iMyanmarHouse.com - Best Property Website for Myanmar
×

အစာအိမ်ကင်ဆာဟာ လူသေဆုံးမှု အများဆုံးစာရင်းဝင် ရောဂါတစ်မျိုး ဖြစ်ပါတယ်။ ၂၁၀၅ ခုနှစ် နှစ်ကုန်ပိုင်း အချက်အလက်များအရ နှစ်စဉ် လူပေါင်းတစ်သန်းဟာ အစာအိမ်ကင်ဆာကြောင့် သေဆုံးနေပါတယ်။ အစာအိမ်ကင်ဆာ ဖြစ်ပွားနေမှုကို အလွယ်တကူ စောစီးစွာသိနိုင်မှု နည်းပါးပါတယ်။

ရောဂါလက္ခဏာ ပြသမှု အနေအထားနဲ့ ပြင်ပမှ ဓာတ်မှန်ရိုက် သိရှိနိုင်မှု မရှိခြင်းတို့ကြောင့် အစာအိမ်ကင်ဆာ ဖြစ်နေကြောင်း အလွယ်တကူ မသိနိုင်ပါဘူး။ နေ့စဉ် အစားအစာ စားသုံးမှုကို ဂရုစိုက်ခြင်းဖြင့် အစာအိမ်ကင်ဆာ ဖြစ်ပွားမှုကို လျှော့ချနိုင်ပါတယ်။ အစာအိမ်ကင်ဆာ ဖြစ်ပွားမှုမရှိအောင် စားသင့် မစားသင့် အစားအစာအချို့ကို ဖော်ပြထားပါတယ်။

၁။ Beta-Carotene နှင့် Vitamin A ပါဝင်တဲ့ အစားအစာများ
သုတေသနတစ်ခုအရ Beta-Carotene နဲ့ Vitamin A ပါဝင်တဲ့ အစားအစာတွေက အစာအိမ်ကင်ဆာ ဖြစ်ပွားမှု အန္တရာယ်ကို လျော့ကျစေပါတယ်။ ကန်စွန်းဥ၊ မုန်လာဥနီ၊ ကိုက်လန်ကဲ့သို့ အစားအစာတွေက Beta-Carotene နဲ့ Vitamin A ပြည့်ဝစွာ ပါဝင်ပါတယ်။

၂။ အသားလျှော့စားပါ
အနီရောင် အသားများ လျှော့စားခြင်းက အစာအိမ်ကင်ဆာ ဖြစ်ပွားနိုင်ခြေ နည်းပါတယ်။ တစ်နေ့လျှင် အနည်ဆုံး ၁၂ နာရီကြာ အသားမစားဘဲ နေခြင်းဖြင့် ကင်ဆာကို ကာကွယ်နိုင်ပါတယ်။

၃။ Beta-Glucans ပါဝင်တဲ့ အစားအစာများ
Beta-Glucans ပါဝင်တဲ့ အစားအစာတွေက ကင်ဆာတိုက်ဖျက်ရေး အထောက်အကူပြုပါတယ်။ ပျော်ဝင်နိုင်သော အမျှင်ဓာတ်ပါဝင်တဲ့ မှို၊ ပေါင်မုန့်နဲ့ ကွေကာကဲ့သို့ အစားအစာတွေကို အစာအိမ်ကင်ဆာ ကင်းဝေးဖို့အတွက် စားသုံးသင့်ပါတယ်။

၎။ ကြက်သွန်ဖြူ
ကြက်သွန်ဖြူမှာ ပါဝင်တဲ့ Allicin ဓာတ်က အစာအိမ်ကင်ဆာကို ကာကွယ်နိုင်ပါတယ်။ Allicin က အစာအိမ်ကင်ဆာ ဖြစ်စေနိုင်တဲ့ Helicobacter pylori ဘက်တီးရီးယား ပွားများခြင်းကို ဟန့်တားပေးနိုင်ပါတယ်။

၅။ Vitamin C နဲ့ E ပါဝင်တဲ့ အစားအစာများ
အစာအိမ်ကင်ဆာ ကာကွယ်ဖို့အတွက် Vitamin C နဲ့ E ပါဝင်တဲ့ အစားအစာတွေက စားသင့်ပါတယ်။ Vitamin C နဲ့ E က ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေပြီး အစာအိမ်ကင်ဆာကို ကာကွယ်နိုင်ပါတယ်။

၆။ ဆားလျှော့စားပါ
သုတေသီတွေရဲ့ လေ့လာမှုအရ သွေးအတွင်း ဆိုဒီယမ်ဓာတ် ပမာဏမြင့်တက်ခြင်းက အစာအိမ်ကင်ဆာ ဖြစ်စေနိုင်ပါတယ်။ ဆားလျှော့စားခြင်းဖြင့် အစာအိမ်ကင်ဆာ ဖြစ်နိုင်ခြေကို လျော့နည်းစေပါတယ်။

၇။ အကျိုးမပြုတဲ့ အဆီဓာတ်
ခန္ဓာကိုယ်အတွက် အကျိုးမပြုတဲ့ အဆီဓာတ်တွေက အစာအိမ်ကင်ဆာ ဖြစ်ပွားနိုင်ပါတယ်။ ဝမ်းတွင်းကလီစာများ၊ ကြက်ဥအနှစ်နဲ့ အဆီများတဲ့ အနီရောင် အသားတွေ စားခြင်းက အစာအိမ်ကင်ဆာ ဖြစ်နိုင်ခြေ မြင့်တက်စေပါတယ်။
ဆန့်ကျင်ဘက်အဖြစ် အကျိုးပြု အဆီဓာတ် ပါဝင်တဲ့ အစားအစာတွေက ကင်ဆာကို တိုက်ဖျက်နိုင်ပါတယ်။ သစ်ကြားသီး၊ ဆဲလ်မွန်ငါးတို့ကို အစာအိမ်ကင်ဆာ ကာကွယ်ဖို့အတွက် စားသုံးသင့်ပါတယ်။

၈။ မှိုတက်နေတဲ့ အစားအစာများ
သိမ်းဆည်းထားမှု ရှည်ကြာတဲ့အခါ မှိုတက်နိုင်တဲ့ အစားအစာတွေကို သတိထား စားသုံးသင့်ပါတယ်။ အစားအစာတွေမှာ တွေ့ရတဲ့ မှိုက ကင်ဆာဖြစ်ပွားနိုင်ပါတယ်။

၉။ Glycemic အညွန်းကိန်း ပါဝမှုနည်းတဲ့ အစားအစာများ
Glycemic အညွန်းကိန်းက သွေးအတွင်း သကြားဓာတ်ပမာဏကို သက်ရောက်မှု ရှိပါတယ်။ Glycemic အညွန်းကိန်းများတဲ့ အားအစာတွေကို အစာအိမ်ကင်ဆာ ဖြစ်ပွားမှု မြင့်တက်စေပါတယ်။ ဟင်းသီးဟင်းရွက်၊ သစ်သီးနဲ့ ပဲအမျိုးမျိုးဟာ Glyecemic အညွန်းကိန်းနည်းတဲ့ အစားအစာတွေ ဖြစ်ပါတယ်။

၁၀။ နနွင်းနဲ့ ဂျင်း
နနွင်းနဲ့ ဂျင်းမှာ ပါဝင်တဲ့ curcumin ဓာတ်က အစာအိမ်ကင်ဆာ ဖြစ်စေတဲ့ Helicobacter pylori ဘက်တီးရီးယား တိုးပွားမှုကို ဟန့်တားပေးနိုင်ပါတယ်။

Credit : Duwun

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top