iMyanmarHouse.com - Best Property Website for Myanmar
×

အရက်ကြောင့် အသည်းပျက်စီးမှာ စိုးရိမ်နေရတဲ့ ယမကာလုလင်တွေအတွက် သတင်းကောင်းလို့ ဆိုရမယ့် လေ့လာချက်အသစ်တစ်ခု ပေါ်ထွက်လာပါတယ်။ အရက်ကြောင့် အသည်းပျက်စီးခြင်းကို ကော်ဖီက ကာကွယ်ပေးနိုင်တယ်ဆိုတာကို သုတေသီတွေက အတည်ပြုလိုက်ပါတယ်။

တစ်နေ့ကို ကော်ဖီနှစ်ခွက် သောက်ခြင်းအားဖြင့် အသည်းအရွတ်ရောဂါ ဖြစ်ပွားခြင်းကို ၄၄ ရာခိုင်နှုန်းအထိ ကာကွယ်ပေးနိုင်တယ်လို့ ဆိုပါတယ်။ ဒါဟာ အသည်းရောဂါ ဖြစ်နိုင်ချေကို တစ်ဝက်နီးပါး လျှော့ချပေးနိုင်တယ် ဆိုတဲ့ သဘောပါပဲ။ လူပေါင်း ၄၃၀၀၀၀ ကျော်ကို လေ့လာဆန်းစစ်ချက်အရ သုတေသနအဖြေ ကိုးခု ထွက်လာခဲ့ပါတယ်။ ကော်ဖီပုံမှန် သောက်သုံးခြင်းဟာ အသည်းရောဂါ ဖြစ်လာနိုင်ချေကို တိုက်ဖျက်ပေးနိုင်တယ် ဆိုတာကို အတည်ပြုနိုင်ခဲ့ကြောင်း ဆောက်သမ်တန် တက္ကသိုလ်က ဒေါက်တာအိုလီဗာ ကပြောပါတယ်။

တစ်နေ့ကို ကော်ဖီသုံးခွက် သောက်မယ်ဆိုရင် အသည်းရောဂါ ဖြစ်ပွားနိုင်ချေကို ၅၇ ရာနှုန်းအထိ ကာကွယ်ပေးနိုင်ပြီး လေးခွက်သောက်မယ်ဆိုရင်တော့ ၆၅ ရာနှုန်းအထိ ကာကွယ်ပေးနိုင်မယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ခန္ဓာကိုယ်အတွက် အသင့်တော်ဆုံးက တစ်နေ့ကော်ဖီဘယ်နှခွက်သောက်ရမယ်ဆိုတာနဲ့ ဘယ်လို ကော်ဖီအမျိုးအစားက ပိုကောင်းမွန်သလဲ ဆိုတဲ့အဖြေကိုတော့ မထုတ်နိုင်သေးပါဘူး။

Credit : duwun

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top