iMyanmarHouse.com - Best Property Website for Myanmar
×

မိန်းကလေးတွေဟာ မွေးရာပါဗီဇကိုက မိခင်စိတ်ရှိပါတယ်။ ဒါဟာ ကောင်းတဲ့ဘက်ကဆို ပြဿနာမဟုတ်ပေမဲ့ လိုအပ်တာထက်ပိုလာရင်၊ ကိုယ့်ချစ်သူ စိတ်ကျဉ်းကျပ်တဲ့အထိ ဖြစ်လာရင် အချစ်ရေးကို ထိခိုက်နိုင်ပါတယ်။

၁။ နေရာတကာ ပြဿ     နာရှာတယ်

သူလုပ်ချင်တာ လုပ်ခွင့်မပေးဘဲ အမြဲတမ်း တကျည်ကျည်လုပ်နေတာမျိုးကို ပြောတာပါ။ နေရာတကာ လိုက်စိတ်ပူပြီး အရွယ်မရောက်သေးတဲ့ ကလေးတစ်ယောက်ကို ဆက်ဆံနေတာမျိုးပေါ့။

၂။ သူငယ်ချင်းတွေနဲ့ အပြင်သွားရင် အချိန်ကန့်သတ်တယ်

ချစ်သူနှစ်ယောက် ကြည်ကြည်နူးနူးပျော်ပျော်ရွှင်ရွှင်နေသင့်တဲ့အချိန်ရှိသလို သူလည်း သူ့သူငယ်ချင်းတွေနဲ့ ပျော်ပါးဖို့ ကိုယ်ပိုင်အချိန် ရှိသင့်ပါတယ်။ ည ၁၀ နာရီအရောက် အိမ်ပြန်ခိုင်းတာ၊ ညစာကို အချိန်မှန်စားဖို့ အတင်းတိုက်တွန်းတာဟာ သူ့ကို ကလေးတစ်ယောက်လို ပြုမူနေတာပါပဲ။

၃။ အရာရာ သင်ကပဲ အမိန့်ပေးတယ်

သင်တို့နှစ်ယောက်မှာ သင်က အမြဲတမ်း အခရာပါပဲ။ သင်ကသာ အရာရာကို ဆုံးဖြတ်ပြီး သူဟာ ပြောပိုင်ခွင့်မရှိတဲ့ပါ။ သူနဲ့ ပတ်သက်သမျှ သင်ကချည်း ထိန်းချုပ်ထားတယ်။ ဘယ်လိုဝတ်ရမယ်၊ ဘယ်လိုစားရမယ်၊ ပိုက်ဆံဘယ်လို သုံးရမယ်ဆိုတာ သင်က ပြောမယ်။ ရေရှည်ခိုင်မြဲတဲ့ အချစ်ရေးတစ်ခု ဖြစ်ချင်ရင် အရာရာမှာ နှစ်ဖက်မျှတဖို့ လိုအပ်တယ်ဆိုတာ သတိရပါ။

အဲဒီနောက်ပိုင်းမှာ သူဟာ သင်ဘာပြောပြော အင်းဆိုတဲ့ စကားတစ်လုံးနဲ့ ပြီးသွားစေလိမ့်မယ်။ သူဟာ အလုပ်မှာပဲ နှစ်မြှုပ်လာပြီး အိမ်ပြန်ချိန် နောက်ကျလာလိမ့်မယ်။ ဒါတွေဟာ သူ ဒီအချစ်ရေးမှာ မပျော်ရွှင်တော့ဘူးဆိုတဲ့ အရိပ်အယောင်တွေ ဖြစ်ပါတယ်။ သူ့ရဲ့ မကျေနပ်ချက်တွေကို ထုတ်ပြောပြီး ညှိနှိုင်းလာပြီဆိုရင်တော့ သူ့စကားကို သေချာနားထောင်ပါ။ မိခင်လို ပြုမူနေတာတွေ ရပ်ပြီး သူ့ရဲ့ ချစ်သူတစ်ယောက်နေရာမှာပဲ နေဖို့ ကြိုးစားမယ်ဆိုရင် သင်တို့အချစ်ရေးကို ပြန်လည်တည်ဆောက်နိုင်ပါသေးတယ်။

Credit: Duwun

 ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top