iMyanmarHouse.com - Best Property Website for Myanmar
×

ခံတွင်းနံ့ဆိုးတာက မိမိကိုယ်တိုင်အတွက်ရော တခြားလူတွေအတွက်ပါ စိတ်ကသိကအောင့် ဖြစ်ရတဲ့ကိစ္စကြီးပါ။ တစ်ခါတစ်လေ ကိုယ်က သတိမထားမိဘဲ ပြုမူနေမိတဲ့ အရာတွေက ခံတွင်းနံ့ကို ဆိုးဝါးစေနိုင်တာကြောင့် ဒါလေးတွေ သတိထားဖို့ လိုပါတယ်။

၁။ ရေသောက်ပါ
အာခံတွင်းက ခြောက်ကပ်နေရင်လည်း ခံတွင်းနံ့ဆိုးတတ်ပါတယ်။ ခံတွင်းက လုံလောက်တဲ့ စိုစွတ်မှု မရှိတဲ့အခါ ခံတွင်းနံ့ဆိုးစေတဲ့ ဘက်တီးရီးယားတွေကို ဖြစ်စေနိုင်လို့ ရေသောက်ပေးဖို့လိုပါတယ်။

၂။ သွားနဲ့ခံတွင်း ကျန်းမာရေး
တစ်နေ့နှစ်ကြိမ် သွားတိုက်ဖို့ လိုပါမယ်။ ညအိပ်ယာမဝင်မီ သွားကို မဖြစ်မနေ တိုက်ပေးပါ။ သွားကြားထဲက စားကြွင်းစားကျန်တွေနဲ့ ဘက်တီးရီးယားတွေကို ဖယ်ရှားဖို့ floss လို့ ခေါ်တဲ့ ကြိုးလေးနဲ့ ရှင်းလင်းနိုင်ပါတယ်။

၃။ လျှာကို သန့်ရှင်းပါ
သွားကို တိုက်နေရုံနဲ့ မပြီးပါဘူး။ လျှာကို သန့်ရှင်းပေးဖို့လည်း လိုပါတယ်။ ဘရပ်ရှ်အနု (သို့မဟုတ်) လျှာခြစ်တံကိုသုံးပြီး လျှာရဲ့အနောက်ဘက် အရင်းပိုင်းကနေ အဖျားပိုင်းအထိဆီကို ဆွဲချပွတ်တိုက်ပေးရမှာပါ။

၎။ သကြားရှောင်ပါ
သကြားများများစားခြင်းကလည်း ခံတွင်းနံ့ဆိုးခြင်းကို ဖြစ်စေပါတယ်။ ခံတွင်းနံ့ဆိုးလို့ ပူရှိန်းနဲ့ ပီကေတွေ ဝါးမယ်ဆိုရင်တောင်မှ သကြားမပါတာကို ရွေးချယ်သင့်ပါတယ်။

၅။ သွားတိုက်တံ
သွားတိုက်တံကို ပြန်ကြည့်ပါဦး။ သုံးတာ ၂ လ ကျော်နေပြီဆိုရင်တော့ အသစ်လဲလှယ်လိုက်ပါ။ သူက သင့်သွားတွေ သန့်ရှင်းဖို့ ကောင်းကောင်းအလုပ်မလုပ်နိုင်တော့တဲ့အခါ ခံတွင်းနံ့ဆိုးကို ဖြစ်စေတာပါပဲ။
၆။ လေးညှင်း

လေးညှင်းပွင့်တွေက တကယ်ပဲ အလုပ်ဖြစ်ပါတယ်။ ခံတွင်းနံ့ သိပ်ဆိုးလာရင် လေးညှင်းပွင့်လေးတွေ ဝါးပေးပါ။ အနံ့အသက်တွေ ပျောက်ကင်းစေတဲ့အပြင် ဘက်တီးရီးယားတွေကိုလည်း တိုက်ထုတ်ပေးနိုင်စွမ်း ရှိပါတယ်။

၇။ သစ်သီးစားပါ
အရည်ရွှမ်းတဲ့ သစ်သီးတွေနဲ့ အမျှင်ဓာတ်ပါတဲ့ သစ်သီးတွေကို ရွေးချယ်စားသုံးပါ။ ဥပမာပြောရရင် နာနတ်သီးလို အသီးမျိုးက သင့်ရဲ့ ခံတွင်းကိုရှင်းစေပြီး အနံ့ဆိုးတွေကိုပါ လျော့ပါးစေလိမ့်မယ်။

Credit : Duwun

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top