iMyanmarHouse.com - Best Property Website for Myanmar
×

YG Entertainment ဟာ မင်းသား ဂန်ဒုန်ဝန်း ပြည်ပမှာ အောင်မြင်မှုရရှိအောင် ကူညီပံ့ပိုးပေးမယ့် အဖွဲ့တစ်ဖွဲ့ကို ဖွဲ့ဖို့ လူစုနေတယ်လို့လည်း သိရပါတယ်။

နာမည်ကြီး တောင်ကိုရီးယား အဆိုတော်တွေနှင့် သရုပ်ဆောင်တွေဖြစ်တဲ့ BIGBANG ၊ PSY ၊ ချာဆုန်ဝန်း (Cha Seung Won) နှင့် ချွာဂျီဝူး (Choi Ji Woo) အစရှိတဲ့ နာမည်ကြီး အနုပညာရှင်ကို စာချုပ်ချုပ်ဆိုထားတဲ့ YG Entertainment အခုအခါမှာတော့ မင်းသား ဂန်ဒုန်ဝန်း (Gang Dong Won) ကို ဒီနေ့ စာချုပ် ချုပ်ဆိုနိုင်ခဲ့ပါတယ်။

YG Entertainment မှ ဂန်ဒုန်ဝန်းကို YG သို့ ကြိုဆိုပါကြောင်းနှင့် ပျော်ရွှင်စရာကောင်းတဲ့ မွေးနေ့လေးဖြစ်ပါစေလို့ ရေးသားထားတဲ့ အထိမ်းအမှတ် ဓါတ်ပုံလေးတစ်ခု ဖန်တီးပြုလုပ်ပြီး သူရဲ့မွေးနေ့မှာ အခုလို အမှတ်တရဖြစ်အောင် လုပ်ပေးခဲ့တာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် YG Entertainment ဟာ မင်းသား ဂန်ဒုန်ဝန်းတစ်ယောက် ပြည်ပမှာ အောင်မြင်မှုရရှိအောင် ကူညီပံ့ပိုးပေးမယ့် အဖွဲ့တစ်ဖွဲ့ကို ဖွဲ့ဖို့ လူစုနေတယ်လို့လည်း သိရပါတယ်။ သူရဲ့ ဇာတ်ကားသစ်ဖြစ်တဲ့ “A Violent Prosescutor” ဟာ နောက်လ စတင် ပြသ တော့မှာပါ။

Credit : Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top