iMyanmarHouse.com - Best Property Website for Myanmar
×


ရေဓာတ်ဖြည့်ပေးခြင်း



အစာခြေဖျက်ခြင်း



Credit : Trend Myanmar



Unicode Version

မနက်ခင်း ပုံမှန်အလေ့အကျင့်တွေဆိုတာ တစ်နေ့တာ ကောင်းမွန်စွာ စတင်ခြင်းအတွက် အရေးကြီးဆုံး အချက်တွေထဲက တစ်ခု ဖြစ်ပါတယ်။ မနက် ဆားငံရည်သောက်ခြင်းက သင့် ပုံမှန် အလေ့အကျင့်တစ်ခု မဟုတ်သေးဘူးဆိုရင် ပြောင်းလဲဖို့ အချိန်ရောက်ပါပြီ။

ရေဓာတ်ဖြည့်ပေးခြင်း
ရေများများ သောက်မယ်ဆိုရင် ရေသန့်ထက် ဆားဖျော်ရည်သောက်ပေးတာ ပိုကောင်းပါတယ်။ ရေသန့်က တခါတလေ ခန္ဓာကိုယ်ကို ရေနဲ့ပဲ ပြည့်နေစေတတ်ပါတယ်။ ဒါ့ကြောင့် ဆားရည်ကို အနည်းဆုံး တစ်နေ့ (၁) ကြိမ်သောက်ပေးတာ ပိုကောင်းပါတယ်။

အရိုးအဆစ်ကျန်းမာခြင်း
သတ္တုဆားအယ်လ်ကာလိုင်းက အရိုးအဆစ်ကျန်းမာရေးကို အထူးသဖြင့် အရိုးပွရောဂါ ပြသနာရှိသူတွေမှာ အပြုသဘောဆောင်တဲ့ အကျိုးသက်ရောက်မှု ရှိပါတယ်။

အိပ်မပျော်နိုင်ဖြစ်ခြင်း
အိပ်မပျော်ရောဂါ ပြသနာရှိပါက ဆားရည် တစ်နေ့ (၁) ခွက်က ဒီပြသနာကို ဖြေရှင်းပေးပါ လိမ့်မယ်။ သတ္တုဆားရည်က စိုးရိမ်ထိတ်လန့်မှုကို သက်သာစေပါတယ်။

အစာခြေဖျက်ခြင်း
အစာခြေဖျက်မှု ပြသနာ ရင်ဆိုင်နေရပါက ဆားရည် တစ်နေ့ (၁) ခွက်က အဲဒီပြသနာကို အဆုံးသတ် ပေးပါလိမ့်ပါမယ်။ ဆာငံရည်က အစာခြေလမ်းကြောင်း အားကောင်းစေတဲ့ အင်ဇိုင်းတွေ လှုံ့ဆော်တက်ကြွစေပါတယ်။ မနက်တိုင်း ဆားရည်နွေးနွေးလေး (၁) ခွက်သောက်ပေးပါ။ အချိန်တိုအတွင်း အကျိုးကျေးဇူးတွေ မြင်တွေ့ပါလိမ့်မယ်။

အသားရေကောင်းမွန်ခြင်း
မနက်တိုင်း ဆားရည်နွေးနွေးလေး သောက်ပေးခြင်းက အသားရေ နူးညံ့ရွန်းပစေပြီး အရင်ထက် ပိုမိုကြည်လင်တောက်ပြောင်စေမှာ ဖြစ်ပါတယ်။

အဆိပ်အတောက်ဖယ်ရှားပေးခြင်း
ရေ (၁) ခွက်မှာ ဘက်တီးရီးယား နိမ်နင်းတဲ့အရာတွေ အလုံအလောက် ပါဝင်ပါတယ်။ ဆားငံရည်က အဆိပ်အတောက်တွေ ဖယ်ရှားပြီး ခန္ဓာကိုယ်အတွက်  အန္တရာယ်ဖြစ်စေသော မလိုလားအပ်သည့် ဘက်တီးရီးယားတွေ ဖယ်ထုတ်ပေးပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top