iMyanmarHouse.com - Best Property Website for Myanmar
×

 တောင်ကိုရီးယားယဉ် ကျေးမှု၊ အားကစားနှင့် ခရီးသွား လုပ်ငန်းဝန်ကြီးဌာနသည် နိုင်ငံ ခရီးသွားလုပ်ငန်း ကြော်ငြာဗီဒီယို သစ်များတွင် Descendants of the Sun သရုပ်ဆောင်မင်းသား ဆောင်းဂျွန်ကီကို ထည့်သွင်းအ သုံးပြုမည်ဟု ဧပြီ ၁ ရက်၌ ကြေ ညာခဲ့သည်။

လက်ရှိတွင် Descendants of the Sun ဒရာမာဇာတ်လမ်းတွဲ ဖြင့် နာမည်ကျော်ကြားနေသော ဆောင်းဂျွန်ကီသည် ကိုရီးယား ခရီးသွားလုပ်ငန်း ဂုဏ်ထူးဆောင် သံတမန်အဖြစ် ထမ်းဆောင်မည် ဟု ၀န်ကြီးဌာနက ပြောသည်။

Descendants of the Sun  ဒရာမာဇာတ်လမ်းတွဲ အဓိကရိုက် ကူးရာနေရာများဖြစ်သော ဂန်း ၀မ်းဒေသ ဘယ်ဘတ်မြို့နှင့် ဂျောင်းဆွန်းမြို့များ၌ ကိုရီးယား ခရီးသွားလုပ်ငန်း ရုပ်သံကြော်ငြာ များ    သွားရောက်ရိုက်ကူးမည် ဖြစ်သည်။

ယင်းနေရာများကို ကိုရီး ယားရိုးရာယဉ်ကျေးမှုနှင့် ခေတ် ပေါ်ယဉ်ကျေးမှုနှစ်ခုစလုံး ခရီး သွားများ ခံစားနိုင်မည့် နေရာများ အဖြစ် ဖန်တီးရန်စီစဉ်ထားသည် ဟု ၀န်ကြီးဌာနကဆိုသည်။
ရုပ်သံနှင့် ပုံနှိပ်ကြော်ငြာ များကို လာမည့်ဇူလိုင်လဆန်း တွင် ဂျပန်၊ တရုတ်နှင့် အရှေ့ တောင်အာရှနိုင်ငံများ၌ ထုတ် လွှင့်ပြသမည်ဟု ၀န်ကြီးဌာနက ပြောကြားသည်။

Descendants of the Sun ဒရာမာဇာတ်လမ်းတွဲသည် စိတ် ကူးယဉ်ဖန်တီးထားသော Uruk နိုင်ငံသို့ သွားရောက်တာဝန်ထမ်း ဆောင်ရသည့် တောင်ကိုရီးယား ငြိမ်းချမ်းရေးတပ်ဖွဲ့ဝင်များနှင့် စေတနာ့ဝန်ထမ်း ဆရာဝန်များ အကြောင်းကို တင်ဆက်ထား သည်။

Credit : 7Day Daily

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top