iMyanmarHouse.com - Best Property Website for Myanmar
×

အမေရိကမှ အိပ်စက်ခြင်းပုံစံနဲ့ နှောင့်ယှက်မှုဖြစ်စေခြင်းကို ကြည့်ရှုစစ်ဆေးတဲ့ အကျယ်တဝံ့ လေ့လာမှုတစ်ခုမှာ အမျိုးသား ၅၁% က တစ်ပတ် (၁) ကြိမ် အိပ်မရခြင်းဖြစ်နေတဲ့အချိန်မှာ အမျိုးသမီးများက ၅၇% နဲ့ အထွတ်အထိပ်မှာ ရှိနေပါတယ်။

ဒီလေ့လာတွေ့ရှိချက်များက အိပ်မပျော်နိုင်ဖြစ်စေတဲ့ ဟော်မုန်း အဆင့်ပြကိန်းအပြင် စိုးရိမ်ကြောင့်ကြမှု၊ စိတ်ကျရောဂါနဲ့ ဂနာမငြိမ်ဖြစ်ခြင်းတွေ ထည့်သွင်းစဉ်းစားတဲ့အခါ သိပ်အံ့အားသင့်စရာတော့ မဟုတ်ပါ။ မျက်စိကြောင်ဖြစ်ခြင်းမှာ ယောက်ျားနဲ့ မိန်းမ မတူညီမှုဖြစ်စေတဲ့ ကိန်းညွန်းတွေအားလုံး လိုက်ပေါင်းစစ်ကြည့်တဲ့အခါ ဒီလေ့လာမှုက ကောင်းစွာ နားလည်သဘော ပေါက်စေပါတယ်။

ရာသီလာခြင်းနဲ့ ကိုယ်ဝန်ဆောင်ခြင်း နှစ်ခုစလုံးက ပုံမှန်အိပ်စက်ချိန်က အနှောင့်အယှက် အဟန့်အတား ဖြစ်စေပါတယ်။ ဟော်မုန်းရော၊ စိတ်ခံစားချက်ပိုင်းဆိုင်ရာနှစ်ခုလုံး ဦးနှောက်အနားယူမှု အနှောင့်အယှက် ဖြစ်စေပါတယ်။ အမျိုးသမီးများရဲ့ ဟော်မုန်းသံသရာက အားလုံးမှာ အိပ်ရေးပျက်မှု ဖြစ်စေတာ ချည်းဖြစ်ပါတယ်။ အမျိုးသမီးအများစု လစဉ်ရာသီ အဆုံးသတ်ချိန်မှာ အိပ်ရေးပျက်ကြပြီး ကိုယ်ဝန်ဆောင် အမျိုးသမီးများကျတော့ အထူးသဖြင့် ကိုယ်ဝန်ကာလ ပထမလနဲ့ တတိယမြောက်လအတွင်း အိပ်မပျော်နိုင် ပိုဖြစ်ကြပါတယ်။

မိဘများရဲ့ အိပ်စက်ခြင်း ပုံစံပေါ် လေ့လာမှုများက အိမ်နေ မိခင်များ အိပ်မပျော်မှုဖြစ်နိုင်ခြေ ၇၄% ပိုများကြောင်း ဖော်ပြထားပါတယ်။ သွေးဆုံးမှုနဲ့ အတူ ဖြစ်လာတဲ့ ရုပ်ခန္ဓာပြောင်းလဲမှုများက အိပ်စက်မှုဟန့်တားတဲ့ အချက်တစ်ခုအဖြစ် အမြဲ ဖော်ပြထားပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top