iMyanmarHouse.com - Best Property Website for Myanmar
×

ပျော်ရွှင်မှုဟာ လူသားအားလုံး လိုချင်ကြတဲ့ အရာပါ။ ဒါပေမယ့် ပျော်ရွှင်မှုရဲ့ စိတ်အခြခံဟာ အကောင်းမြင်တက်တဲ့ စိတ်နေစိတ်ထားဖြစ်တယ်ဆိုတာ မေ့နေတက်ကြပါတယ်။

ရင့်ကျက်ပြီး အများလေးစားတဲ့သူမျိုး ဖြစ်ဖို့ အကောင်းမြင်စိတ်ဟာ အရေးပါလှပါတယ်။ အကောင်းမြင်တက်တဲ့ စိတ်နေစိတ်ထားကို မွေးမြူဖို့ နည်းလမ်း (၅) ရှိပါတယ်။

၁။ ပျော်ရွှင်မှုကို ရွေးချယ်လို့ရ
ဒါကို တွေးဖို့ နည်းနည်းတော့ ခက်ပါတယ်။ ပျော်ရွှင်တဲ့တစ်ယောက် ဖြစ်မနေတဲ့အခါ သူငယ်ချင်း၊ ပတ်ဝန်းကျင်၊ မိဘနဲ့ Relationship စတာတွေအပေါ် အပြစ်မြင်တက်ကြပါတယ်။ ဒါပေမယ့် အပြစ်တင်စိတ်တွေလျှော့ပြီး ဘယ်လိုပျော်ပျော်နေရမလဲ တွေးကြည့်လိုက်ပါ။

၂။ မကောင်းတဲ့အရာတွေကို စွန့်လွှတ်ပါ
အကောင်းမြင်စိတ်ပြည့်ဝပြီး ပျော်ရွှင်တဲ့ ဘဝကိုရဖို့ ဘဝမှာ မကောင်းတဲ့အရာတွေ များမနေဖို့လည်း လိုပါတယ်။ အကောင်းမြင်စိတ မရှိသူတွေကို ရှောင်ပါ။ ကိုယ့်အတွက် မကောင်းနိုင် ဖြစ်နေတဲ့ အရာတွေကို စွန့်လွှတ်ဖို့ ကြိုးစားပါ။

၃။ အကောင်းမြင်ရမယ့် အရာတွေရှာဖွေပါ
ငါကတော့ ကံဆိုးလိုက်တာဆိုပြီး တွေးမနေပါနဲ့။ လူတိုင်းမှာ တန်ဖိုးထားပြီး အကောင်းမြင်လို့ ရမယ့်အရာတွေ ပိုင်ဆိုင်ထားကြပါတယ်။ အရာရာတိုင်းကို အကောင်းမြင်တဲ့စိတ်ဘက်က လှည့်တွေးပါ။ ဥပမာ ရေတစ်ဝက်ထည့်ထားတဲ့ ဖန်ခွက်ဆို ရေတစ်ဝက်လျော့နေတယ် မတွေးပဲ  ရေတစ်ဝက်ရှိတယ်ဆိုတာမျိုး တွေးကြည့်ပါ။

၎။ ထပ်ခါထပ်ခါ အကောင်းမြင်စိတ်မွေးပါ
အရင်ဆုံး ဖြစ်လာတဲ့အခက်အခဲတစ်ခုအပေါ်ကို အကောင်းမြင်စိတ်နဲ့ တွေးကြည့်လိုက်ပါ။ practice make perfect ဆိုတဲ့ စကားလိုပဲ ထပ်ကာထပ်ကာ အကောင်းမြင်စိတ်မွေးရင်း နောက်တော့ အလိုလို ကျင့်သားရသွား ပါလိမ့်မယ်။ ကိုယ့်ကိုကိုယ် ဂရုစိုက်သင့်တဲ့အကြောင်း၊ လက်ရှိကိုယ့်အလုပ်က အဆင်ပြေတဲ့ ကောင်းကွက်လေးတွေကို တွေးကြည့်ပါ။

၅။ ပျော်ရွှင်မှုတွေ ဝေမျှပါ
သင်တစ်ယောက်တည်း အကောင်းမြင်စိတ်တွေမွေးနေလို့လည်း မဖြစ်သေးပါဘူး။ အခြားသူတွေအပေါ်လည်း စိတ်ထားကောင်းကောင်းမွေးပါ။ ပျော်ရွှင်မှုတွေ ဝေမျှဖို့ ကြိုးစားပါ။ ဒီအတွက် ကိုယ့်ရဲ့ စိတ်သဘောထားကို ကောင်းအောင် မွေးမြူတက်ဖို့ အရေးကြီးပါတယ်။

Credit : duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top