iMyanmarHouse.com - Best Property Website for Myanmar
×

ဗီတာမင်ဒီဖြည့်စွက်ဆေးများကို အရိုးကျိုးခြင်းကာကွယ်ရန်နှင့် အရိုးများ သန်မာစေရန် သက်ကြီးရွယ်အိုများ အသုံးပြုကြသော်လည်း ဗီတာမင်ဒီပမာဏ အနည်းငယ်သာ သောက်သုံးသူများ လဲကျမှုပိုနည်းပြီး အရိုးကျိုးနိုင်မှုကို ပိုမိုကာကွယ်နိုင်ကြောင်း လေ့လာမှု အသစ်တစ်ခုက ဖော်ပြသည်။

ဗီတာမင်ဒီဖြည့်စွက်ဆေးပမာဏ မြင့်မားစွာ သောက်သုံးသူများ လဲကျမှုပိုများကြောင်း ဇူးရစ်ဆေးတက္ကသိုလ်က ပြုလုပ်ခဲ့သည့် လေ့လာမှုအရ သိရသည်။ဗီတာမင်ဒီပမာဏ ပိုမိုစားသုံးခြင်းကြောင့် အကျိုးကျေးဇူးများ ပိုလာမည်ဟု မိမိတို့ မျှော်လင့်ထားခဲ့သော်လည်း သောက်သုံးသူ အနည်းငယ်သာ အကျိုးကျေးဇူးအများဆုံးရရှိကြောင်း လေ့လာ တွေ့ရှိခဲ့သည်ဟု ဇူးရစ်ဆေးတက္ကသိုလ်မှ ဒေါက်တာဟိုက်ကီဘစ် ရှော့ခ်ျဖာရာရီက ပြောသည်။

ယခုလေ့လာမှုတွင် အသက်(၇၀)ကျော် အမျိုးသား၊ အမျိုး သမီး ၂၀၀ ဦးပါဝင်ပြီး ဗီတာမင်ဒီပမာဏ တိုက်ကျွေးမှုအနည်းအများကိုလိုက်၍ အုပ်စုသုံးစုခွဲကာ တစ်နှစ်ကြာလေ့လာခဲ့ခြင်းဖြစ်သည်။

ယင်းလေ့လာမှုအရ ဗီတာမင်ဒီပမာဏအများဆုံးသောက်သုံး သော အုပ်စုတွင် ပါဝင်သူများ၏ ၆၆ ဒသမ ၉ ရာခိုင်နှုန်းနှင့် အခြား ဗီတာမင်သောက်သုံးသော အုပ်စုမှ ၆၆ ဒသမ ၁ ရာခိုင်နှုန်းသည် လဲကျမှုများနှင့် ကြုံတွေ့ရပြီး ဗီတာမင်ဒီပမာဏအနည်းငယ်သာ သောက်သုံးသော အုပ်စုမှ ၄၇ ဒသမ ၉ ရာခိုင်နှုန်းသာ လဲကျမှုများနှင့် ကြုံတွေ့ရကြောင်း သိရသည်။

သို့သော် လူနာများအတွက် ဗီတာမင်ဒီပမာဏလက်ခံရရှိမှု ပိုများလာအောင် အစားအစာများ ပြောင်းလဲစားသောက်ခြင်းမှာ အကောင်းဆုံးနည်းလမ်းဖြစ်ကြောင်း သုတေသီများကပြောသည်။

သို့သော် ဗီတာမင်ဒီဖြည့်စွက်ဆေးများ သောက်သုံးမှုနှင့်ကျန်းမာရေးအခြေအနေတို့ကြား ဆက်စပ်မှုများကို ဆက်လက်လေ့လာမှုများပြုလုပ်ရန် လိုအပ်သည်ဟု သုတေသီများက ပြောကြားသည်။

Credit : 7day Daily

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top