iMyanmarHouse.com - Best Property Website for Myanmar
×

လူသားအချင်းချင်း တွေ့တွေ့ချင်းမှာပဲ ချစ်ကြည်ရင်းနှီးစေတဲ့ အရာက ပြုံးပြခြင်းဖြစ်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် တွေ့တဲ့အခါ အရင်ဆုံးပြုံးပြတာဟာ လူမှုဆက်ဆံရေးအတွက် ကောင်းဆုံး လက်နက်ပါ။

တစ်ခါတစ်ရံမှာ ပြုံးပြဖို့ ကျွန်တော်တို့ မေ့နေတက်ကြပါတယ်။ တစ်ခါတစ်ခါ စိတ်မကြည်လို့ ပြုံးမပြဖြစ်လိုက်တာမျိုးတွေ ရှိကောင်းရှိနိုင်ပါတယ်။ ဘာကြောင့် အမြဲတမ်းပြုံးရွှင်နေသင့်သလဲ ဆိုတဲ့ အကြောင်းပြချက် ၁၀ ခုရှိပါတယ်။

၁။ ပြုံးရယ်ခြင်းက သင့်ကို စွဲဆောင်မှု ပိုရှိစေပါတယ်။ အပြုံးဟာ သင့်ရဲ့ရုပ်ရည်ကို ပိုပြီး ကြည့်ကောင်းသွားစေပါတယ်။

၂။ ပြုံးခြင်းက လူကိုပိုပြီးပျော်ရွှင်လာစေပါတယ်။ အံ့သြမသွားပါနဲ့။ သင်ပြုံးလိုက်တဲ့အခါ စိတ်ကပိုပြီး ပျော်လာပါလိမ့်မယ်။

၃။ ကျန်းမာရေးအတွက်လည်း ကောင်းပါတယ်။ ခဏခဏ ပြုံးတဲ့အခါ သွေးဖြူဥတွေ များများထွက်လာပြီး သင့်အတွက် ခန္ဓာကိုယ် ဇီဝလည်ပတ်မှု ပိုအားကောင်းစေတယ်လို့ ဆိုပါတယ်။

၎။ ပြုံးခြင်းက သင့်ကို ခေါင်းဆောင်ကောင်းတစ်ယောက်အဖြစ် ပိုပြီးပီသစေပါတယ်။ ခေါင်းဆောင်ကောင်း ပီသစေတယ်ဆိုပေမယ့် ပြုံနေရုံနဲ့ပိုပြီး ထူးချွန်ထက်မြက်တဲ့ ခေါင်းဆောင် ဖြစ်မလာနိုင်ပါဘူး။

၅။ သူစိမ်းတွေနဲ့ စတွေ့တွေ့ချင်း ပြုံးပြချင်းဟာ သင့်ရဲ့ ပုံပန်းသွင်ပြင်ကိုပိုပြီး ကြည့်ကောင်းစေပါတယ်။

၆။ ပိုပြီး ယုံကြည်မမှု ရှိလာစေပါတယ်။ တစ်စုံတစ်ဦးကို သင်ကမြင်တိုင်း ပြုံးပြတဲ့အခါ သင်တို့ကြားမှာ အပြန်အလှန် လေးစားမှု တည်ဆောက်ပြီးသား ဖြစ်သွားစေပါတယ်။

၇။ အပြုံးက ပိုက်ဆံမပေးရပါဘူး။ ပြုံးပြလိုက်ခြင်းကြောင့် အကျိုးယုတ်လျော့သွားတယ်ဆိုတာ မရှိပါဘူး။ ပူဆွေးနေတဲ့ သူတစ်ယောက်ကို အချိန်အခါကြည့်ပြီးတောင် သင်ပြုံးပြနိုင်ပါတယ်။

Credit : duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top