iMyanmarHouse.com - Best Property Website for Myanmar
×

လတ်တလော ပြုလုပ်ထားတဲ့ လေ့လာမှု တစ်ခုအရ သီချင်းတွေကို ကျယ်လောင်စွာ ဖွင့်ထားခြင်းဟာ စုံတွဲတွေကြားမှာ ချစ်တင်းနှောခြင်း အကြိမ်ရေ ပိုများလာစေနိုင်တယ်လို့ ဖော်ပြထားပါတယ်။

ဒီလေ့လာမှုကိုတော့ WiFi နဲ့ချိတ်ဆက်ရတဲ့ အသံထွက်စနစ်တွေပြုလုပ်တဲ့ ကုမ္မဏီ Sonos နဲ့ Apple ကုမ္မဏီတို့က ထောက်ပံ့ထားတာပဲ ဖြစ်ပါတယ်။ လေ့လာမှုမှာတော့ ကမ္ဘာတစ်ဝှမ်းက မိသားစု ၃၀ ခန့်ကို သူတို့ရဲ့ နေ့စဉ် နေထိုင်မှုပုံစံအတိုင်း သီချင်းသံ ကျယ်လောင်စွာဖွင့်လှစ်ခြင်းမရှိပဲ တစ်ပတ်ခန့် စောင့်ကြည့်ခဲ့ပါတယ်။

သူတို့ရဲ့ အိမ်တွေမှာတော့ Apple ရဲ့  iBeacons ကိရိယာတွေတပ်ဆင်ပြီး မိသားစုဝင်တွေ အချင်းချင်း ထိကပ်မှု အခြေအနေကို စောင့်ကြည့်ခဲ့သလို စမတ်နာရီတွေ ၀တ်ဆင်စေပြီးတော့လည်း နှလုံးခုန်နှုန်းတွေ ကို စောင့်ကြည့်ခဲ့ပါတယ်။ အဲဒီအခါမှာတော့ သီချင်းသံ မကြားရတဲ့အခါ မိသားစုဝင်တွေဟာ အခန်းတစ်ခန်း ထဲ အတူရှိနေသည့်တိုင် တစ်ယောက်နဲ့တစ်ယောက် မျက်လုံးချင်းဆုံဖို့ ၊ စကားပြောဖြစ်ဖို့ ရှားပါးနေခဲ့တာကိုတွေ့ရပါတယ်။

ဒုတိယ ရက်သတ္တပတ်မှာတော့ ထိုနေအိမ်တွေမှာ Sonos အသံထွက်စနစ်တွေတပ်ဆင်ပေးပြီး Apple Music ကို ဖွင့်လှစ်ပေးခဲ့ပါတယ်။ ဒီလို စမ်းသပ်တဲ့အခါမှာတော့ မိသားစုဝင်တွေဟာ အတူတကွ ရယ်မောကြခြင်း ၊ သီချင်းဆိုခြင်း ၊ ကခုန်ခြင်း စတာတွေကို ဗီဒီယိုမှတ်တမ်းတွေက တစ်ဆင့်တွေ့ခဲ့ရပါတယ်။ သီချင်းသံ ကိုကျယ်လောင်စွာ ဖွင့်လိုက်တဲ့အခါမှာတော့ မိသားစုဝင်တွေဟာ အတူတကွ အချိန်ဖြုန်းမှု ၁၃ ရာခိုင်နှုန်း ပိုမို တွေ့ခဲ့ရပြီး တစ်ယောက်နဲ့တစ်ယောက် နီးနီးကပ်ကပ်နေထိုင်မှုဟာလည်း ၂၀ ရာခိုင်နှုန်း ပိုများလာတာကိုတွေ့ရပါတယ်။ တိုးတက်မှု အရှိဆုံးကတော့ ချစ်တင်းနှောမှု အကြိမ်ရေ တိုးလာတာပါပဲ။ သီချင်းသံ ကျယ်လောင်စွာဖွင့်ထားတဲ့အခါမှာ ချစ်တင်းနှောတဲ့ အကြိမ် အရေအတွက် ဟာ ၆၇ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့တာကို တွေ့ရပါတယ်။

ဒါဟာ တေးဂီတတွေရဲ့  ဦးနှောက်အပေါ်သက်ရောက်မှု တစ်ခုပါပဲ။အရင်တုန်းကပြုလုပ် ခဲ့ဖူးတဲ့ သုတေသနအရလည်း တေးဂီတဟာ ဒိုပါမိုင်း နဲ့ အောက်ဆီတိုဆင် တို့ကို ဖြစ်ပေါ်လာစေနိုင်တယ် လို့ ဖော်ပြခဲ့ဖူး ပါတယ်။ အောက်ဆီတိုဆင် ဟာ လူတွေနဲ့ ဆက်သွယ်ဖို့ ၊ သံယောဇဉ်ဖြစ်ဖို့ ၊ ရှောင်ကြဉ်ဖို့ အဓိက တာဝန်ရှိနေပါတယ်။ အောက်ဆီတိုဆင်ဟာ ကျွန်ုပ်တို့ရဲ့ လူမှု ပတ်ဝန်းကျင်က အကောင်းနဲ့ အဆိုးကို ခွဲခြား အသိပေးနိုင်တဲ့ ဟော်မုန်းတစ်မျိုးပဲဖြစ်ပါတယ်။

ဒီလေ့လာမှုဟာ Sonos စပီကာတွေမှာ Apple Music ကို အသုံးပြုနိုင်ကြောင်း ကြေညာချက်နဲ့အတူ ထွက်ပေါ်လာတာလည်းဖြစ်ပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top