iMyanmarHouse.com - Best Property Website for Myanmar
×

ကိစၥျပီးတိုင္း သန္႔ရွင္းေရးလုပ္ၾကေသာ္လည္း နည္းစနစ္တက် ေဆးေၾကာပံု ၊ သန္႔ရွင္းပံုကိုေတာ့ ဘယ္ေနရာမွ မသင္ၾကားေပးၾကပါဘူး ။ လိင္ဆက္ဆံျပီးတိုင္း အမ်ိဳးသားေရာ အမ်ိဳးသမီးပါ သန္႔ရွင္းေရးျပဳလုပ္သင့္ပါတယ္ ။ ဒါ့ျပင္ အမ်ိဳးသားထက္ အမ်ိဳးသမီးေတြဟာ ပိုျပီး လိင္ပိုင္ဆိုင္ရာ ပိုးကူးစက္မႈ ဝင္ေရာက္တတ္ပါတယ္ ။ ဒီလိုမသန္႔ရွင္းမႈေၾကာင္ ့ေရာဂါျဖစ္လာလွ်င္လည္း ရွက္ဖြယ္ေကာင္းလွတာေၾကာင့္ မျဖစ္ခင္ ၾကိဳတင္ သတိထားျပီး ေဆာင္ရြက္သင့္ပါတယ္ ။ အမ်ိဳးသမီးမ်ားအေနနဲ႕ လိင္ဆက္ဆံျပီးတဲ့အခါတိုင္း မိမိရဲ႕ မိန္းမကိုယ္ကို ဘယ္လိုဂရုစိုက္သင့္တယ္ဆိုတဲ့ အခ်က္ေတြကို ေဖာ္ျပေပးသြားပါမယ္ ။

၁) ကိစၥျပီးတိုင္း ဆီးသြားပါ
အႏၱရာယ္ရွိတဲ့ မိန္းမကိုယ္ ဆီးလမ္းေၾကာင္း ပိုးဝင္ေရာက္မႈ မျဖစ္ေအာင္ အေကာင္းဆံုးနည္းလမ္းကေတာ့ လိင္ဆက္ဆံမႈျပီးတိုင္း ဆီးသြားျခင္းပါပဲ ။ လိင္ဆက္ဆံမႈအတြင္း ဘတ္တီးရီးယားေတြ မ်ားစြာ ဝင္ေရာက္နိုင္တာေၾကာင့္ ဆက္ဆံမႈျပီးဆံုးတိုင္း ဆီးသြားေပးျခင္းျဖင့္ ဘတ္တီးရီးယားေတြကို စြန္႔ထုတ္သလို ျဖစ္ေစပါတယ္။

၂) အေမႊးနံပါေသာ ဆပ္ျပာမသံုးပါနွင့္
အခ်ိဳ႕လူေတြဟာ လိင္ဆက္ဆံျပီးလွ်င္ ေခြ်းထြက္မ်ားေသာေၾကာင့္ ေရခ်ိဳးျခင္းျဖင့္ သန္႔စင္ၾကပါတယ္ ။ ေရခ်ိဳးျခင္းက ကိစၥမရွိေသာ္လည္း အမ်ိဳးသမီးအဂၤါကို ဆပ္ျပာတိုက္ျပီး သန္႔ရွင္းေရးလုပ္တာမ်ိဳးေတာ့ ေရွာင္ၾကဥ္ရပါလိမ့္မယ္ ။ အေမႊးနံပါတဲ့ ဆပ္ျပာေတြဟာ ဓါတုပစၥည္းေတြ မ်ားစြာပါဝင္ျပီး မိန္းမကိုယ္ အတြက္ ဘတ္တီးရီးယားပိုးမ်ား ျဖစ္ေစနိုင္ျခင္း ၊ မိႈေပါက္ဖြားနိုင္ျခင္း စတဲ့ ဆိုးက်ိဳးေတြကို ျဖစ္ပြါးေစနိုင္ပါတယ္ ။ အမ်ိဳးသမီးအဂၤါ ေဆးေၾကာသန္႔စင္မႈအတြက္ ေရသီးသန္႔ျဖင့္ ေဆးေၾကာနိုင္လွ်င္ပင္ လံုေလာက္မႈရွိေနပါျပီ ။ မျဖစ္မေန ဆပ္ျပာအသံုးျပဳလိုလွ်င္ေတာ့ အေမႊးနံ႔မပါေသာ ဆပ္ျပာကို အသံုးျပဳလို႔ရပါတယ္ ။

