iMyanmarHouse.com - Best Property Website for Myanmar
×

လက္သည္း ေတြကို လက္ေခ်ာင္းမွာရွိတဲ့ သက္ရွိအေရျပားဆဲလ္ေလးေတြနဲ႔ ျပဳလုပ္ထားတာျဖစ္တဲ့အတြက္ ႏွင္းခူလိုမ်ိဳး အေရျပားေရာဂါတစ္ခုခုျဖစ္ျပီဆိုရင္ လက္သည္းခြံေပၚမွာ အစင္းေၾကာင္းေတြျဖစ္လာတတ္ပါတယ္။ အေရျပားေျခာက္ေသြ႕ျခင္းေၾကာင့္လည္း ဒီအစင္းေၾကာင္းေတြကိုျဖစ္ေစႏိုင္သလို ခႏၶာကိုယ္မွာ အသားဓာတ္၊ ကယ္ဆီယမ္၊ ဇင့္နဲ႔ ဗီတာမင္ A ခ်ိဳ႕တဲ့ရင္လည္းျဖစ္တတ္ပါတယ္။

>> ေဒါင္လိုက္အစင္းေၾကာင္းမ်ား

လက္သည္းထိပ္ကေနျပီး လက္သည္းပန္းကံုးအထိေဒါင္လိုက္အေျမွာင္းေတြေပၚတတ္ပါတယ္။ အသက္အရြယ္ၾကီးရင့္လာတဲ့သူေတြမွာ ဆဲလ္ေတြေသျပီး အသစ္တစ္ဖန္ျပန္လဲတာေႏွးတဲ့အတြက္ လက္သည္္းေပၚမွာ အစင္းေၾကာင္းေတြ မသိမသာေပၚတတ္ပါတယ္။ ဒီအစင္းေၾကာင္းေတြအျပင္ လက္သည္းအေရာင္နဲ႔ ထိေတြ႕မႈအေျပာင္းအလဲေတြပါ ျဖစ္လာတယ္ဆိုရင္ေတာ့ ေရာဂါတစ္ခုခုေၾကာင့္ျဖစ္ႏိုင္ပါတယ္။ trachyonychia လို႔ေခၚတဲ့လက္သည္းေရာဂါတစ္မ်ိဳးမွာဆိုရင္ လက္သည္းေတြက အေရာင္ေျပာင္းရံုသာမက ၾကြတ္ဆတ္ျပီး မ်က္ႏွာျပင္က ၾကမ္းတမ္းလာပါတယ္။

သံဓာတ္ခ်ိဳ႕တဲ့ပါကလည္း လက္သည္းေပၚမွာ ေဒါင္လိုက္စင္းမ်ားေပၚျခင္း၊ လက္သည္းခြက္ျခင္း (သို႔) ဇြန္းပံုစံျဖစ္ေနတတ္ပါတယ္။

>> ကန္႔လန္႔စင္းမ်ား

Beau’s line လို႔ေခၚတဲ့ လက္သည္းေပၚက ကန္႔လန္႔အစင္းေၾကာင္းနက္နက္ေတြကေတာ့ ျပင္းထန္တဲ့ ေရာဂါတစ္ခုခုရဲ႕ လကၡဏာပဲျဖစ္ပါတယ္။ ဒါေၾကာင့္ ေနာက္ခံေရာဂါကိုမကုသရင္ လက္သည္းၾကီးထြားမႈလည္းဆက္မရွိေတာ့ပါဘူး။ ရုတ္တရက္ေက်ာက္ကပ္ေရာဂါေတြမွာ Beau’s line ေတြေပၚတတ္ပါတယ္။ လက္သည္းေျခသည္း အေခ်ာင္း ၂၀ လံုးမွာ ဒီအစင္းေၾကာင္းေတြေတြ႔ရင္ေတာ့ ပါးခ်ိတ္ေရာင္၊ သိုင္းရြိဳက္ေရာဂါ၊ ဆီးခ်ိဳေရာဂါ၊ ဆစ္ဖလစ္ေရာဂါစတာေတြရဲ႕ လကၡဏာျဖစ္ႏိုင္ပါတယ္။ ကင္ဆာေဆးသြင္းကုသျခင္းခံယူေနရင္လည္း Beau’s lines ေတြေပၚတတ္ပါတယ္။

လက္သည္းကိုထိခိုက္မိပါက လက္သည္းေအာက္မွာ အနီေရာင္ (သို႔) အညိုေရာင္အစက္ေတြျဖစ္လာတတ္ပါတယ္။ ဒါေပမယ့္ လက္သည္းကိုထိခိုက္ဒဏ္ရာရထားတာမရွိဘဲ လက္သည္းေအာက္ထဲမွာ ညိုပုတ္ပုတ္၊ အမဲ၊ အနီစတဲ့အေရာင္ေတြေျပာင္းေနတယ္ဆိုရင္ ဒါေတြက ႏွလံုးအေျမွးပါးေရာင္ျခင္း (သို႔) melanoma လို႔ေခၚတဲ့ အေရျပားကင္ဆာကဲ့သို႔ေသာ ျပင္းထန္တဲ့ေရာဂါတစ္မ်ိဳးမ်ိဳးရဲ႕ လကၡဏာျဖစ္ႏိုင္ပါတယ္။

