iMyanmarHouse.com - Best Property Website for Myanmar
×

၁ - သိအောင်လုပ်

အရင်ဆုံး ဘယ်လိုကောလာဟလပြန့်နေတာလဲဆိုတာ သိအောင်လုပ်ပါ။ ဒါက သင်ထင်သလောက်မလွယ်ပါဘူး။ သင့်အကြောင်း လူတွေဘာပြောနေကြတယ်ဆိုတာ သင်ကလွဲပြီး ကျန်တဲ့လူတွေအကုန်လုံး သိနေတတ်ပါတယ်။ သူတို့ဘာတွေ ပြောနေတယ် ဘယ်လိုပြောနေကြတယ်ဆိုတာ သိအောင်အရင်လုပ်ပါ။

၂ - ပွင့်လင်းပါ

ကောလာဟလတွေ ပြောခံရပြီဆိုရင် လူတော်တော်များများဟာ ဘယ်သူနဲ့မှ အဆက်ဆံမလုပ်တော့ဘဲ တစ်ကိုယ်တည်း စိတ်ဓာတ်တွေကျနေတတ်ပါတယ်။ ဒီလိုမလုပ်ပါနဲ့။ သင့်အနီးဆုံးလူတွေနဲ့ အဆက်အသွယ်မပြတ်ပါနဲ့။ သူတို့ရဲ့ စာနာမှုကို ရလာပါလိမ့်မယ်။

၃ - ခင်ခင်မင်မင် ဆက်ဆံပါ

ကောလာဟလဆိုတာ သင့်အချစ်ဆုံးသူငယ်ချင်းတွေ၊ သင့်မိသားစုတွေဆီကနေ စတာမဟုတ်ပါဘူး။ သင်အခင်ဆုံးလူတွေကို ရိုင်းရိုင်းစိုင်းစိုင်းဆက်ဆံစရာ အကြောင်းမရှိပါဘူး။

၎ - သင်ကိုယ်တိုင်

သင်ကိုယ်တိုင်လည်း သူများအကြောင်း ကောလာဟလမပြောဖို့လည်း အရေးကြီးပါတယ်။

၅ - အရမ်း မခံစားပါနဲ့

တချို့လူတွေအတွက်တော့  သူများအကြောင်းကောလာဟလပြောနေရတာက သူတို့ဘဝဖြစ်နေတာပါ။ ကောလာဟလဆိုတာ သင်အမှားအယွင်းလုပ်ခဲ့ပြီဆိုတဲ့ အဓိပ္ပာယ်မဟုတ်ပါဘူး။ သင်နဲ့ ဘာမှမဆိုင်ပါဘူး။ ပြင်ပက ဖြစ်လာတဲ့ အကြောင်းအရာပါ။

၆ - တုံ့ပြန်

ကောလာဟလ ပြောနေကြပြီဆိုတာနဲ့ လျင်လျင်မြန်မြန်တုံ့ပြန်ဖို့ လိုပါတယ်။ ပြောနေကြတာတွေက မဟုတ်ကြောင်း တိတိကျကျ အချက်အလက်နဲ့ ကိုယ့်ဘက်က ချက်ချင်းပြန်ရှင်းပါ။ ပြန်ရှင်းတဲ့အခါမှာ တခြားလူအကြောင်း မကောင်းပြောတာကို အတတ်နိုင်ဆုံးရှောင်ပါ။

၇ - ရင်းမြစ်

ဒါပေမဲ့ ကောလာဟလထွက်လာတဲ့ အဓိကရင်းမြစ်ကိုတော့ ရှာဖွေရပါမယ်။ တွေ့ရင်တော့ ရင်ဆိုင်သာ ဖြေရှင်းပါ။

၈ - အချိန်

မဟုတ်ဘူးဆိုတာမှန်ပေမဲ့ ကောလာဟလတွေ ပျောက်သွားဖို့ အချိန်တော့ ယူရပါမယ်။ သင့်ဘက်က စိတ်ခံစားချက် ဦးစားပေးပြီး အမှားမလုပ်မိပါစေနဲ့။

Credit : Duwun

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top