iMyanmarHouse.com - Best Property Website for Myanmar
×

ကိုယ့်ရဲ့မျက်နှာလေး ပန်းသွေးရောင်ခြယ် လှပနေဖို့ဆိုတာ skin care ကောင်းနေဖို့၊ ဒါမှမဟုတ် အောက်ခံလိမ်းထားတဲ့ မိတ်ကပ်သားကောင်းနေဖို့ဆိုတာထက် ကိုယ်ရွေးချယ်ထားတဲ့ ပါးနီအရောင်တွေကလည်း ကိုယ်နဲ့လိုက်ဖက်နေဦးမှပါ။ ကိုယ့်အသားအရေက တစ်ရောင်၊ ကိုယ်ရွေးထားတဲ့ ပါးနီရောင်က တစ်မျိုးဖြစ်နေရင်တော့ ဒါဟာ တော်တော်ကြည့်ရဆိုးနေမှာမို့ ကိုယ့်မျက်နှာနဲ့ဘယ်လို ပါးနီရောင်တွေက သင့်တော်တယ်ဆိုတာ ခွဲခြားနိုင်ဖို့ ခုလို ဖော်ပြပေးလိုက်ပါတယ်။

၁။ပန်းရောင်

အသားရောင်တော်တော်များများအတွက် ရွေးချယ်ဖို့သင့်တဲ့ အရောင်ကတော့ ပန်းရောင်ပါပဲ။ အသက်အရွယ်ပိုင်းပြန်ကြည့်ရင်တော့ ၂၀ကျော် ပျိုမေတွေအတွက် ပိုသင့်တော်ပါတယ်။

၂။ကြေးနီးရောင်သမ်းတဲ့ အရောင်

ကိုယ့်အသားအရေက အ၀ါဘက်သမ်းတဲ့ဆိုရင်တော့ ကြေးနီရောင်သမ်းတဲ့ ပါးနီကို ရွေးချယ်လိုက်ပါ။ ရွှေအိုရောင်ဆိုရင်လည်း အဲ့ဒီအသားအရေပိုင်ရှင်တွေနဲ့ လိုက်ဖက်တာပါပဲ။

၃။ဇီးသီးရောင်

ကိုယ့်ရဲ့အသားကမည်းတယ်ဆိုရင်တော့ ဇီးသီးရောင်သမ်းတဲ့ ပါးနီမျိုးကို ရွေးချယ်ကြည့်ဖို့ ညွှန်ပါရစေ။

၎။ရာသီနဲ့လိုက်ဖက်တဲ့ ရွေးချယ်မှု

ကိုယ့်ရဲ့အသားအရေဟာ ရာသီကိုကိုလိုက်ပြီး အပြောင်းအလဲရှိတတ်ပါတယ်။ ဆောင်းရာသီဆိုရင် အေးတဲ့ရာသီမို့ ကိုယ့်ရဲ့ ပါးတွေ၊ မေးဖျားလေးတွေဟာ ပန်းသွေးရောင်သမ်းနေတတ်ပါတယ်။ အဲ့ဒါဆိုရင်တော့ ကိုယ်သုံးမယ့် ပါးနီက ပန်းနုရောင်လေးတွေ ဖြစ်ရင်အကောင်းဆုံးပါပဲ။ နွေရာသီအတွက်ကတော့ ကြေးနီရောင်ဟာ ကိုယ့်အသားအရေအတွက် သင့်တော်စေပါတယ်။

၅။အသုံးပြုမယ့်ဘရက်ရှ်

ကိုယ်ရွေးချယ်ထားတဲ့ ပါးနီးဆိုးတဲ့ ဘရက်ရှ်ဟာ ပျော့ပျောင်းမှုရှိဖို့ကလည်း ပါးနီးဆိုးတဲ့အခါ သတိထားရမယ့် အရေးကြီးတဲ့ အချက်တွေထဲက တစ်ချက်ပါ။ ခြယ်သတဲ့အခါ ဘရက်ရှ်ကို အတင်းဖိပြီး မျက်နှာကို ခြယ်သခြင်းမျိုးရှောင်ရမှာဖြစ်သလို ဘရက်ရှပ်ဝယ်ဖို့စဉ်းစားနေတယ်ဆိုရင် နေ့ခင်းဘက်အချိန်တွေမှာသာ ၀ယ်ဖို့ အကြံပေးပါရစေ။

၆။ပါးနီခရင်မ်

ကိုယ့်အသားအရေက အရမ်းခြောက်တယ်ဆိုရင်တော့ ပါးနီဆိုးတဲ့အခါ ပေါင်ဒါတွေ ရိုးရိုးပါးနီတွေထက် ခရင်မ်ကိုသာ ရွေးချယ်ဆိုးပါ။

Credit: Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top