iMyanmarHouse.com - Best Property Website for Myanmar
×

(၁) ဘယ်သူကိုမှ အာရုံစိုက်သတိထားနေစရာမလိုတော့ အဝတ်အစားကို ကိုယ်ကြိုက်တာ ဝတ်လို့ရတယ်။ သက်သောင့်သက်သာဖြစ်တာတွေပဲ ရွေးဝတ်ဖြစ်တယ်။

(၂) မိုးလင်းက မိုးချုပ် ကိုယ့်အချိန်တွေမို့ ကိုယ်ကြိုက်သလို စီမံခန့်ခွဲရုံပါပဲ။

(၃) ကိုယ်ကြိုက်သလို စီမံခန့်ခွဲထားတာတော့ မလုပ်မနေရကြီးလို ဒီအစီစဉ်တွေကို လိုက်နာနေစရာမလိုဘူး။

(၄) ကိုယ်ကြိုက်တာ ကိုယ်စားလို့ရတယ်။

(၅) အစီစဉ်ဆွဲထားပြီးမှ မလုပ်ဖြစ်ဘူးလို့ သူငယ်ချင်းတွေက ဖုန်းဆက်လာရင်လည်း သိပ်မခံစားရတော့ဘူး။

(၆) ညဘက်တော်တော်များများဟာ အိမ်မှာပဲ ရှိတယ်။

(၇) ဒါပေမဲ့ သူငယ်ချင်းတွေနဲ့ နေရတာဟာလည်း ပုံစံတစ်မျိုးနဲ့ နှစ်သက်စရာ ကောင်းပါတယ်။

(၈) အုပ်စုလိုက် ခရီးထွက်တာမျိုးတွေဘာတွေက ကိုယ်နဲ့ သိပ်အံမဝင်ပါဘူး။

(၉) သူတို့ဘေးနားမှာ လူတစ်ယောက်ယောက် အမြဲရှိနေမှ နေတတ်တဲ့လူတွေက သင့်ဘေးနားမှာ မရှိပါဘူး။

(၁၀) ကားစီးရင်လည်း သီချင်းနားထောင်၊ဖုန်းပြောနဲ့ ပတ်ဝန်းကျင်ကို သိပ်ဂရုမစိုက်ဖြစ်ပါဘူး။

(၁၁) ကိုယ့်တွေးခေါ်ပုံကလည်း တခြားလူပေါ်မှီခိုမယ်ဆိုတဲ့ အတွေး နည်းပါးပါတယ်။

Credit : duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top