iMyanmarHouse.com - Best Property Website for Myanmar
×

ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ ကိုယ်ဝန်ပျက်ကျတဲ့ အန္တရာယ်လျော့နည်းစေရန် ကော်ဖီလျှော့သောက်ဖို့ လိုအပ်သလို အိမ်ထောင်ဖက် အမျိုးသားတွေလည်း ကလေးယူတော့မယ်ဆိုရင် ကော်ဖီလျှော့သောက်သင့်ကြောင်း သုတေသနသစ် ရလဒ်က ဖော်ပြပါတယ်။


တစ်နေ့လျှင် ကော်ဖီနှစ်ခွက်ထက်ပိုသောက်တဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေဟာ ကော်ဖီမသောက်တဲ့ ကိုယ်ဝန်ဆောင်တွေထက် ကိုယ်ဝန်ပျက်ကျနိုင်ခြေ ၇၄ ရာခိုင်နှုန်း ပိုများကြောင်း သုတေသီတွေက ဆိုပါတယ်။ ထို့အတူ ကလေးယူဖို့ ကြိးပမ်းနေစဉ်ကာလမှာ ခင်ပွန်း သို့မဟုတ် ယောက်ျားလေးအဖော်က ကော်ဖီနှစ်ခွက်ထက် ပိုသောက်ပါကလည်း အမျိုးသမီးကိုယ်တိုင် ကော်ဖီသောက်သကဲ့သို့ပင် ကိုယ်ဝန်ပျက်ကျနိုင်တဲ့ အန္တရာယ်ရှိကြောင်း သုတေသနရလဒ်က ပြောပါတယ်။

အမေရိကန်ပြည်ထောင်စု မေရီလန်းပြည်နယ် ရော့ခ်ဗီလီရှိ Eunice Kennedy Shriver National Institute of Child Health and Human Development မှ ဘက်ခ်လူးဝစ်က စုံတွဲ ၃၄၄ တွဲကို စောင့်ကြည့်လေ့လာပြီး သုတေသနပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ သုတေသနအစီအစဉ်မှာ ပါဝင်တဲ့ စုံတွဲအားလုံးရဲ့ နေ့စဉ် စီးကရက်သောက်မှု၊ ကဖင်းဓာတ်နဲ့ အရက်သောက်သုံးမှု၊ ဗီတာမင်ဓာတ်မျိုးစုံ ဖြည့်စွက်စားသုံးမှုတွေကို စောင့်ကြည့်လေ့လာခဲ့ပါတယ်။

သုတေသနရလဒ်အရ အသက် ၃၅ နှစ်အထက် အမျိုးသမီးတွေဟာ ငယ်ရွယ်တဲ့ အမျိုးသမီးတွေထက် ကိုယ်ဝန်ပျက်ကျနိုင်ခြေ နှစ်ဆနီးပါး ပိုများပါတယ်။ ဗီတာမင်မျိုးစုံ ဖြည့်စွက်စားသုံးတဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေက ဗီတာမင်မျိုးစုံ ဖြည့်စွက်စားသုံးခြင်း မရှိတဲ့ အမျိုးသမီးတွေထက် ကိုယ်ဝန်ပျက်ကျနိုင်ခြေ ၅၅ ရာခိုင်နှုန်း လျော့နည်းကြောင်းလည်း သုတေသနရလဒ်က ဆိုပါတယ်။

Credit : Duwun

 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top