iMyanmarHouse.com - Best Property Website for Myanmar
×

သင့်ကို ဘယ်လိုအလုပ်အကိုင်တွေက စိတ်ဝေဒနာရှင် ဖြစ်သွားစေနိုင်တယ်ဆိုတာ သင် သိချင်မိပါသလား။ company တစ်ခုလုံးကို စီမံခန့်ခွဲရတဲ့ အမှုဆောင်အရာရှိချုပ် ရာထူးက စိတ်ဝေဒနာ အများဆုံးဖြစ်စေနိုင်တဲ့ အလုပ်အကိုင်တွေထဲက တစ်ခုပဲ ဖြစ်ပါတယ်။



အရင်ဦးဆုံး စိတ်ဝေဒနာရှင်ဆိုတာ သင့်ကို  ဒုက္ခပေးသတ်ဖြတ်မယ်သူဆိုတဲ့ အဓိပ္ပါယ်တော့ မဟုတ်ပါဘူး။ ဒါပေမယ့် ဒီလိုအလုပ်မျိုး လုပ်ကိုင်သူအများစုက စိတ်ဝေဒနာရှင်တွေ ဖြစ်တတ်ကြပါတယ်။

စိတ်ဝေဒနာဆိုတာ ပင်ကိုယ်ရောဂါတစ်မျိုး ဖြစ်ပါတယ်။ ဒါကို မလေးနက်တဲ့ စိတ်ခံစားချက်တွေ၊ စိတ်ဖိစီးမှု၊ သည်းခံခြင်း၊ စာနာစိတ်ကင်းမဲ့ခြင်း၊ အသည်းမာ အကြင်နာမဲ့ခြင်း၊ မလုံမလဲ စိတ်မရှိခြင်း၊ အတ္တကြီးခြင်း၊ ပေါ့ပျက်ပျက် လးနက်မှုမရှိခြင်း၊ ကြိုးကိုင်ခြယ်လှယ်ခြင်း၊ တာဝန်မဲ့ခြင်း၊ မသိတတ်ခြင်း၊ စိတ်လိုက်မာန်ပါ လုပ်တတ်ခြင်းနဲ့ မှီခိုတတ်တဲ့ ဘဝနေထိုင်မှုပုံစံ။ ပြစ်မှုမြောက်တဲ့ လုပ်ရပ်စတဲ့ လူမှုရေးခေါင်းပါးတဲ့ အပြုအမူတွေ အဖြစ် အမျိုးမျိုးဖွဲ့ဆိုထားပါတယ်။



ဘယ်အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေမှာ စိတ်ဝေဒနာရှင်တွေ အများဆုံး ရှိပါသလဲ။ ဘာတွေက အနည်းဆုံးဖြစ်သလဲ ကြည့်ကြရအောင်။



စိတ်ဝေဒနာရှင် အများဆုံး ဖြစ်စေတဲ့ အလုပ်အကိုင်များ

၁။ စီအီးအို

၂။ ရှေ့နေ

၃။ မီဒီယာ (တီဗွီ/ရေဒီယို)

၎။ အရောင်းဝန်ထမ်း

၅။ ခွဲစိတ်ကုဆရာဝန်

၆။ စာနယ်ဇင်းသမား

၇။ ရဲအရာရှိ

၈။ ခရစ်ယာန်ဘုန်းတော်ကြီး

၉။ စားဖိုမှူး

၁၀။ အစိုးရ၀န်ထမ်း



စိတ်ဝေဒနာရှင် အနည်းဆုံးဖြစ်စေတဲ့ အလုပ်အကိုင်များ 

၁။ ကျန်းမာရေး စောင့်ရှောက်ပေးသူ

၂။ သူနာပြု

၃။ ကုထုံးတစ်ခုခုနဲ့ အထူးပြုကုသတဲ့ ဆရာ

၎။ လက်မှုအတတ် ပညာရှင်

၅။ အလှဖန်တီးရှင်

၆။ အကူအညီပေးအဖွဲ့အစည်း ဝန်ထမ်း

၇။ ကျောင်းဆရာ/မ

၈။ ဖန်းတီးနိုင်စွမ်းရှိတဲ့ အနုပညာရှင်

၉။ ဆရာဝန်

၁၀။ စာရင်းကိုင်

နောက်ခေါင်းထဲ ဝင်လာတဲ့အရာက "ဘာကြောင့်လဲ" ဆိုတာပဲ ဖြစ်တယ်။

ဒုတိယအုပ်စုထဲက စိတ်ဝေဒနာရှင် အများဆုံး အလုပ်အကိုင် အများစုဟာ လူနဲ့ ဆက်သွယ်မှု လိုအပ်ပါတယ်။ စိတ်ခံစားမှု ပတ်သက်ပြီး အများစုက ခွန်အား မရရှိစေတတ်ပါဘူး။

တခြားတဖက်မှာတော့ ပထမအုပ်စုက အခန်းကဏ္ဍအများစုဟာ စွမ်းဆောင်ရည် ရရှိစေပြီး စိတ်ခံစားမှုနဲ့ ကင်းကွာတဲ့ ဆုံးဖြတ်ချက်တွေဖြစ်တဲ့ ရည်မှန်းချက်ကို အကောင်အထည်ဖော်ဖို့ အစွမ်းအစတစ်ခုခု လိုအပ်ပါတယ်။


Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top