iMyanmarHouse.com - Best Property Website for Myanmar
×

သူတို့နှစ်ယောက်ကတော့ အမြဲတမ်း တတွဲတွဲပါပဲ။ တေလာဆွစ်နဲ့ ဆယ်လီနာဂိုးမက်ဇ်တို့ကို ကြည့်လိုက်တိုင်း အမြဲတမ်းအတူတူ ရှိနေကြတာ တွေ့ရမှာပါ။ ခုလည်း သူငယ်ချင်းနှစ်ယောက်က gym အတူသွားခဲ့ပါတယ်။

တနင်္လာနေ့ ညနေပိုင်းက gym တစ်ခုရှေ့မှာ အားကစားဝတ်စုံကိုယ်စီဝတ်ပြီး ချွေးလေးတစိုစိုနဲ့ သူတို့နှစ်ယောက်ကို တွေ့ခဲ့ရတယ်လို့ သတင်းဌာနတွေက ပုံနဲ့တကွ ရေးသားဖော်ပြထားကြပါတယ်။ မျက်နှာပေါ်မှာ မိတ်ကပ်မပါတဲ့ တေလာဆွစ်က ဆံပင်လေး ဖို့ယို့ဖားယားနဲ့ မြင်ရပြီး ဆယ်လီနာကတော့ ပန်းရောင်ခါးတိုအင်္ကျီလေးနဲ့ လှနေခဲ့တာပါ။

အချစ်ဆုံး သူငယ်ချင်းနှစ်ယောက်ဖြစ်တဲ့ တေလာနဲ့ ဆယ်လီနာတို့ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းလေးကတင် ချုံပုတ်တစ်ခုထဲက ထွက်လာဟန် ဓာတ်ပုံတစ်ပုံ ရိုက်ခဲ့ကြပါသေးတယ်။ ပုံကိုတော့ တေလာက " Are we out of the wood yet? " လို့ သူမရဲ့ လူမှုကွန်ရက်အကောင့်တွေမှာ ဖော်ပြခဲ့ပြီး ဆယ်လီနာကတော့ " Are we in the clear yet? " လို့ သူမရဲ့ အင်စတာဂရမ်မှာ ရေးခဲ့တာဖြစ်ပါတယ်။

Credit : duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top