၁။ ဆလတ်ရွက်လိုးရှင်း
ဒီလိုးရှင်းက နေရောင်ခြည်ကြောင့်ဖြစ်တဲ့ အရေပြားနီမြန်းခြင်းနဲ့ ကင်းဝေးစေမှာဖြစ်ပါတယ်။ ဒါ့အပြင် ဝက်ခြံကာကွယ်ဖို့ အတွက်လည်း အထူးကောင်းမွန်ပါတယ်။ ဆလတ်ရွက်ကို အပူချိန် သိပ်မပြင်းတဲ့ မီးမှာ အချိန်တစ်နာရီခွဲကြာ ပြုတ်ပေးရုံသာ ဖြစ်ပါတယ်။ ပြုတ်ပြီးပါက ဆလတ်ရွက်ကို အရည်စစ်ထုတ်ပြီး အဖတ်ကို လွှင့်ပစ်ကာ ရလာတဲ့အရည်ကို သိမ်းထားရမှာဖြစ်တယ်။
၎င်းအရည်ကို လိုးရှင်းကဲ့သို့ အသုံးပြုပါ။ (၃) ရက်ကြာ ထားသိုသိမ်းထားနိုင်တယ်။ မှောင်ပြီး အေးတဲ့နေရာ တစ်ခုခုမှာ သိမ်းထားရပါမယ်။
၂။ ခြောက်သွေ့ပြီး အက်ကွဲတဲ့ အသားအရေလိမ်းဆေး
ဆလတ်ရွက်ကို မိနစ်အနည်းငယ်ပြုတ်ပါ။ အရွက်တွေကို ပိတ်စနဲ့ ပတ်စည်းပြီး မျက်နှာ၊ လည်ပင်းနဲ့ လန်းဆန်းမှု ရှိစေချင်တဲ့နေရာမှာ နာရီဝက်ခန့် အုပ်ထားပေးရမှာဖြစ်ပါတယ်။
Credit : TrendMyanmar
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...