၃) ေျခာက္ေသြ႕မႈရွိပါေစ
အနံ႔နံျခင္း ၊ ယားျခင္း ၊ ၾကြက္နို႔ စသျဖင့္ မိန္းမကိုယ္အဂၤါမွာ ျဖစ္ေလ့ရွိတဲ့ ေရာဂါေတြဟာ မသန္႔ရွင္းမႈမွတဆင့္ မိႈေရာဂါ ျဖစ္လာရျခင္း ျဖစ္ပါတယ္ ။ လိင္ပိုင္းဆိုင္ရာ မိႈေရာဂါျဖစ္ပြါးမႈ ကင္းေဝးဖို႔အတြက္ သင့္ရဲ႕ မိန္းမကိုယ္ကို ေျခာက္ေသြ႕ေအာင္ ထားနိုင္ဖို႔ လိုပါတယ္ ။ ဘတ္တီးရီးယားေတြဟာ စိုစြတ္ေသာ ေနရာေတြမွာ အမ်ားဆံုးေပါက္ဖြားေလ့ရွိတာေၾကာင့္ မိန္းမကိုယ္ ေနရာတဝိုက္ ေျခာက္ေသြ႕ေနဖို႔ အေရးၾကီးပါတယ္ ။ ဒါ့ေၾကာင့္ ေရေဆးျပီးတိုင္းမွာလည္း ေျခာက္ေသြ႕ေအာင္ သုတ္ပစ္ဖို႔ လိုပါတယ္ ။ အကယ္၍ မိႈေရာဂါ ျဖစ္လာခဲ့ျပီ ဆိုလွ်င္လည္း ေလဝင္ေလထြက္ ေကာင္းမြန္ျပီး မတင္းက်ပ္လြန္းေသာ အတြင္းခံေဘာင္းဘီကိုသာ ဝတ္ဆင္ပါ ။ အခ်ိန္အၾကာျကီး ဝတ္ဆင္ျခင္းကို ေရွာင္ၾကဥ္ပါ ။ သန္႔ရွင္းေနေအာင္ အၿမဲဂရုတစ္ိုက္ေနဖို႔ လိုအပ္ပါတယ္ ။

Credit:CHAN (ေရႊအင္းေလး)
ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
ကိစ္စပြီးတိုင်း သန့်ရှင်းရေးလုပ်ကြသော်လည်း နည်းစနစ်တကျ ဆေးကြောပုံ ၊ သန့်ရှင်းပုံကိုတော့ ဘယ်နေရာမှ မသင်ကြားပေးကြပါဘူး ။ လိင်ဆက်ဆံပြီးတိုင်း အမျိုးသားရော အမျိုးသမီးပါ သန့်ရှင်းရေးပြုလုပ်သင့်ပါတယ် ။ ဒါ့ပြင် အမျိုးသားထက် အမျိုးသမီးတွေဟာ ပိုပြီး လိင်ပိုင်ဆိုင်ရာ ပိုးကူးစက်မှု ဝင်ရောက်တတ်ပါတယ် ။ ဒီလိုမသန့်ရှင်းမှုကြောင့်ရောဂါဖြစ်လာလျှင်လည်း ရှက်ဖွယ်ကောင်းလှတာကြောင့် မဖြစ်ခင် ကြိုတင် သတိထားပြီး ဆောင်ရွက်သင့်ပါတယ် ။ အမျိုးသမီးများအနေနဲ့ လိင်ဆက်ဆံပြီးတဲ့အခါတိုင်း မိမိရဲ့ မိန်းမကိုယ်ကို ဘယ်လိုဂရုစိုက်သင့်တယ်ဆိုတဲ့ အချက်တွေကို ဖော်ပြပေးသွားပါမယ် ။

