iMyanmarHouse.com - Best Property Website for Myanmar
×

Purpose အယ်လ်ဘမ်နဲ့ အောင်မြင်မှုတွေကို တစ်ဖန်ပြန်ရရှိနေတဲ့ Justin Bieber ဟာ Beverly Hills မြို့က Montage ဟိုတယ်အပြင်မှာ ဆေးလိပ်သောက်နေတဲ့ ပုံတွေကို ပါပရာဇီတွေက အမိအရ ဓာတ်ပုံတွေရိုက်ကူးနိုင်ခဲ့ပါတယ်။

ဒီဓာတ်ပုံတွေ ထွက်လာခဲ့ပြီး မကြာခင်မှာပဲ
Justin Bieber ကတော့ သူဟာ ၂၀၁၆ ခုနှစ်အတွင်းမှာ ဒီလို ဆေးလိပ်သောက်တတ်တဲ့ အကျင့်ဆိုးကို ဖျောက်ဖျက်ပစ်တော့မှာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

" ကျွန်တော်ဆေးလိပ်ဖြတ်သွားတော့မှာပါ။ ကျွန်တော် ဆေးလိပ်ဖြတ်ဖို့ကို ကြိုးစားလုပ်ဆောင်ချင်ပါတယ်။ ဒီအကျင့်က ကျန်းမာရေးနဲ့ မညီညွတ်ဘူးလေ " လို့ Bieber က ပြောခဲ့တာပါ။ နောက်ထပ်အင်တာဗျူးတစ်ခုမှာလည်း Bieber ကတော့ " ကျွန်တော်ဆေးလိပ်ဖြတ်တော့မယ်လေ။ ဘာလို့လည်းဆိုတော့ ဆေးလိပ်သောက်တဲ့သူတစ်ယောက်ကို လူတွေက လူဆိုးတစ်ယောက်လို့ မြင်တတ်လို့ပဲ " လို့ ထပ်ပြီးဖြေကြားခဲ့တာကို တွေ့ရပါတယ်။

Bieber ဟာဆိုရင်တော့ ဆေးလိပ်သောက်ပြီးတဲ့ ညပိုင်းမှာတော့  Sean Penn ရဲ့ ဟေတီပြန်လည်ထူထောင်ရေးအခမ်းအနားမှာ ရန်ပုံငွေရှာဖွေသူအဖြစ် Madonna, Leonardo DiCaprio, OIivier Martinez တို့လို နာမည်ကျော်တွေနဲ့ အတူရှိနေခဲ့တယ်လို့ သိရပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top