iMyanmarHouse.com - Best Property Website for Myanmar
×

အရွယ်ရောက်ပြီး လုပ်ငန်းခွင်ဝင်နေသူအားလုံးဟာ ဆယ်ကျော်သက်တစ်ယောက်ရဲ့ လွတ်လပ်တဲ့ဘဝမျိုးကို တစ်ခါတရံ ပြန်လည်တမ်းတတတ်ကြပါတယ်။ ဖြစ်အောင်လုပ်ကြည့်လိုက်ပါ။ နာရီပိုင်းလေးပဲ ဖြစ်ဖြစ် သင်တောင့်တနေတဲ့ လွတ်လပ်ပျော်ရွှင်တဲ့ဘဝကို ပိုင်ဆိုင်ဖို့အခွင့်အရေး သင့်မှာ ရှိပါတယ်။

၁။ အလုပ်ပြေးပါ

ငယ်ငယ်တုန်းက ကျောင်းမပြေးဖူးဘူးလား။ အဲဒီလိုပဲ တစ်ရက်လောက် အလုပ်မသွားဘဲ နေပြီး ကိုယ်လုပ်ချင်ရင် လုပ်လိုက်ပါ။

၂။ အရာရာကို အတွေးလွန်နေတာတွေ ရပ်လိုက်ပါ

ဆယ်ကျော်သက်ဆိုတာ စိတ်လိုက်မာန်ပါ လုပ်တတ်ပြီး ရှေ့နောက် စဉ်းစားခြင်းမရှိပါဘူး။ အဲဒါကြောင့်ပဲ တစ်ခါတလေမှာ သူတို့တွေ ဒုက္ခရောက်ရပေမဲ့ အဲဒါဟာ ပျော်စရာလည်း ကောင်းပါတယ်။ အဲဒီလို ပြန်ဖြစ်ချင်တယ်ဆိုရင် အတွေးလွန်နေတာတွေကို ရပ်ဖို့ ကြိုးစားကြည့်ပါ။

၃။ သူငယ်ချင်းတွေနဲ့ တစ်ညလောက် လွတ်လွတ်လပ်လပ် အပြင်ထွက်လိုက်ပါ

မနက်ဖြန် အလုပ်သွားစရာရှိတော့ရော ဘာဖြစ်လဲ။ အပြင်ထွက်ပြီး ညဥ့်နက်တဲ့အထိ ကဲပစ်လိုက်ပါ။ ပင်ပန်းတယ်တို့၊ လုပ်စရာတွေ အများကြီးရှိတယ်တို့ဆိုတဲ့ အကြောင်းပြချက်တွေ ပေးမနေပါနဲ့။ ပေါက်ကရတွေ လုပ်ပစ်လိုက်ပါ။ နောက်ဆိုရင် အဲဒီအကြောင်းအရာလေးတွေ ပြန်ပြောပြီး ရယ်မောဖြစ်မှာပါ။

၎။ ကိုယ်လုပ်ချင်ရာ လုပ်ပါတာဝန်တွေက လူကို ပိစေပါတယ်။ ကိုယ့်အတွက်ကလွဲလို့ သူများအတွက်တေတွချည်းပဲ လုပ်ပေးဖို့ ကြိုးစားနေရတယ်။ တစ်ရက်လောက် သူများတွေ ဘာပြောပြော မလုပ်ပေးနိုင်ဘူးလို့ ငြင်းပြီး ကိုယ်ချင်ရင် လုပ်လိုက်ပါ။ ဒါ ကိုယ့်ဘဝပဲလေ။ တစ်ရက်လောက် တာဝန်ဝတ္တရားတွေကနေ ရုန်းထွက်လိုက်စမ်းပါ။

၅။ ပစ္စုပ္ပန်တည့်တည့်ကိုပဲ ရှုပါ

ဆယ်ကျော်သက်လေးတွေလည်း အနာဂတ်ကို တွေးပါတယ်။ ဒါပေမဲ့ သူတို့က အခု အားလပ်ရက်မှာ ဘယ်သူနဲ့ ဘယ်သွားမယ်ဆိုတာကို ပိုပြီး စိတ်ဝင်စားလေ့ရှိတယ်။

 ၆။ လူတွေကို စနောက်ပါ

သူငယ်ချင်းတွေနဲ့အတူ လမ်းမှာ တွေ့တဲ့သူတွေကို စနောက်ကြည့်ပါ။ ရိုင်းရိုင်းစိုင်းစိုင်းစနောက်ခိုင်းတာ မဟုတ်ပါဘူး။ သင် ဆယ်ကျော်သက်ဘဝက သူစိမ်းတစ်ဦးကို စနောက်ပြီး မိတ်ဆွေဖွဲ့ကြည့်တာမျိုးကို ဆိုလိုတာပါ။

၇။ အားရပါးရ ကလိုက်ပါ။

ဆယ်ကျော်သက်တွေက ကဖို့ အရက်သောက်စရာ မလိုပါဘူး။ သူတို့ ပုံစံ ဘယ်လိုပဲဖြစ်ဖြစ် ဂရုမစိုက်ဘဲ ရယ်မောပြီး ကကြတယ်။ ဘာမှ တွေးပြီး ရှက်ရွံ့မနေနဲ့။ အားပါးတရ ကလိုက်ပါ။ မိနစ်ပိုင်းအတွင်း သင့်ရဲ့ ခံစားချက်တွေ လတ်ဆတ်နုပျိုလာပါလိမ့်မယ်။

Credit : Duwun

 ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top