>> လက္သည္းေပၚကအစင္းေၾကာင္းေတြကိုၾကည့္ျပီး ဘယ္လိုေရာဂါသတ္မွတ္လို႔ရသလဲ

လက္သည္းမွာရုတ္တရက္အေျပာင္းအလဲေတြျဖစ္လာပါက ဆရာဝန္နဲ႔ျပသသင့္ပါတယ္။ လက္သည္းကိုထိခိုက္ဒဏ္ရာရတယ္ဆိုရင္ လက္သည္းနဲ႔လက္ေခ်ာင္းေတြအနာက်က္ဖို႔ ရက္သတၲပတ္အနည္းငယ္ေစာင့္ၾကည့္ႏိုင္ပါတယ္။

>> အကယ္လို႔ ေအာက္ပါလကၡဏာေတြေတြ႕ရင္ေတာ့ အျမန္ဆံုးဆရာဝန္သြားျပသင့္ပါတယ္။

လက္သည္းစုတ္ျပတ္ေနေအာင္ခုတ္မိျခင္း
လက္သည္းခြံေၾကမြသြားျခင္း
လက္သည္းကၽြတ္ထြက္သြားျခင္း
လက္သည္းေအာက္မွေသြးထြက္ျခင္း

>> ကုထံုးမ်ား လက္သည္းေပၚကအစင္းေၾကာင္းေတြက ေနာက္ခံေရာဂါတစ္ခုခုရဲ႕လကၡဏာျဖစ္တဲ့အတြက္ ေနာက္ခံေရာဂါကို ေသခ်ာကုသဖို႔လိုအပ္ပါတယ္။ ဥပမာအားျဖင့္ ဆီးခ်ိဳေရာဂါေၾကာင့္ လက္သည္းေပၚမွာ ကန္႔လန္႔စင္းေတြျဖစ္တယ္ဆိုရင္ ေသြးတြင္းသၾကားဓာတ္ကို ပံုမွန္အတိုင္းထိန္းထားႏိုင္ပါက ဒီအစင္းေၾကာင္းေတြေလ်ာ့နည္းသြားပါလိမ့္မယ္။

ႏွင္းခူေၾကာင့္ဆိုရင္ လိမ္းေဆးေတြ၊ အစိုဓာတ္ထိန္းေဆးေတြလိမ္းေပးႏိုင္ပါတယ္။ ဗီတာမင္နဲ႔ သတၲဳဓာတ္ခ်ိဳ႕တဲ့လို႔ျဖစ္တာဆိုရင္ အစားအစာေျပာင္းစားတာျဖစ္ျဖစ္၊ အားေဆးေသာက္တာျဖစ္ျဖစ္လုပ္နိုင္ပါတယ္။

Credit : Drmyanmar
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
လက်သည်း တွေကို လက်ချောင်းမှာရှိတဲ့ သက်ရှိအရေပြားဆဲလ်လေးတွေနဲ့ ပြုလုပ်ထားတာဖြစ်တဲ့အတွက် နှင်းခူလိုမျိုး အရေပြားရောဂါတစ်ခုခုဖြစ်ပြီဆိုရင် လက်သည်းခွံပေါ်မှာ အစင်းကြောင်းတွေဖြစ်လာတတ်ပါတယ်။ အရေပြားခြောက်သွေ့ခြင်းကြောင့်လည်း ဒီအစင်းကြောင်းတွေကိုဖြစ်စေနိုင်သလို ခန္ဓာကိုယ်မှာ အသားဓာတ်၊ ကယ်ဆီယမ်၊ ဇင့်နဲ့ ဗီတာမင် A ချို့တဲ့ရင်လည်းဖြစ်တတ်ပါတယ်။

>> ဒေါင်လိုက်အစင်းကြောင်းများ

လက်သည်းထိပ်ကနေပြီး လက်သည်းပန်းကုံးအထိဒေါင်လိုက်အမြှောင်းတွေပေါ်တတ်ပါတယ်။ အသက်အရွယ်ကြီးရင့်လာတဲ့သူတွေမှာ ဆဲလ်တွေသေပြီး အသစ်တစ်ဖန်ပြန်လဲတာနှေးတဲ့အတွက် လက်သည်းပေါ်မှာ အစင်းကြောင်းတွေ မသိမသာပေါ်တတ်ပါတယ်။ ဒီအစင်းကြောင်းတွေအပြင် လက်သည်းအရောင်နဲ့ ထိတွေ့မှုအပြောင်းအလဲတွေပါ ဖြစ်လာတယ်ဆိုရင်တော့ ရောဂါတစ်ခုခုကြောင့်ဖြစ်နိုင်ပါတယ်။ trachyonychia လို့ခေါ်တဲ့လက်သည်းရောဂါတစ်မျိုးမှာဆိုရင် လက်သည်းတွေက အရောင်ပြောင်းရုံသာမက ကြွတ်ဆတ်ပြီး မျက်နှာပြင်က ကြမ်းတမ်းလာပါတယ်။

