဇာတ်ကားတွေဖြစ်ပြီး တဒင်္ဂတွင်းကိုယ်စားပြုတဲ့ အပေါ်ယံအရာတွေ မဟုတ်တတ်ပါဘူး။

*** တကယ့်စာသမားအစစ်တွေကို ဆိုလိုခြင်းဖြစ်ပါတယ်။ နည်းနည်းဖတ်၊ များများပြောတဲ့ စာသမားတွေကို မဆိုလိုပါ။

Credit : Duwun

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top