iMyanmarHouse.com - Best Property Website for Myanmar
×

သင့်နှုတ်ခမ်း မည်းနက်လာပြီး အရောင်စိုပြေ တောက်ပမှု လျော့ရဲလာတဲ့အခါ ကျန်းမာရေးနဲ့ ကိုက်ညီတဲ့ အစားအစာ စားသုံးခြင်း၊ လေ့ကျင့်ခန်းပုံမှန်ပြုလုပ်ခြင်းနဲ့ တန်ဖိုးကြီးတဲ့ လိမ်းဆေး ဝယ်သုံးခြင်း စသည်ဖြင့် လုပ်ကောင်းလုပ်မိ ပါလိမ့်မယ်။ ဒါပေမယ့်  အဲဒီဟာတွေတစ်ခုမှ သင့်အတွက် အထောက်အကူ မဖြစ်စေပါ။ ဒါ့ကြောင့် နှုတ်ခမ်း စိုပြေမှုပြန်ရစေမယ့်၊ မည်းနက်နေတဲ့နှုတ်ခမ်းကို ပန်းနုရောင် ပြန်ဖြစ်စေမယ့် အိမ်တွင်းဆေးနည်းတချို့ ရှိပါတယ်။

နှုတ်ခမ်းကို တိုက်ချွတ်ပေးခြင်း

နှုတ်ခမ်းအရေပြား ဆဲလ်သေတွေ ဖယ်ရှားဖို့နဲ့ ပြန်လည်ပျော့ပျောင်းစေဖို့အတွက် သဘာဝ နှုတ်ခမ်းတိုက်ချွတ်ဆေးကို တစ်ပတ် တစ်ခါ အသုံးပြုပေးပါ။ ဒါ လွယ်ကူတဲ့နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ သံလွင်ဆီ အစက်အနည်းငယ်နဲ့ သကြား လက်ဖက်ရည်ဇွန်း (၁) ဇွန်း ရောစပ်ပြီး နှုတ်ခမ်းအရေပြားဆဲလ်သေတွေ ဖယ်ရှားဖို့ အသုံးပြုရပါမယ်။ ရေဖြင့် ဆေးကြောသန့်စင်ပြီးတာနဲ့ ထောပတ် သို့မဟုတ် မိမိနှစ်သက်တဲ့ နှုတ်ခမ်းအလှဆီတစ်ခုခု လိမ်းပေးပါ။

သံပုယိုသီး

သံပုယိုသီးမှာ အရေပြား အမည်းကွက်များနဲ့ အမည်းစက်တွေ ဖယ်ရှားဖို့ အသုံးပြုပါတယ်။ သူ့ရဲ့ အရောင်ချွတ်ပြီး ဖြူသွားစေနိုင်တဲ့ အစွမ်းအာနိသင်က မည်းနက်နေတဲ့ နှုတ်ခမ်းကို သဘာဝအလျောက် ပြန်ဖြူလာစေပါတယ်။ သံပုယိုသီးကို အရည်ညှစ်ယူပြီး နှုတ်ခမ်းကို အိပ်ယာမဝင်ခင် လိမ်းပေးပါ။ ဒီရိုးရှင်းနည်းလမ်းအတိုင်း လအနည်းငယ်ကြာသည်အထိ နေ့တိုင်း လိုက်နာဆောင်ရွက်ပါ။ အရေပြားဆဲလ်သေတွေ ဖယ်ထုတ်ပြီး အရေပြားသစ် ပြန်ရစေပါလိမ့်မယ်။

မုန်လာဥနီ

ပန်းနုရောင် နှုတ်ခမ်းဖြစ်စေနိုင်တဲ့ နောက်ပစ္စည်းတစ်ခုက မုန်လာဥနီ ဖြစ်ပါတယ်။ သူ့ရဲ့သဘာဝအသားဖြူဖွေးစေတဲ့အစွမ်းအာနိသင်က နှုတ်ခမ်းကို ဝင်းလက်စေနိုင်ပါတယ်။ အိပ်ယာမဝင်ခင် လတ်ဆတ်တဲ့ မုန်လာဥရည်ကို နှုတ်ခမ်းမှာ နေ့တိုင်း လိမ်းကျံပြီး နောက်နေ့မနက် ပြန်ဆေးချပေးရပါမယ်။ နောက်နည်းလမ်းတစ်ခုက မုန်လာဥနီနဲ့ မုန်လာဥဝါ အရည်ကို အချိုးညီ ရောစပ်၊ နှုတ်ခမ်းမှာ လိမ်းပြီး ၁၀ မိနစ်ကြာ ညင်သာစွာ နှိပ်နယ်ပေးပါ။ ပြီးနောက် ရေနွေးဖြင့် ဆေးကြောပေးရပါမယ်။ ဒီနည်းအတိုင်း တစ်ပတ် သို့မဟုတ် ၂ ပတ်ကြာသည်အထိ နေတိုင်းပုံမှန် ဆောင်ရွက်ပါ။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top