iMyanmarHouse.com - Best Property Website for Myanmar
×

သင်ဟာ မနက်စောစော ထဖို့ လိုအပ်သူ၊ ဒါမှမဟုတ် မနက်စောစော ထချင်သူ တစ်ယောက် ဖြစ်ချင်ဖြစ်နေပါ လိမ့်မယ်။ ဒါပေမယ့် ညဥ့်နက်တဲ့အထိ နေတက်တဲ့အကျင့်နဲ့ အိပ်ရေးမက်တဲ့ အကျင့်တွေကြောင့် မနက်စောစော မထနိုင် ဖြစ်တက်ရပါတယ်။

မနက်စောစော အိပ်ယာထတက်တဲ့ အလေ့အကျင့်ကို အောက်ပါနည်းလမ်းတွေနဲ့ လုပ်ယူလို့ ရပါတယ်။

၁။ ဘာကြောင့် မနက်စောစော ထသင့်လဲ ပြန်စဉ်းစားပါ
သင်မနက်စောစော ထလိုက်ခြင်းအားဖြင့် ဘယ်လောက်အကျိုးရှိမယ်ဆိုတာ ပြန်စဉ်းစားကြည့်ပါ။ အနည်းဆုံးတော့ ကားကျပ်တာကို ရှောင်လွှဲနိုင်မယ်ဆိုတာမျိုးပေါ့။

၂။ ဖြေးဖြေးခြင်း လေ့ကျင့်ယူပါ
တစ်ခါတည်း လုပ်ယူဖို့ မလွယ်ပါဘူး။ ပုံမှန်အိပ်ယာထချိန်ထက် ဆယ့်ငါးမိနစ်လောက်စီ စောစောထကြည့်ပါ။ ဥပမာ ဒီနေ့ ၀၆း၀၀ နာရီထရင် နောက်နေ့ ၀၅း၄၅ နာရီမှာ အိပ်ယာထဖို့ ကြိုးစားပါ။

၃။ အလင်းရောင် မရှိပါစေနဲ့
အိပ်ယာဝင်ချိန် တစ်နာရီလောက်အလိုကတည်းက အလင်းရောင်စူးစူးတွေနား သိပ်မနေပါနဲ့။ ကွန်ပျူတာတွေ၊ တက်ဘလက်တွေ၊ ဖုန်းတွေ ကြည့်ဖို့ မသင့်ပါဘူး။ စာဖတ်ချင်ရင် ရိုးရိုးစာစာအုပ်တွေကို ညကြည့်မီးအိမ်နဲ့ ဖတ်ပါ။

၎။ ပုံပြင်တွေဖတ်ပါ
အိပ်ယာဝင်ခါနီး စာဖတ်ရင် ပုံပြင်စာအုပ်တွေနဲ့ စိတ်ယဉ်ဇာတ်လမ်းမျိုးတွေဖတ်ပါ။ ဒါတွေက မြန်မြန်အိပ်မောကျစေပါတယ်။

၅။ နေ့ခင်းဘက် မအိပ်ပါနဲ့
နေ့ခင်းဘက်မှာ တစ်ရေးတစ်မော မှေးတာမျိုး မလုပ်ပါနဲ့။ နေ့ခင်းဘက် ငိုက်မြည်းခြင်းဟာ ညဘက်အိပ်ယာ ဝင်ချိန်ကို ကမောက်ကမ ဖြစ်စေပါတယ်။

၆။ တစ်ပတ်လောက် လေ့ကျင့်ယူပါ
ဒီလိုမျိုး တစ်ပတ်လောက် လေ့ကျင့်ယူပါ။ ပုံမှန်ထက် တစ်နာရီသို့မဟုတ် တစ်နာရီခွဲလောက် စောထချင်ရင် တစ်နေ့ ဆယ့်ငါးမိနစ်လောက်စီ စောစောထကြည့်ပါ။

၇။ နေ့လည်စာ များများစား
နေ့လည်စာကို ဖြစ်သလို မစားပါနဲ့။ များများသာ စားပေးပါ။ ညစာကိုတော့ ခပ်နည်းနည်းသာ စားပါ။ အဲဒီအခါ အိပ်ချိန်ပုံမှန် ဖြစ်သွားပါလိမ့်မယ်။

Credit : Duwun

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top