သံဓာတ်ချို့တဲ့ပါကလည်း လက်သည်းပေါ်မှာ ဒေါင်လိုက်စင်းများပေါ်ခြင်း၊ လက်သည်းခွက်ခြင်း (သို့) ဇွန်းပုံစံဖြစ်နေတတ်ပါတယ်။

>> ကန့်လန့်စင်းများ

Beau’s line လို့ခေါ်တဲ့ လက်သည်းပေါ်က ကန့်လန့်အစင်းကြောင်းနက်နက်တွေကတော့ ပြင်းထန်တဲ့ ရောဂါတစ်ခုခုရဲ့ လက္ခဏာပဲဖြစ်ပါတယ်။ ဒါကြောင့် နောက်ခံရောဂါကိုမကုသရင် လက်သည်းကြီးထွားမှုလည်းဆက်မရှိတော့ပါဘူး။ ရုတ်တရက်ကျောက်ကပ်ရောဂါတွေမှာ Beau’s line တွေပေါ်တတ်ပါတယ်။ လက်သည်းခြေသည်း အချောင်း ၂၀ လုံးမှာ ဒီအစင်းကြောင်းတွေတွေ့ရင်တော့ ပါးချိတ်ရောင်၊ သိုင်းရွိုက်ရောဂါ၊ ဆီးချိုရောဂါ၊ ဆစ်ဖလစ်ရောဂါစတာတွေရဲ့ လက္ခဏာဖြစ်နိုင်ပါတယ်။ ကင်ဆာဆေးသွင်းကုသခြင်းခံယူနေရင်လည်း Beau’s lines တွေပေါ်တတ်ပါတယ်။

လက်သည်းကိုထိခိုက်မိပါက လက်သည်းအောက်မှာ အနီရောင် (သို့) အညိုရောင်အစက်တွေဖြစ်လာတတ်ပါတယ်။ ဒါပေမယ့် လက်သည်းကိုထိခိုက်ဒဏ်ရာရထားတာမရှိဘဲ လက်သည်းအောက်ထဲမှာ ညိုပုတ်ပုတ်၊ အမဲ၊ အနီစတဲ့အရောင်တွေပြောင်းနေတယ်ဆိုရင် ဒါတွေက နှလုံးအမြှေးပါးရောင်ခြင်း (သို့) melanoma လို့ခေါ်တဲ့ အရေပြားကင်ဆာကဲ့သို့သော ပြင်းထန်တဲ့ရောဂါတစ်မျိုးမျိုးရဲ့ လက္ခဏာဖြစ်နိုင်ပါတယ်။

>> လက်သည်းပေါ်ကအစင်းကြောင်းတွေကိုကြည့်ပြီး ဘယ်လိုရောဂါသတ်မှတ်လို့ရသလဲ

လက်သည်းမှာရုတ်တရက်အပြောင်းအလဲတွေဖြစ်လာပါက ဆရာဝန်နဲ့ပြသသင့်ပါတယ်။ လက်သည်းကိုထိခိုက်ဒဏ်ရာရတယ်ဆိုရင် လက်သည်းနဲ့လက်ချောင်းတွေအနာကျက်ဖို့ ရက်သတ္တပတ်အနည်းငယ်စောင့်ကြည့်နိုင်ပါတယ်။

>> အကယ်လို့ အောက်ပါလက္ခဏာတွေတွေ့ရင်တော့ အမြန်ဆုံးဆရာဝန်သွားပြသင့်ပါတယ်။

လက်သည်းစုတ်ပြတ်နေအောင်ခုတ်မိခြင်း
လက်သည်းခွံကြေမွသွားခြင်း
လက်သည်းကျွတ်ထွက်သွားခြင်း
လက်သည်းအောက်မှသွေးထွက်ခြင်း

>> ကုထုံးများ လက်သည်းပေါ်ကအစင်းကြောင်းတွေက နောက်ခံရောဂါတစ်ခုခုရဲ့လက္ခဏာဖြစ်တဲ့အတွက် နောက်ခံရောဂါကို သေချာကုသဖို့လိုအပ်ပါတယ်။ ဥပမာအားဖြင့် ဆီးချိုရောဂါကြောင့် လက်သည်းပေါ်မှာ ကန့်လန့်စင်းတွေဖြစ်တယ်ဆိုရင် သွေးတွင်းသကြားဓာတ်ကို ပုံမှန်အတိုင်းထိန်းထားနိုင်ပါက ဒီအစင်းကြောင်းတွေလျော့နည်းသွားပါလိမ့်မယ်။

နှင်းခူကြောင့်ဆိုရင် လိမ်းဆေးတွေ၊ အစိုဓာတ်ထိန်းဆေးတွေလိမ်းပေးနိုင်ပါတယ်။ ဗီတာမင်နဲ့ သတ္တုဓာတ်ချို့တဲ့လို့ဖြစ်တာဆိုရင် အစားအစာပြောင်းစားတာဖြစ်ဖြစ်၊ အားဆေးသောက်တာဖြစ်ဖြစ်လုပ်နိုင်ပါတယ်။

Credit : Drmyanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top