iMyanmarHouse.com - Best Property Website for Myanmar
×

 ဖေဖော်ဝါရီ ၁၄ ရက် တွင် ပြုလုပ်မည့် ဗယ်လင်တိုင်းမ်နေ့ ဖျော်ဖြေပွဲမှအစပြု၍ အနုပညာလှုပ်ရှားမှုများ ဆက်တိုက်ပြန် လည်ပြုလုပ်ရန် အစီအစဉ်ရှိ ကြောင်း ဟစ်ဟော့ပ်အဆိုတော် X Box က ပြောသည်။

‘‘သီချင်းသစ်တစ်ပုဒ်လောက်ပရိုမိုးရှင်းဆင်းချင်တယ်။ ကျန် တာကတော့ သီချင်းအဟောင်း တွေကိုပဲ ပရိသတ်ကို နွှေးတဲ့သ ဘောနဲ့ ဖျော်ဖြေမယ်။ မိနစ် နှစ် ဆယ်စာလောက်ကို အရင်နဲ့မတူ တဲ့ ပုံစံနဲ့ စင်ပေါ်ပြန်တက်မှာပါ’’ ဟု ၎င်းက ပြောသည်။

အဆိုပါဖျော်ဖြေပွဲကို ဖေ ဖော်ဝါရီ ၁၄ ရက်တွင် ကန်တော်ကြီး မျှော်စင်ကျွန်း၌ ပြုလုပ်မည်ဖြစ်ပြီး  လွှမ်းပိုင်၊  ရဲရင့်အောင်၊ ရွှေထူး၊ X Box ၊ ထက်ယံ၊ Lil-Z ၊G-Fatt ၊ မိစန္ဒီ နှင့် Bobby Soxer တို့ ပါဝင်သီဆိုမည်ဖြစ်သည်။

ပြီးခဲ့သည့် နှစ်အတွင်းက မူး ယစ်ဆေးဝါးအမှုနှင့် ပတ်သက်၍ တရားစွဲဆိုခံခဲ့ရသော်လည်း အ ပြစ်မရှိသောကြောင့် လွတ်မြောက် ခဲ့ခြင်းဖြစ်သည်ဟု X Box က ပြောကြားသည်။

‘‘ဒီလိုကိစ္စတွေ လူငယ်တွေ မကြုံရအောင် သတိပေးဖို့ပဲရှိပါ တယ်။ ကျွန်တော်ကိုယ်တိုင်လည်းနောက်ထပ်မကြုံရအောင် သတိ ထားရမှာပေါ့’’ဟု အဆိုပါကိစ္စနှင့် ပတ်သက်၍ ၎င်းက ပြောသည်။

အနုပညာလှုပ်ရှားမှုအဖြစ် တစ်ကိုယ်တော်အခွေကို ယခုနှစ်အတွင်း ထွက်ရှိနိုင်ရန် ကြိုးစားမည်ဖြစ်ပြီး ဗယ်လင်တိုင်းမ်နေ့ဖျော်ဖြေပွဲမှ အစပြု၍ ဖျော်ဖြေပွဲများ ဆက်လက်သီဆိုမည်ဟု ၎င်းက ဆိုသည်။

‘‘အမှန်အတိုင်းပြောရရင် သင်္ကြန်ပြီးလောက် ကျွန်တော့်မွေး နေ့ပြီးမှ ပြန်ဆိုမလို့ပါ။ အချိန်တွေအရမ်းကြာသွားမှာစိုးတာနဲ့ ကျန် တာတွေကို ဘာမှဂရုမစိုက်တော့ တဲ့ စိတ်နဲ့ ဒီပွဲကနေစပြီး တောက် လျှောက်ပွဲတွေ လက်ခံပြီး အခွေ တွေလုပ်ဖို့ ဆုံးဖြတ်လိုက်တာပါ’’ ဟု X Box က ပြောသည်။ ၂၀၁၄ အတွင်း X Box သည် ရွှေထူး၊ ထက်ယံ ၊ Lil Z တို့နှင့် တွဲ၍ '4' အမည်ရှိ စီးရီးထွက်ရှိထားသည်။

Credit : 7 Day Daily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top