iMyanmarHouse.com - Best Property Website for Myanmar
×

ဆိုရှက်နက်ဝက်ခ်တွေ ပေါ်လာပြီးတဲ့ နောက်ပိုင်းမှာ လူတွေဟာ အခြားလူတစ်ယောက်ရဲ့ အနေအထိုင် အမူအကျင့် စရိုက်ဘယ်လိုရှိမယ်ဆိုတာကို သူတို့တင်တဲ့ပို့စ်တွေကနေ ဆုံးဖြတ်လာကြပါတယ်။ ဒါ့အပြင် သင်ဟာ ဘယ်လိုလူမျိုး ဖြစ်မလဲဆိုတာကိုလည်း လူတွေက သင့်ပရိုဖိုင်းပုံကို ကြည့်ပြီး ခန့်မှန်းသုံးသပ်လာကြပါတယ်။ ဒါ့ကြောင့်လည်း အလုပ်တွေ ဘာတွေလျှောက်တဲ့အခါ ကိုယ်လျှောက်ထားတဲ့ ကုမ္ပဏီက တာဝန်ရှိသူတွေက ကိုယ့် ဖေ့စ်ဘွတ်ခ်ကို ၀င်ကြည့်ပြီး ဒီလူကို ခန့်သင့်သလား မခန့်သင့်သလားဆိုတာကိုတောင် ဆုံးဖြတ်လာကြတဲ့အထိပါပဲ။ ကဲ ကိုယ့်ဘာသာကိုယ် သိပ်မိုက်ပါတယ်လို့ ထင်နေတဲ့ ရေချိုးခန်းထဲ၊အိမ်သာမှန်ရှေ့က selfie ပရိုဖိုင်းပုံက သူများအတွက် စိတ်ပျက်စရာကြီးလို့ ထင်သွားစေတယ်ဆိုတာကိုရော ယုံနိုင်ပါ့မလား။ ဒီတော့ ဘယ်လိုပရိုဖိုင်းပုံမျိုးတွေကို လူတွေက ဘယ်လိုထင်မြင်ကြသလဲဆိုတဲ့ သုတေသနလေး တစ်ရပ်ကို ခုလို ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ သိပ်ဟော့တဲ့ ပရိုဖိုင်းပုံသင်က တင်ထားမယ်ဆိုရင်
သင်ဟာ ဆက်စီအရမ်းဖြစ်တဲ့ ပုံ၊ အဖော်အဟိုက်များတဲ့ ပုံ တင်ထားမယ်ဆိုရင် သင့်ကို လူတွေက မိုက်တယ်လို့ ထင်နိုင်ကောင်းပေမယ့် အများစုကတော့ ဒီ အမျိုးသမီးဟာ သူ့ပုံ Like များဖို့၊ သူ့ကို လူသိများဖို့ ကြိုးစားနေတာလို့ ထင်ကြပါလိမ့်မယ်။ သင်ဟာ အမျိုးသားတွေဆီက friend request တွေ ရလာနိုင်ပေမယ့် အမျိုးသမီးအများစုကတော့ သင့်ကို လျစ်လျူရှုသွားပါလိမ့်မယ်။ သင်ဟာ အဖော်အချွတ်တွေ ပိုတင်လာမယ်ဆိုရင်တော့ အမျိုးသမီးအများစုက သင့်ကို ကူရာမဲ့ ကယ်ရာမဲ့ စိတ်ပျက်စရာ မိန်းမတစ်ယောက်လို့ လုံးဝထင်သွားပြီဆိုတာ သေချာပါတယ်တဲ့။

၂။ လုံးဝမရယ်မပြုံးတဲ့ပုံ ဒါမှမဟုတ် ဟားတိုက်ရယ်မောနေတဲ့ပုံ တင်ထားမယ်ဆိုရင်
သင်ဟာ ပရိုဖိုင်းပုံထဲမှာ ရုပ်တည်ဖြစ်နေမယ်။ ဒါမှမဟုတ် ပျော်ရွှင်မြူးတူးနေမယ်ဆိုရင် သင်ဟာ လုပ်ဖော်ကိုင်ဖက်ကောင်းတစ်ယောက် ဖြစ်မလာနိုင်ဘူးလို့ လူတွေက ထင်တတ်ကြပါတယ်။ သင့်အလုပ်က ဒီလောက် ပြုံးပျော်စရာကောင်းတဲ့ အလုပ် မဟုတ်ဘူးဆိုရင်တော့ သင် ဟားတိုက်ရယ်မောနေတဲ့ပုံက ကိုယ်နဲ့အလုပ်တွဲလုပ်မယ့် အလုပ်ခွင်က လူတွေကို အူကြောင်ကြောင်ဖြစ်စေပြီး လုံးဝမရယ်ပဲ ရုပ်တည်နေမယ်ဆိုရင်လည်း လက်တွဲလုပ်ကိုင်ဖို့ ခက်ခဲတဲ့လူလို့ ထင်သွားကြပြန်ပါတယ်တဲ့။

၃။selife ပုံတွေချည်းပဲ ပရိုဖိုင်းပုံတင်နေမယ်ဆိုရင်
Selfie ဆိုမှတော့ ကိုယ့်ပုံကိုယ်ပဲ ဦးစားပေးတဲ့ သဘောပေါ့။ ကိုယ့်ကိုကိုယ်သာ အရေးပါတဲ့သူ၊ အရေးကြီးတဲ့သူလို့ သတ်မှတ်ထားသူတွေဟာ selfie ပုံတွေချည်း ရိုက်တတ်သလို ပျင်းရိတဲ့သူ၊ ရည်မှန်းချက် သိပ်မထားတတ်တဲ့သူ၊စိတ်မူမမှန်တဲ့ လူလို့တောင် သတ်မှတ်ကြပါတယ်တဲ့။

၎။သင့် ပရိုဖိုင်းပုံဟာ နည်းနည်းလေးသာ ပြုံးထားတဲ့ပုံလေးဆိုရင်
သင်ဟာ အသားကုန် ပြုံးနေတာမျိုး မဟုတ်ပဲ နည်းနည်းလေးသာ ပြုံးထားတဲ့ပုံလေး ပရိုဖိုင်းပုံအဖြစ် တင်ထားမယ်ဆိုရင် သင်ဟာ ပျော်ရွှင်စွာနေတတ်သူ၊ ယုံကြည်စရာကောင်းတဲ့သူနဲ့ ရင်နှီးဖော်ရွေသူအဖြစ် သတ်မှတ်ကြပါလိမ့်မယ်။ လေ့လာမှုတွေအရ မျက်နှာအမူအရာကို အခြေခံပြီး တစ်ဖက်လူက ခံစားတတ်ကြတယ်လို့ ဆိုပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top