iMyanmarHouse.com - Best Property Website for Myanmar
×

မုန့်(ဆေးခြောက်) မသောက်ပဲ အစားအသောက်တွေ ဆက်တိုက်စားနေခြင်းအတွက် အံ့အား သင့်မိပါသလား။  ချီကာဂို တက္ကသိုလ်က သုတေသီတွေ ပြုလုပ်ထားတဲ့ လေ့လာမှုတစ်ခုအရတော့ အိပ်ရေးမ၀ခြင်းဟာ ဆေးခြောက်သောက်ဖူးသူတွေမှာသာ များသောအားဖြင့် ရှိနေတတ်တဲ့ အစာစားချင်စိတ်ကို ဖြစ်ပေါ်စေတဲ့ ဓါတု ပစ္စည်းတစ်မျိုး - endocannabinoid 2 arachidonoylglycerol  ရဲ့  လည်ပတ်မှု ပမာဏကို မြင့်တက်လာစေတယ်လို့ သိရပါတယ်။

ချီကာဂို တက္ကသိုလ် ကျန်းမာရေးနဲ့အစာချေဖျက်မှုဆိုင်ရာ ဌာန Van Winkle ရဲ့  လေ့လာမှုမှာတော့ အသက် ၂၀ ပတ်ဝန်းကျင် အလွန်ပင်ပန်းလွယ်သူ ၁၄ ဦး ရဲ့  အိပ်ရေးပျက်ခြင်းနဲ့ အစာစာခြင်း ကြားက ပတ်သက်နေမှု ကို လေ့လာကြည့်ခဲ့တာပဲ ဖြစ်ပါတယ်။ အကယ်၍ သင်သာ ဆေးခြောက် သောက်ဖူးသူတစ်ယောက်ဆိုရင်တော့ ထိန်းမနိုင်သိမ်းမရ ရယ်မောခြင်း ၊ Instagram Post အချို့ ကို တောက်လျှောက် Like လုပ်မိနေခြင်း နဲ့ တွေ့သမျှ စားချင်မိနေခြင်း စတဲ့ ဘေးထွက်ဆိုးကျိုးတွေကို နားလည်မှာပါ။

အဲဒီလိုပဲ တစ်နေ့ကို ၈ နာရီခန့် အိပ်ချိန်ရှိသူတွေဟာ အချိုဓါတ် နဲ့ အငန်ဓါတ်ပါဝင်တဲ့ အစားအစာတွေစားသုံး လေ့ရှိပြီး တစ်နေ့ကို ၄ နာရီခန့်သာ အိပ်ချိန်ရှိသူတွေကတော့ အနည်းဆုံး ကယ်လိုရီ ၃၀၀ ရှိတဲ့ အစားအစာတွေကို မစားပဲ မနေနိုင်ဘူးလို့ သိရပါတယ်။

ထိုရှာဖွေတွေ့ရှိမှုက ဆွေးနွေးဖော်ပြခဲ့တာကတော့ အိပ်ရေးမ၀တဲ့ အခါမှာ အ၀လွန်ရောဂါ ဖြစ်စေနိုင်နှုန်းတွေ များပြားလာတယ်ဆိုတာပါပဲ။ အိပ်ရေးမ၀တဲ့အခါမှာလည်း ဆေးခြောက် သောက်ထား သကဲ့သို့ အရာရာကို စားချင်စိတ်တွေဖြစ်နေတတ်တယ်ဆိုတာကိုလည်း အထက်ပါ လေ့လာမှုက ဖော်ပြခဲ့ပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top