iMyanmarHouse.com - Best Property Website for Myanmar
×

၁ - မျက်နှာကို မသုတ်ပါနဲ့

မျက်နှာသစ်ပြီးတဲ့အခါ မျက်နှာကို အလျင်စလို ကြမ်းကြမ်းတမ်းတမ်း သုတ်တာမျိုးမလုပ်ပါနဲ့။ အဝတ်နဲ့ပွတ်ပြီး သုတ်မယ့်အစား မျက်နှာကို ကပ်လိုက်ပြန်ခွာလိုက်လုပ်တာက ပိုကောင်းပါတယ်။

၂ - မျက်လုံးကို သတိထား
သင့်မျက်လုံးနားက အရေပြားဟာ ပိုမိုနုညံ့ပြီး ပါးလွှာပါတယ်။ ပိုဂရုစိုက်ဖို့လိုပါတယ်။ ကြမ်းတမ်းတဲ့ဆပ်ပြာတွေ၊ မျက်နှာသစ်ဆေးတွေနဲ့ ဒီနေရာကို တိုက်ရိုက်မဆေးပါနဲ့။

၃ - ရိုးရိုးရှင်းရှင်း
အရိုးရှင်းဆုံးက အကောင်းဆုံးပါ။ မျက်နှာကအဆီတွေ၊ ဖုန်မှုန့်နဲ့ အညစ်အကြေးတွေကို ဖယ်ရှားပေးမယ့် အပိုတွေမပါတဲ့ မျက်နှာသစ်ဆေးကို သုံးပါ။ ရိုးရိုးရှင်းရှင်းနဲ့ ဓာတုပစ္စည်းအပိုတွေမပါတဲ့ မျက်နှာသစ်ဆေးမျိုးဖြစ်ပါတယ်။

၎ - မလုပ်မနေရမဟုတ်
အပြင်လည်းမထွက်ဘူး မိတ်ကပ်လည်း မလိမ်းဘူးဆိုရင် မျက်နှာသစ်ဆေးတွေသုံးပြီး မျက်နှာသစ်စရာမလိုပါဘူး။ မျက်နှာကို တစ်နေ့နှစ်ခါလောက်ပဲသစ်တာ အကောင်းဆုံးပါ။

၅ - ရေနွေးနဲ့ရေအေး
ရေနွေးနဲ့သစ်ပေးတာ၊ ရေအေးအေးလေးနဲ့သစ်ပေးတာမျိုးလုပ်သင့်ပါတယ်။ ရေတအားနွေးရင်လည်း မကောင်းပါဘူး၊ မျက်နှာက ကျန်းမာရေးနဲ့ညီညွတ်တဲ့ သဘာဝဆီတွေကို မြန်မြန်ကြီးပျောက်ကွယ်သွားစေပါတယ်။

Credit : Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top