iMyanmarHouse.com - Best Property Website for Myanmar
×

စိတ်ဖိစီးမှုနှင့် ဆက်စပ်သည့် ပရိုတင်းဓာတ်တစ်မျိုးသည် အဆီများကို လောင်ကျွမ်းစေသည့် ခန္ဓာကိုယ်၏ စွမ်းဆောင်ရည်များ ကို နှေးကွေးသွားအောင် ပြုလုပ်ကာ ကိုယ်အလေးချိန်လျှော့ချရ ခက်လာအောင် ပြုမူကြောင်း ဖလော်ရီဒါတက္ကသိုလ်မှ လေ့လာမှု အသစ်တစ်ခုက ဖော်ပြသည်။

ပြင်းထန်သော စိတ်ဖိစီးမှုကြောင့် သိုလှောင်ထားသော အဆီ များကို ချေဖျက်ပစ်သည့် အင်ဇိုင်းထုတ်လုပ်မှုကို တားဆီးသော Betatrophin ဟုခေါ်သည့် ပရိုတိန်းထွက်ပေါ်လာသည်။ ထို့ကြောင့် စိတ်ဖိစီးမှု လျှော့ချခြင်းဖြင့် လူအများကိုယ်အလေးချိန်လျှော့ချရာတွင် ပို၍ အထောက်အကူဖြစ်စေနိုင်သည်ဟု သုတေသီများက ပြောသည်။

Betatrophin ပရိုတင်းဓာတ်က ခန္ဓာကိုယ်၏ အဆီချေဖျက်နိုင် သည့် စွမ်းရည်ကို လျော့ကျစေပြီး ပြင်းထန်သော စိတ်ဖိစီးမှုနှင့် ကိုယ်အလေးချိန်တက်လာခြင်းကြား ဆက်စပ်မှုရှိကြောင်းကို ဖော်ပြနေ ကြောင်း ဖလော်ရီဒါတက္ကသိုလ်မှ ပါမောက္ခ ဒေါက်တာလီဂျွန်ယန်း က ပြောသည်။

စိတ်ဖိစီးမှုကြောင့် အဆီများ စုဝေးမှုကို အားပေးသကဲ့သို့ ဖြစ် နိုင်သည် (သို့မဟုတ်) အဆီချေဖျက်မှုဖြစ်စဉ်ကို နှေးကွေးသွားစေ နိုင်သည်ဟု သုတေသီများက ပြောသည်။

Betatrophin ပရိုတင်းဓာတ်၏ စွမ်းဆောင်မှုအခန်းကဏ္ဍကို လေ့လာရန် သုတေသီများက ကြွက်များနှင့် လူသားများထံမှ ဆဲလ် များဖြင့် စမ်းသပ်လေ့လာခဲ့ကြခြင်းဖြစ်သည်။

ကြွက်များ၌ ပတ်ဝန်းကျင်နှင့် ဇီဝဖြစ်စဉ်ဆိုင်ရာ ဖိစီးမှုဖြစ်ပေါ် စေသော ဓာတ်များ ထိုးသွင်းပြီး လေ့လာရာ စိတ်ဖိစီးမှုက အဆီတစ် သျှူးများရှိ Betatrophin ပရိုတင်းဓာတ်ထုတ်လုပ်မှုကို ပိုများလာစေ အောင် လုပ်ဆောင်ကြောင်း သုတေသီများက လေ့လာတွေ့ရှိခဲ့ သည်။

Betatrophin ပရိုတင်းဓာတ်ထုတ်လုပ်မှု ပိုများလာပါက အဆီ ချေဖျက်ပေးသော အင်ဇိုင်းများကို တိုက်ခိုက်သောကြောင့် အဆီချေဖျက်နိုင်မှုဆိုင်ရာ စွမ်းရည်နှင့် ကိုယ်အလေးချိန်လျှော့ချနိုင်မှု စွမ်း ရည်များ လျော့ပါးသွားကြောင်း သိရသည်။

လူသားများ၏ ခန္ဓာကိုယ်တွင် အဆီဇီဝဖြစ်ပျက်မှုကို Betatr-ophin ပရိုတင်းဓာတ်က လွှမ်းမိုးပုံကို သိရှိနိုင်ရေး နောက်ထပ်လေ့ လာမှုများ ပြုလုပ်မည်ဟု သုတေသီများက ပြောသည်။

ယခုလေ့လာမှုကို BBA Molecular and Cell Biology of Lipids ဂျာနယ်တွင် ဖော်ပြထားသည်။

Credit : 7 Day Daily

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top