iMyanmarHouse.com - Best Property Website for Myanmar
×

သင့်မိသားစုကလွဲလို့ လုပ်ဖော်ကိုင်ဖက်တွေဟာ နိစ္စဓူဝ မြင်တွေ့တဲ့ တစ်ခုတည်းသော လူတစ်စု ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ တနင်္လာကနေ သောကြာနေ့အထိပါပဲ။ ဒါ့ကြောင့် သင့်လုပ်ဖော်ကိုင်ဖက်များနဲ့ အကောင်းဆုံး ချစ်ခင်ရင်းနှီးမှု ဘာကြောင့် ရှိကြတယ်ဆိုတာ…

အချိန်ဇယားတစ်ခုအောက်မှ အတူလုပ်ကိုင်ခြင်း
အတူလုပ်ကိုင်ကြသူတွေနဲ့ ပတ်သက်ပြီး ကောင်းတဲ့အချက်တွေထဲက တစ်ခုကတော့ သင့်လိုပဲ သူတို့လည်း အချိန်ဇယားတစ်ခုအောက်မှာ ရှိနေကြခြင်း ဖြစ်ပါတယ်။ အဲဒါက ကော်ဖီအတူသောက်၊ ထမင်းအတူစား ဒါမှမဟုတ် အတူအပန်းဖြေနိုင်တဲ့ အဓိပ္ပါယ်လည်း ဖြစ်ပါတယ်။

ဒါက ကုမ္ပဏီ သဘောကျသူတွေအတွက် အားသာချက်တစ်ခု ဖြစ်ပါတယ်။ တခြားမိတ်ဆွေ သူငယ်ချင်းများလည်း သူတို့အလုပ်နဲ့ ရှုပ်နေကြတာ သင့်အသိပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် လျှောက်လည်ဖို့အတွက် လုပ်ဖော်ကိုင်ဖက်တစ်ယောက်ယောက်ကိုသာ အဖော်ခေါ်ပါ။ အဲဒီအချိန်လေးတွေက ချစ်ခင်ရင်းနှီးမှုကို ပိုမိုခိုင်မြဲစေပါလိမ့်မယ်။

သူများတွေ နေ့စဉ် ဘယ်လိုဖြတ်သန်းကြလဲ နားလည်သဘောပေါက်ခြင်း
အလုပ်မှာ အဆင်မပြေတဲ့နေ့ ကျော်ဖြတ်ခဲ့လို့ အိမ်ပြန်လာပြီး တခြားသူတစ်ယောက်ယောက်ထံ ရင်ဖွင့်ရင် သင်ညည်းညူတာတွေ သူ/သူမ နားထောင်ကောင်းနားထောင်ပါလိမ့်မယ်။ ဒါပေမယ့် နားလည် ကြမှာ မဟုတ်ပါ။ တခြားတစ်ဖက်မှာ သင့်လက်ဖော်ကိုင်ဖက်တွေက နားလည်ထားသူတွေ ဖြစ်ပါတယ်။ သင့်နေရာမှာ နေ့စဉ် ကိုယ်ချင်းစာမျှဝေခံစားပေးတာ သူတို့တွေပါ။ သင့်အလုပ် ဘယ်လောက် ခက်ခဲပြီး စိတ်ဖိစီးမှုများအကြောင်း သူတို့ နားလည်ကြတယ်။ သူတို့တွေဟာ သင်နဲ့ တစ်နေရာတည်း တစ်ချိန်တည်းမှာ အလုပ်လုပ်နေကြသူတွေ ဖြစ်ပါတယ်။ သင့်စိတ်ဆင်းရဲမှုကို သူတို့လည်း ခံစားရတယ်။

စိတ်ပျက်စရာလူတွေနဲ့ အတူပါဝင်ပတ်သက်ခြင်း
လုပ်ငန်းခွင်တိုင်းမှာ စိတ်အနှောင့်အယှက်ဖြစ်စေသူ အနည်းဆုံး တစ်ဦးတစ်ယောက်တော့ ရှိစမြဲပါ။ တချို့လုပ်ငန်းခွင်အတွက် အနှောက်အယှက် ဖြစ်စေသူများဟာ ဖောက်သည်လည်း ဖြစ်နိုင်ပါတယ်။ အပေါင်းအသင်း စကားပြောဖော် ထားရှိပြီး ဟာသတစ်ခုခု ဖောက်လိုက်တဲ့အခါ အလုပ်ကို မုန်းတီးစရာ မဖြစ်စေတော့ဘူးပေါ့။

