iMyanmarHouse.com - Best Property Website for Myanmar
×

သူသိစေ အချစ်ဆုံးလို့ နာမည်ပေးထားတဲ့ စီရီးထဲမှာ ပေါ့ပ်သီချင်း ချိုချိုလေးတွေနဲ့ Slow Rock ၊ R&B သီချင်းလေးတွေပါမယ်လို့ သိရပါတယ်။

ပတ္တမြားဒေ၀ီစောမဲကျီ ပြဇာတ်မှာ ပရိသတ်အားပေးမှုရခဲ့ ရတနာမိုင်ဟာ သူရဲ့  စတုတ္ထမြောက် တစ်ကိုယ်တော်အခွေကို လာမယ့် ဖေဖော်ဝါရီလ နောက်ဆုံးပတ်မှာ  ထွက်ရှိနိုင်ဖို့ သီချင်းရွေးတာတွေ စလုပ်နေပြီလို့  ရတနာမိုင်က ပြောပါတယ်။

‘‘ပရိသတ်တွေ အားပေးတဲ့အတွက် အရမ်းပျော်တယ်။ အတိုင်းမသိ ၀မ်းသာတယ်။ ဒီထက် ကြိုးစားချင်သေးတယ်။ ပရိသတ်တွေ အားပေးရကျိုးနပ်အောင် ထပ်ကြိုးစားချင်တယ်။ ပရိသတ်တွေ အားပေးတော့ ညီမရဲ့စီးရီး အတွက်လည်း အားဖြစ်သွားတယ်’' လို့ ရတနာမိုင်က ပြောခဲ့ပါတယ်။

သူသိစေ အချစ်ဆုံးလို့ နာမည်ပေးထားတဲ့ စီရီးထဲမှာ ပေါ့ပ်သီချင်း ချိုချိုလေးတွေနဲ့ Slow Rock ၊ R&B သီချင်းလေးတွေပါမယ်လို့ သိရပါတယ်။

အခုထွက်လာတော့မယ့် တစ်ကိုယ်တော်အခွေမှာ သီချင်းအမျိုးအစားအစုံ ၁၀ပုဒ်လောက်ထည့်ဖို့  ပြင်ဆင်ထားပေမယ့် ခွေထွက်ဖို့စီစဉ်ထားတဲ့ အချိန်အထိ အားလုံးမပြီးရင်တော့ မီနီအယ်လ်ဘမ်အနေနဲ့  ဖြန့်ချိသွားမယ်လို့ သိရပါတယ်။

ပြဇတ်ကနိုင်ခဲ့ပြီးတဲ့နောက်ပိုင်းမှာလည်းဗီဒီယိုတွေ ပြန်ရိုက်ဖို့ ဆုံးဖြတ်လိုက်တယ်တာကြောင့်  ဇာတ်ကားတွေ ပြန်ရိုက်သွားမယ်လို့လည်း ရတနာမိုင်က ပြောခဲ့ပါသေးတယ်။

Credit : 7 Day Daily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top