iMyanmarHouse.com - Best Property Website for Myanmar
×

အမျိုးသမီးတွေနဲ့ အလှအပဆို တာဟာ ခွဲလို့မရဘူးဆိုပေမယ့် အလှပြင်လေ့ပြင်ထမရှိတဲ့သူတွေ ပြင်ဆင်ထားတုန်း အရေးပေါ် ပြဿနာလေးတွေ ပေါ်လာတဲ့အ ခါ ဖြေရှင်းနိုင်ဖို့အတွက် နည်း လမ်းလေးတွေကို ဖော်ပြပေး လိုက်ပါတယ်။

မျက်တောင်တုကို ကော့ ဆေးတင်ရင်း ပေကျံတာမျိုးကြုံ ရင်တော့ အခြားပစ္စည်းတွေလိုက် ရှာနေတာထက် လိပ်စာကတ်ပြား လေးသာသုံးလိုက်ပါ။ လိပ်စာ ကတ်ပြား ထောင့်စွန်းလေးနဲ့ မျက်တောင်တုကို နည်းနည်းတွန်းတင် ပြီး ညှိလိုက်ရင် မျက်ကော့ဆေး တွေ မပေကျံအောင် ထိန်းထားပြီး သား ဖြစ်စေပါတယ်။

နှုတ်ခမ်းသားတွေခြောက်ပြီး အရေခွံကွာနေရင် နှုတ်ခမ်းနီဆိုး တဲ့အခါ မလှမပဖြစ်နိုင်တာမို့ သွားပွတ်တံကို ရေဆွတ်၊ နှုတ်ခမ်းသား ပေါ်ကိုလည်း အုန်းဆီလေးဆွတ် ပြီး သွားပွတ်တံလေးနဲ့ ညင်သာ သာပွတ်ပေးပြီး ရေနွေးနွေးလေးနဲ့ နှုတ်ခမ်းကိုဆေးကြောပါ။ နှုတ် ခမ်းအဆီလေးဆိုးပြီးမှ နှုတ်ခမ်းနီ ထပ်ဆိုးရင် နှုတ်ခမ်းသားလှလှ လေးဖြစ်စေမှာပါ။

အိုင်းရှဲဒိုး ဘယ်အရောင်ပဲ သုံးသုံး တောက်တောက်ပြောင် ပြောင်လေးဖြစ်နေအောင် အဖြူ ရောင်အိုင်းလိုင်နာက ကူညီနိုင် တယ်ဆိုတာ သိထားလိုက်ပါ။ ဆံ သားတွေ ဆီလိမ်းထားသလို ညစ် ထေးထေးဖြစ်နေချိန်မှာ ခေါင်း လျှော်ဖို့ အချိန်မရှိဘူးဆိုရင် ဘေ ဘီပေါင်ဒါသုံးလိုက်ပါ။ လက်ဖဝါးထဲကို ပေါင်ဒါထည့်ပြီး ဦးရေပြား ပေါ်ကို လက်ချောင်းထိပ်လေး တွေနဲ့ လိုက်ပွတ်တဲ့အခါ ပေါင်ဒါ ဟာ အဆီစုပ်ယူနိုင်စွမ်းရှိတာမို့ အရေးပေါ်အခြေအနေကို ကောင်းကောင်းဖြေရှင်းနိုင်မှာပါ။

မျက်တောင်လေးတွေ အ ချိန်အကြာကြီး ကော့နေစေဖို့အ တွက်ဆိုရင် မျက်တောင့်ကော့တဲ့ ပစ္စည်းလေးကို နွေးသွားရုံလေး လေမှုန့်စက်လေးနဲ့ ရှစ်စက္ကန့် လောက်အပူပေးပြီးမှ မျက်တောင်ကော့ကြည့်လိုက်ပါ။

မျက်တောင်ကော့ဆေးတွေ ခြောက်နေခဲ့ရင် မျက်ကပ်မှန်ဆေး ရည်လေးထည့်ပြီး သုံးကြည့်လို့ရ ပါတယ်။ အိုင်းလိုင်နာဆွဲတဲ့အခါ မှာ လက်မငြိမ်ဘဲ ပေကျံမှာစိုးရိမ် နေရင် ဇွန်းလေးတစ်ချောင်းယူပြီး လိုင်းဖော်ရင် သေချာပေါက်အ ဆင်ပြေမှာပါ။

မျက်လုံးအောက်တွေ ဖောင်းနေပြီး ကြည့်လို့မကောင်း ဖြစ်ရင်တော့ သောက်ပြီးသား လက်ဖက်ခြောက်အိတ်လေးကို ရေဆေး၊ ရေခဲသေတ္တာထဲမှာ ၁၀ မိနစ်လောက် အအေးခံပြီး ဖောင်း နေတဲ့နေရာတွေကို ကပ်ပေးနိုင် ပါတယ်။

တစ်နေကုန်မွှေးပျံ့နေချင် တယ်ဆိုရင် နှုတ်ခမ်းဆိုးဆေး တောင့်ကိုယူ ကိုယ်မွှေးစေချင်တဲ့ လည်ပင်း၊ လက်ကောက်ဝတ်၊ တံတောင်ဆစ် စတဲ့နေရာကို သုတ်လိမ်းပြီး အဲဒီပေါ်ကို ရေမွှေး ဆွတ်တဲ့အခါ အကြာကြီးမွှေးနေ စေမှာပါ။

Credit: 7 Day Daily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top