iMyanmarHouse.com - Best Property Website for Myanmar
×

ဆံပင်အတို အရှည် ဘယ်လိုပုံစံ ထားတတ်သလဲဆိုတဲ့အပေါ် မူတည်ပြီး အမျိုးသမီးတွေရဲ့အကြောင်းကို ခန့်မှန်းကြည့်နိုင်တယ်ဆိုရင် ယုံနိုင်မလား။ ဆံပင်အတို အရှည်က အမျိုးသမီးတစ်ဦးရဲ့ စိတ်နေစိတ်ထားကို ဘယ်လောက်အထိ ပြောပြနိုင်လဲဆိုတာ စိတ်ဝင်စားစရာပါပဲ။

တိုတိုပြတ်ပြတ်နဲ့ နားရွက်အထိလောက်ပဲ ဆံပင်အရှည်ထားတတ်တဲ့ အမျိုးသမီးတွေက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိသူတွေပါ။ သူတို့ဟာ အဓိပ္ပါယ်မဲ့တဲ့ အကြောင်းအရာနဲ့ ဦးတည်ချက်တွေကို စိတ်မဝင်စားတတ်ကြပါဘူး။

မေးစေ့နားအထိ ဆံပင်အရှည်ထားတတ်တဲ့ အမျိုးသမီးတွေက ဖန်တီးမှုအားကောင်းပြီး အထူးသဖြင့် ဖက်ရှင်နဲ့ပတ်သက်ပြီး အားကောင်းသူတွေ ဖြစ်ပါတယ်။

ပခုံးနားအထိ ဆံပင်ရှည်တဲ့ အမျိုးသမီးတွေက အပြောင်းအလဲ မြန်တတ်တယ်လို့ ဆိုပါတယ်။

ချိုင်းကြားနားအထိ ရှည်လျားတဲ့ ဆံပင်ရှိသူ အမျိုးသမီးတွေက ဆင်ခြင်တုံတရား လက်ကိုင်ထားပြီး ပြုမူဆက်ဆံတတ်သူတွေပါ။

ခါးအထက်ပိုင်နားလောက်အထိ ဆံပင်ရှည်တဲ့ အမျိုးသမီးတွေဟာ ချစ်တတ်သူတွေပါတဲ့။

ခါးအောက်ပိုင်းအထိ ရှည်လျားတဲ့ ဆံပင်ပိုင်ရှင် အမျိုးသမီးတွေရဲ့ စိတ်က ခန့်မှန်းရခက်ပြီး သူတို့ဟာ လက်တွေ့ထက် အိပ်မက်ဆန်ဆန် အတွေး ရှိတတ်ပါတယ်။

Credit : Duwun

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top