iMyanmarHouse.com - Best Property Website for Myanmar
×

ချစ်သူသမီးရည်းစား ဆက်ဆံရေးတစ်ခုမှာ တစ်ဦးနဲ့တစ်ဦး ချစ်ခြင်းမေတ္တာတွေ အရင်ကလို မပေးနိုင်တော့တဲ့ အချိန်ဆိုတာ ရှိလာတတ်ပါတယ်။ ရင်ခုန်သံမဲ့နေတဲ့ Relationship တစ်ခုဟာ ဘယ်သူ့အတွက်မှ မကောင်းလှပါဘူး။

ဘယ်အချိန်မှာ လမ်းခွဲဖို့ သင့်တော်သလဲ၊ လမ်းခွဲဖို့ အချိန် ရောက်နေပြီလားဆိုတာကို သိနိုင်မယ့် အချက် (၅) ချက်ရှိပါတယ်။ ဒါကို Relationship ဆိုင်ရာ ကျွမ်းကျင်သူဖြစ်တဲ့ မစ္စနစ်ကီဂိုးလ်စတိုင်းက အကြံပြုထားတာပါ။

၁။ ပြဿနာကို အတူတူမဖြေရှင်းတော့ခြင်း

ကိစ္စတစ်ခုခု ဖြစ်လာရင် နှစ်ဦးသား ပူးပေါင်းပြီး ဖြေရှင်းတတ်တာတွေ မရှိတော့ဘူး။ သူ့ကိစ္စသူလုပ်၊ ကိုယ့်ကိစ္စ ကိုယ်လုပ် ဖြစ်လာတဲ့အခါ ဒါကို စဉ်းစားသင့်ပါပြီ။

၂။ ဦးတည်ချက် မရှိဘဲ ရန်ဖြစ်နေခြင်း

ကိစ္စတစ်ခုဟာ ကြီးကျယ်တာမျိုးလည်း မဟုတ်ဘဲ ဒီကိစ္စတစ်ခုကိုပဲ ခဏခဏ ငြင်းခုံရန်ဖြစ်နေရမယ်ဆိုရင်လည်း သင်တို့ ဆက်ဆံရေးကို ပြန်စဉ်းစားသင့်ပါပြီ။ ရင့်ကျက်သူတွေဟာ အသေးအမွှားတွေအတွက် ရန်မဖြစ်ကြပါဘူး။

၃။ လမ်းခွဲ စကားခဏခဏ ပြောခြင်း

 စိတ်ဆိုးတဲ့ အခိုက်ပြောမိတာလို့ ဆိုသည့်တိုင်အောင် ငါတို့လမ်းခွဲရအောင်လို့ ခဏခဏ ပြောနေမိရင်လည်း လမ်းခွဲဖို့ အချိန်ရောက်လာတဲ့ လက္ခဏာပါပဲ။

၎။ တွယ်တာမှုများ ကင်းမဲ့လာခြင်း

အရင်ကလို တစ်ယောက်အနားမှာ တစ်ယောက်နေချင်စိတ်တွေ လျော့နည်းလာမယ်။ ဘယ်နေရာမှာ သိသာလဲဆိုတော့ နမ်းတဲ့အခါနဲ့ ဖက်တဲ့အခါတွေမှာ သိသာလာမယ်။

၅။ အဆိုးမြင်စိတ်တွေ များလာမယ်

တစ်ဦးအပေါ် တစ်ဦး အဆိုးမြင်စိတ်တွေ များလာမယ်။ အရင်က စိတ်မဆိုးခဲ့တဲ့ အရာတွေကို အခုစိတ်ဆိုးတတ်လာပြီ။ ဒါဆိုရင်လည်း သင်တို့ ဆက်ဆံရေး ရှေ့ဆက်ဖို့ ပြန်စဉ်းစားသင့်ပါပြီ။

Credit : Duwun

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top