iMyanmarHouse.com - Best Property Website for Myanmar
×

"3 Day Potty Training" စာရေးဆရာမ Lora Jensen ရဲ့ အဆိုအရ ကလေးတွေဟာ မိမိတို့ထင်ထားသည်ထက် ပိုမိုစောလျင်စွာ အိုးနဲ့ ရှူးရှူးသွားတတ်စေရန် လေ့ကျင့်သင်ကြားဖို့ အသင့်ဖြစ်နေကြပြီလို့ သိရပါတယ်။ ကလေး ၆ ယောက် မိခင်တစ်ဦးလည်းဖြစ်တဲ့ Lora က ကလေးတွေကို ၂၂ လသားလောက်မှာ အိမ်သာသုံးတတ်အောင် လေ့ကျင့်ပေးနိုင်ပြီလို့ ဆိုပါတယ်။ ကလေးတွေဟာ စူးစမ်းချင်စိတ် အလွန်ပြင်းပြပြီး တွေ့သည့်အတိုင်း ကွက်တိဖြစ်အောင် လိုက်လုပ်နိုင်ကြတယ်လို့ ထပ်မံပြောဆိုသွားပါတယ်။ ABC6 နဲ့ အင်တာဗျူးတစ်ခုမှာ Lora က ကလေးအား အိမ်သာတက်လေ့ကျင့်ပေးခြင်းနဲ့ ပတ်သက်သည့် နည်းလမ်း ၃ ချက် သင်ကြားပေးခဲ့ပါတယ်။

၁။ စိတ်မပျက်ပါနဲ့

သင့်လက်ကိုင်ဖုန်းကို အောက်ချ၊ တီဗွီကို ပိတ်ပြီး Fitbit ကို ဘေးချိတ်ပြီး သင် ၃ ရက်နေနိုင်ပါတယ်။ ဒီ စီမံကိန်းမှာ ၃ ရက်ဆိုတဲ့ အချိန်က ခဏလေးသာဖြစ်ပါတယ်။ ကလေးကို ၃ ရက်တည်း အချိန်ပြည့် ဂရုစိုက်ပေး ဖို့သာ ဖြစ်ပါတယ်။ ကလေးအပေါ့သွား၊ အိမ်သာတက်လေ့ကျင့်ပေးမှုကို ရာနှုန်းပြည့် ဂရုစိုက်ပေးလိုက်တဲ့အခါ ရေရှည်မှာ များစွာ ပိုမိုလွယ်ကူပြီး အလုပ်ရှုပ်သက်သာပါလိမ့်မယ်။

၂။ ထိန်းပေးပါ

အိမ်သာတက်လေ့ကျင့်ပေးမှု မစတင်မချင်း ကလေးတွေဟာ သူတို့ပါနေကျအတိုင်း ပါပြီး သင်ဘာမှ ပြောဆိုလို့ မရပါ။ ကလေးတွေကို နောက်ဖေးသွားချိန် တန်ပြီလို့ သတိပေးခြင်းက အမြဲ မထိရောက်ပါ။ အဲဒီအစား သူဘယ်ချိန်သွားလို/ပါလိုလဲဆိုတာ သင့်အား ပြောပြရန် တိုက်တွန်းအားပေးရပါမယ်။ ကိုယ့်ကိုယ်ကို သတိပြုမိခြင်းက သူတို့ဘာသာ ဆုံးဖြတ်ချက်ချဖို့ လုပ်ပိုင်ခွင့်ပေးထားခြင်းလည်း မည်ပါတယ်။ ကလေးက ထိန်းချုပ်ခံနေရတယ်လို့ ခံစားရင် ဒါကို သူတို့ မရင်ဆိုင် မတွန်းလှန်တော့ဘူး လို့ Jensen က ဆိုပါတယ်။

၃။ သေးခံတွေ မသုံးပါနဲ့

သေးခံတွေ အကုန်ချွတ်ပေးပါ။ ဆင်ခြေဆင်လက်တွေ မရှိစေတော့ဘဲ မိဘတွေ အာရုံစိုက်မှု ဖြစ်စေကာ ကလေးတွေ မြန်ဆန်စွာ သင်ယူတတ်မြောက်ကြပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top