iMyanmarHouse.com - Best Property Website for Myanmar
×

(၁) စာဖတ်ပါ
ဝါသနာ ပါသည်ဖြစ်စေ မပါသည် ဖြစ်စေ စာကိုဖတ်ကို ဖတ်ရပါ့မယ်။ စာဖတ်ခြင်းသည် မိမိ၏ အတွေးအခေါ် အယူအဆ များကို ပြောင်းလဲနိုင် ရုံသာမကဘဲ မိမိဘဝကိုပါ ပြောင်းလဲစေနိုင်ပါတယ်။

(၂) အိမ်မူကိစ္စလုပ်ပါ
မိမိမှာ အလုပ်မရှိဘူးဆိုပြီး အိပ်လိုက် စားလိုက်အချိန်တိုင်း လုပ်နေမယ့်အစား အိမ်မူကိစ္စတွေကို ဝိုင်းကူလုပ်ပေးခြင်းဖြင့် ပိုနေတဲ့ အချိန်တွေကို တန်ဖိုးရှိပါလိမ့်မယ်။ ပြီးတော့ အိမ်မူကိစ္စနဲ့ ပက်သက်တဲ့ အတွေ့အကြုံတွေကို ရရှိစေပါလိမ့်မယ်။

(၃) အားကစား တစ်ခုခု လိုက်စားပါ
ညနေဘက် ဘောလုံးကစားတာ ဖြစ်ဖြစ်၊ ရေကူးတာ ဖြစ်ဖြစ်၊ Gym ဆော့တာဖြစ်ဖြစ် မိမိနှစ်သက်ရာ အားကစားတစ်မျိုးကို လုပ်ခြင်းဖြင့် မိမိ၏ ပိုနေတဲ့ အချိန်တွေကို အကျိုးရှိပါလိမ့်မယ်။

(၄) မိမိဝါသနာ ပါတဲ့ အလုပ်ကို စမ်းသပ်လုပ်ကြည့်ပါ
မိမိက ဒီဇိုင်း ဝါသနာ ပါတယ်ဆိုရင် ဒီဇိုင်းများကို စမ်းသပ်ဆွဲနိုင်ပါတယ်။ အကယ်၍ မိမိက စာရေးတာ ဝါသနာပါတယ်ဆိုရင် စာများကို စမ်းသပ်ရေးသား နိုင်ပါတယ်။ ထိုနည်းတွေက အချိန်တွေကို
တန်ဖိုးရှိပါလိမ့်မယ်။

Credit : yoyarlay

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top