၁) ကိစ္စပြီးတိုင်း ဆီးသွားပါ
အန္တရာယ်ရှိတဲ့ မိန်းမကိုယ် ဆီးလမ်းကြောင်း ပိုးဝင်ရောက်မှု မဖြစ်အောင် အကောင်းဆုံးနည်းလမ်းကတော့ လိင်ဆက်ဆံမှုပြီးတိုင်း ဆီးသွားခြင်းပါပဲ ။ လိင်ဆက်ဆံမှုအတွင်း ဘတ်တီးရီးယားတွေ များစွာ ဝင်ရောက်နိုင်တာကြောင့် ဆက်ဆံမှုပြီးဆုံးတိုင်း ဆီးသွားပေးခြင်းဖြင့် ဘတ်တီးရီးယားတွေကို စွန့်ထုတ်သလို ဖြစ်စေပါတယ်။

၂) အမွှေးနံပါသော ဆပ်ပြာမသုံးပါနှင့်
အချို့လူတွေဟာ လိင်ဆက်ဆံပြီးလျှင် ချွေးထွက်များသောကြောင့် ရေချိုးခြင်းဖြင့် သန့်စင်ကြပါတယ် ။ ရေချိုးခြင်းက ကိစ္စမရှိသော်လည်း အမျိုးသမီးအင်္ဂါကို ဆပ်ပြာတိုက်ပြီး သန့်ရှင်းရေးလုပ်တာမျိုးတော့ ရှောင်ကြဉ်ရပါလိမ့်မယ် ။ အမွှေးနံပါတဲ့ ဆပ်ပြာတွေဟာ ဓါတုပစ္စည်းတွေ များစွာပါဝင်ပြီး မိန်းမကိုယ် အတွက် ဘတ်တီးရီးယားပိုးများ ဖြစ်စေနိုင်ခြင်း ၊ မှိုပေါက်ဖွားနိုင်ခြင်း စတဲ့ ဆိုးကျိုးတွေကို ဖြစ်ပွါးစေနိုင်ပါတယ် ။ အမျိုးသမီးအင်္ဂါ ဆေးကြောသန့်စင်မှုအတွက် ရေသီးသန့်ဖြင့် ဆေးကြောနိုင်လျှင်ပင် လုံလောက်မှုရှိနေပါပြီ ။ မဖြစ်မနေ ဆပ်ပြာအသုံးပြုလိုလျှင်တော့ အမွှေးနံ့မပါသော ဆပ်ပြာကို အသုံးပြုလို့ရပါတယ် ။

၃) ခြောက်သွေ့မှုရှိပါစေ
အနံ့နံခြင်း ၊ ယားခြင်း ၊ ကြွက်နို့ စသဖြင့် မိန်းမကိုယ်အင်္ဂါမှာ ဖြစ်လေ့ရှိတဲ့ ရောဂါတွေဟာ မသန့်ရှင်းမှုမှတဆင့် မှိုရောဂါ ဖြစ်လာရခြင်း ဖြစ်ပါတယ် ။ လိင်ပိုင်းဆိုင်ရာ မှိုရောဂါဖြစ်ပွါးမှု ကင်းဝေးဖို့အတွက် သင့်ရဲ့ မိန်းမကိုယ်ကို ခြောက်သွေ့အောင် ထားနိုင်ဖို့ လိုပါတယ် ။ ဘတ်တီးရီးယားတွေဟာ စိုစွတ်သော နေရာတွေမှာ အများဆုံးပေါက်ဖွားလေ့ရှိတာကြောင့် မိန်းမကိုယ် နေရာတဝိုက် ခြောက်သွေ့နေဖို့ အရေးကြီးပါတယ် ။ ဒါ့ကြောင့် ရေဆေးပြီးတိုင်းမှာလည်း ခြောက်သွေ့အောင် သုတ်ပစ်ဖို့ လိုပါတယ် ။ အကယ်၍ မှိုရောဂါ ဖြစ်လာခဲ့ပြီ ဆိုလျှင်လည်း လေဝင်လေထွက် ကောင်းမွန်ပြီး မတင်းကျပ်လွန်းသော အတွင်းခံဘောင်းဘီကိုသာ ဝတ်ဆင်ပါ ။ အချိန်အကြာကြီး ဝတ်ဆင်ခြင်းကို ရှောင်ကြဉ်ပါ ။ သန့်ရှင်းနေအောင် အမြဲဂရုတစိုက်နေဖို့ လိုအပ်ပါတယ် ။

Credit:CHAN (ရွှေအင်းလေး)

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top