iMyanmarHouse.com - Best Property Website for Myanmar
×

ချွန်မြတဲ့ ဒေါက်တွေနဲ့ ဖိနပ်လှလှလေးတွေက ဆွဲဆောင်မှုလည်း ရှိနေသလို စီးထားတဲ့ အမျိုးသမီးကိုပါ လှပဝံ့ကြွားစေပါတယ်။ ဒေါက်ဖိနပ်စီခြင်းကြောင့် ကောင်းကျိုးတွေလည်း ရနိုင်သလို ကျန်းမာရေးဘက်ကကြည့်ရင် ဆိုးကျိုးတွေလည်း ရှိနေပြန်ပါတယ်။ ဒါကြောင့် ဒေါက်မြင့်ဖိနပ်ကို ကြိုက်တယ်ဆို ခြေထောက်တွေကို အထူးဂရုစိုက်ဖို့ လိုပါလိမ့်မယ်။

၁။ ခြေဖျားထောက်ထားသလို ဖြစ်နေလို့ ခြေဖဝါးတွေ နာကျင်ရပါတယ်။

၂။ ဒေါက်ဖိနပ်ကြောင့် သင့်ရဲ့ ခြေကျင်းဝတ်တွေ အရှေ့ဘက်ကို ကွေးသွားနိုင်ပါတယ်။

၃။ နောက်ကျောဘက် နာကျင်မှုကိုလည်း ခံစားရနိုင်လို့ ဒေါက်ဖိနပ်နဲ့ အကြာကြီး မတ်တပ်မရပ်မိပါစေနဲ့။

၎။ ခန္ဓာကိုယ်ထဲက အဆစ်တွေထဲမှာ အကြီးဆုံးဖြစ်တဲ့ ဒူးအဆစ်ကိုလည်း ထိခိုက်စေပါတယ်။

၅။ ခြေသလုံးကြွက်သားတွေ နာကျင်မှုကို ခံစားရပြီး သွေးကြောမျှင်ငယ်လေးတွေ ပြတ်ထွက်သွားနိုင်ပါတယ်။

၆။ ဒေါက်ဖိနပ်ကို သေသေချာချာ မစီးရင် ကျောရိုးမကြီး ကောက်သွားနိုင်ပြီး လက်ပြင်ကုန်းသွားတတ်ပါတယ်။

Credit : Duwun

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top