iMyanmarHouse.com - Best Property Website for Myanmar
×

သင့်မှာ သူငယ်ချင်းပေါင်းများစွာ ရှိနိုင်ပါတယ်။ ဒါပေမယ့် အဲ့ဒီသူငယ်ချင်းတွေအားလုံးက သင့်အတွက် သူငယ်ချင်းကောင်းတော့ ဖြစ်ချင်မှ ဖြစ်ပါလိမ့်မယ်။ တစ်ခါတစ်လေ ကိုယ့်နောက်ကွယ်မှာ ကိုယ့်အကြောင်း မကောင်းပြောပြီး နောက်ကျောဓားနဲ့ထိုးတဲ့သူမျိုး ကြုံရမှာ ဖြစ်သလို ကိုယ့်ဆီက ဘာအကျိုးအမြတ်များရမလဲဆိုပြီး သာပေါင်းညာစားတွေလည်း တစ်ပုံကြီးပါ။ ဒါ့အပြင် တစ်ချို့သူငယ်ချင်းတွေကျတော့လည်း ပေါင်းရသင်းရ အဆင်မပြေဖြစ်လာတာမျိုး၊ သူ့အကြိုက်ကိုယ့်အကြိုက် မတူညီရုံတင်မက သူလုပ်တာမှအကောင်းကိုယ်လုပ်တာက အမြဲတမ်း အပြစ်ဖြစ်နေတတ်တာမျိုးတွေလည်း ရှိပါလိမ့်မယ်။ ဒီတော့ သင့်ဘ၀ထဲက သင့်အတွက် မလိုအပ်ဘူး လို့ထင်တဲ့ လူတွေကို သူငယ်ချင်းအဖြစ်က ဖယ်ထုတ်လိုက်ဖို့ မလွဲမသွေလိုအပ်လာမှာမို့ ဘယ်လိုလူမျိုးကို သင့်သူငယ်ချင်းအဖြစ်က ရပ်ဆိုင်းသင့်သလဲဆိုတာ ပြောပြပေးချင်ပါတယ်။

၁။ သူတို့ပြောတဲ့ အကြောင်းအရာတွေနဲ့ သင်အမြဲဝေးကွာနေတယ်။ သူတို့နဲ့လည်း ပိုမိုဝေးကွာသလို ခံစားလာရတယ်။
သင့် သူငယ်ချင်းဆိုသူတွေနဲ့ စကားပြောဆိုကြတဲ့အခါ သင်က အမြဲတမ်းဘေးထွက်နေရတာများတယ်။ သူတို့ပြောတဲ့ အကြောင်းအရာတွေကို သင်ဘယ်လိုမှ လိုက်မမီဘူး။ ဒါမှမဟုတ်လည်း စိတ်မ၀င်စားဘူး။ ဘယ်လောက်ထိများလဲဆိုရင် သူတို့ပြောသမျှကို နားမ၀င်တော့တဲ့အထိပဲ။ ဒီလိုအခြေအနေမျိုး အမြဲကြုံနေရပြီဆိုရင် သင့်သူငယ်ချင်းတွေနဲ့သင်ဟာ စိတ်ဝင်စားတဲ့အရာလုံးဝ ကွဲပြားနေတယ်ဆိုတာကို သိပါ။ ကိုယ်နဲ့စိတ်တူကိုယ်တူ ဖြစ်မယ့် သူငယ်ချင်း၊ ပြောဆိုဆွေးနွေးရ အဆင်ပြေမယ့် သူငယ်ချင်းမျိုးကိုသာ ရှာဖွေပေါင်းပါ။

၂။သူတို့တွေနဲ့ ရှိရတာမျိုးထက်စာရင် တစ်ယောက်တည်းနေရတာ ပိုသဘောကျလာတယ်။
အရင်က သူငယ်ချင်းတွေနဲ့ အတူအမြဲရှိတာမျိုးကို သင်နှစ်ခြိုက်ပေမယ့် ခုတော့ တစ်ယောက်တည်း နေရတာကို ပိုသဘောကျလာတယ်။ အဲ့ဒီအတွက်လည်း ဘာမှမခံစားရတော့တဲ့အပြင် ယုံကြည်မှုတောင် ရှိလာသေးတယ်ဆိုရင် သင်အခုတွဲနေတဲ့သူတွေကို သင်တကယ်မလိုအပ်တော့လို့ပါပဲ။

၃။သင့်ကို သူတို့ဘာထင်နေမလဲဆိုတာမျိုးလည်း သင်ဂရုမစိုက်တော့ဘူး။
သင့်အလုပ်သစ်နဲ့ပတ်သက်ပြီး၊ ဒါမှမဟုတ် သင့်ချစ်သူနဲ့ပတ်သက်ပြီး ငါ့သူငယ်ချင်းတွေ ဘယ်လိုမြင်မလဲဆိုတဲ့အတွေးမျိုး သင့်မှာ မရှိတော့ဘူး။ ဒါ့အပြင် သင့်နေ့စဉ်ဘ၀မှာ ဘာတွေဖြစ်နေတယ်ဆိုတာမျိုးလည်း သင်သူတို့ကို မပြောဖြစ်တော့ဘူး။ မပြောချင်တော့ဘူး။ အရွယ်ရောက်လာတယ်ဆိုတာက ကိုယ့်ဘာသာကိုယ် တစ်ယောက်တည်းဆိုလည်း ဖြစ်တယ်ဆိုတာမျိုး ဖြစ်သလို ကိုယ့်အပေါ် နားလည်မှုမရှိတဲ့ သူငယ်ချင်းတွေကို ဂရုမစိုက်တော့ဘူးဆိုတာမျိုးလို့လည်း ပြောလို့ရပါတယ်။

၎။သင့်အနာဂတ်ကိုတွေးတိုင်း သူတို့ မပါဝင်တော့ဘူး။
သင့်စိတ်ထဲ နောက်တစ်လနှစ်လကြာရင်တော့ ဘယ်သူတွေနဲ့ဘာတွေလုပ်မယ်ဆိုတာမျိုး၊ ငါတို့အသက်ကြီးလာရင် ငါ့သူငယ်ချင်းတွေလည်း ဘယ်လိုဆိုတာမျိုး ထည့်မတွေးဖြစ်တော့ဘူး။ သင့်အနာဂတ်အတွက် ကြိုတင်တွေးဆခြင်းမျိုးတွေမှာ သူတို့ ဘယ်တော့မှ မပါဝင်တော့ဘူး ဆိုရင် သင်ဟာ သူုတို့မပါပဲ ရှေ့ဆက်မယ်ဆိုတဲ့ သဘောပဲပေါ့။

၅။ပျောက်ဆုံးနေသလို သင်ခံစားနေရတယ်။
သင်ဟာ သင့်ဘ၀အတွက် ဘာမှမလုပ်ဖြစ်သလို ခံစားနေရတယ်ဆိုရင်တော့ သင့်သူငယ်ချင်းတွေကို ပြန်ထည့်တွက်ဖို့ အချိန်ပါပဲ။ တစ်ခါတစ်လေ သင့်ဘ၀ထဲက တစ်ချို့လူတွေကြောင့် သင်လိုချင်တဲ့နေရာကို မသွားနိုင် မရောက်နိုင်တာမျိုးတွေ ရှိနေတတ်ပါတယ်။ သင့်ဘေးက သူငယ်ချင်းတွေဟာ အဆိပ်ရှိတဲ့၊ သင့်အပေါ် မကောင်းတဲ့ သူတွေများ ဖြစ်နေမလားဆိုတဲ့ အချက်ကို သေချာစဉ်းစားတွေးကြည့်ပါ။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top