တစ်နေ့ ၄ နာရီကြာ အတူတကွရှိနေခြင်း
အလုပ်ရက် ရက်သတ္တပတ်အတွင်း မိသားစုနဲ့သူငယ်ချင်းတွေထက် ကိုယ့်လုပ်ဖော်ကိုင်ဖက်တွေနဲ့ အချိန်ကုန်ဆုံးတာ ပိုများနိုင်ပါတယ်။ အဲဒီအချိန်နာရီတွေဟာ တကယ် အရာရောက်ပါတယ်။ အဖြစ်အပျက်များကြောင့် ရင်ခုန်ခဲ့တဲ့ အချိန်တွေမှာ အတူတကွ တွေ့ကြုံခံစား ကြတယ်။

လုပ်ငန်းခွင်အတွက် စိတ်ခံစားမှုကို အတူမျှဝေကြခြင်း
တကယ် ပျော်စရာကောင်းတဲ့ လုပ်ငန်းခွင်ထဲရောက်ကံ ရှိခဲ့ပါက အလုပ်လုပ်နေရတယ်လို့တောင် မခံစားရပါ။ စိတ်ခံစားချက်ကို ထပ်တူမျှဝေခံစားပေးမယ့်သူတချို့နဲ့ ပေါင်းသင်းပါ။ မိမိကိုယ်ကိုယ် ထူးခြားမှု ခံစားစေပါလိမ့်မယ်။

သင့်တော်မှန်ကန်တဲ့ လုပ်ဖော်ကိုင်ဖက်တွေက ဘဝကို ပိုမိုလွယ်ကူစေနိုင်ပါတယ်။ ကိုယ်လုပ်ချင်တာတွေ အတူလုပ်ဆောင်နေတဲ့အခါ အကောင်းဆုံး သူငယ်ချင်းများအဖြစ်သို့ ပိုနီးစပ်စေပါတယ်။

အချင်းချင်း တစ်နေကုန် ဖျော်ဖြေမှုပေးခြင်း
အချင်းချင်း ပျော်အောင်လုပ်ကြတဲ့အခါ အကောင်းဆုံး မိတ်ဆွေတွေ ဖြစ်စေပါတယ်။ နေ့တိုင်း ဟာသတွေ ပြောဆိုခြင်းနဲ့ ဂရုစိုက်ပေးတဲ့ အပြုအမူ အသေးအမွှားလေးတွေက အချိန်ကို တကယ် ကုန်မြန်စေပါတယ်။ နောက် စိတ်မကောင်းစရာက အခင်ဆုံး လုပ်ဖော်ကိုင်ဖက် မလာတဲ့နေ့မှာ ဆွဲဆန့်ထားသလို အချိန်တွေ မကုန်နိုင်တာ တွေ့ရပါလိမ့်မယ်။

သူတို့ကြောင့် အလုပ်ပိုတွင်ခြင်း
မိတ်ဆွေသူချင်း လုပ်ဖော်ကိုင်ဖက်တွေ ရရှိခြင်းက လုပ်ငန်းခွင်မှာ ပို၍ တကယ် အကျိုးဖြစ်ထွန်းစေပါတယ်။ ယုံချင်ယုံ မယုံချင်နေ။ အလုပ်နဲ့ဆက်နွယ်တဲ့ ခင်မင်ရင်းနှီးမှု ရရှိတဲ့အခါ အလုပ်လုပ်ချင်စိတ်ပိုဖြစ်လာပါတယ်။ လုပ်ငန်းခွင်မှာ ခင်မင်ရင်းနှီးမှုပိုလေ ကုမ္ပဏီနဲ့ မြဲနိုင်ခြေပိုများလေ ဖြစ်ပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top