iMyanmarHouse.com - Best Property Website for Myanmar
×

မိန်းကလေး အများစုက ကိုယ့်ထက် အရပ်ပိုရှည်တဲ့ ယောက်ျားလေးတွေကို သဘောကျတတ်ကြပါလို့ ယောက်ျားလေးတွေက ပြောကြပေမဲ့ မိန်းကလေးတွေက ငြင်းဆန်လေ့ရှိပါတယ်။ အခုတော့ ဆိုးလ်မြို့ရှိ Konkuk တက္ကသိုလ်က စစ်တမ်းအရ မိန်းကလေးတွေက အရပ်ပိုရှည်တဲ့ ယောက်ျားလေးတွေကို ကြိုက်သင့်တဲ့ အကြောင်းပြချက် တစ်ခုကို တွေ့ရှိခဲ့ပါတယ်။

လေ့လာတွေ့ရှိမှုအရ အရပ်ရှည်ခြင်းရဲ့ အကျိုးဆက်က အတော်လေး သိသာပါတယ်။ အရပ်အမြင့် ကွာခြားတဲ့ စုံတွဲတွေက သူများစုံတွဲတွေထက် ၁၈ နှစ်စာလောက် ပိုပြီးပျော်ရွှင် ကြပါတယ်တဲ့။ အရပ် ၅ ပေ ၅ လက်မ လောက်ရှိတဲ့ မိန်းကလေးတစ်ယောက်က ၆ ပေ အောက် ယောက်ျားလေးနဲ့ တွဲဖို့ စိတ်ကူးမရှိတတ်ပါဘူး။ သူတို့ထက် အရပ်ပိုရှည်တဲ့ သူတွေကသာ သူတို့ကို ဆွဲဆောင်နိုင်ပါတယ် ။ ပိုမို ခန့်ညားပြီး ယောက်ျား ပီသတယ်လို့ ထင်ကြပါတယ်။

ကိုယ့်အပေါ်ကနေ စီးမိုးပြီး ကြည့်တတ်တဲ့ အကြည့်တွေက အားကိုးလိုစိတ်ကို ဖြစ်ပေါ်စေပါတယ်။ ကိုယ်လက်လှမ်းမမီနိုင်တဲ့ အရာတွေကို အလွယ်တကူ ရယူပေးနိုင်တာကလည်း ကိုယ့်အတွက် အရာရာကို ဖန်တီးပေးနိုင်မယ်လို့ ယုံကြည်မှု ဖြစ်စေပါတယ်။ စိတ်ပညာ သဘောအရ အသေးအမွှားလေးက စပြီး ယုံကြည် အားကိုးမှုလေးတွေက ဘ၀တစ်ခု ထူထောင်ရာမှာ အကြီးမားဆုံး လိုအပ်တဲ့ အပြန်အလှန် ရင်းနှီး နားလည်မှုတွေ အဖြစ် ပြောင်းလဲ သွားစေနိုင်ခဲ့တာကြောင့် အိမ်ထောင်ရေးမှာ ပိုမို ပျော်ရွှင်ရတာ ဖြစ်ပါတယ်။

ဒါပေမဲ့ အရပ်ပုတဲ့ ယောက်ျားလေးတွေနဲ့ အတူနေတဲ့ မိန်းကလေးတွေက မပျော်ရွှင်ရဘူးလို့ ဆိုလိုတာ မဟုတ်ပါဘူး ။ အရပ်ပိုရှည်တဲ့ အမျိုးသားတွေနဲ့ အိမ်ထောင်ကျတဲ့ အမျိုးသမီးတွေက အထက်မှာ ပြောခဲ့တဲ့ အချက်တွေကြောင့် ပိုပြီး အဆင်ပြေ နားလည်မှု ရှိတဲ့ အိမ်ထောင်တစ်ခု ဖန်တီးနိုင်တယ်လို့ ဆိုလိုတာပဲ ဖြစ်ပါတယ်။

ပျော်ရွှင်တဲ့ အိမ်ထောင်တစ်ခု ထူထောင်ရာမှာ အရပ်အနိမ့် အမြင့်ထက် လိုအပ်တာတွေ အများကြီးရှိပါသေးတယ်။ အရပ်ပိုရှည်ခြင်းက ပျော်ရွှင်မှု အစိတ်အပိုင်းတစ်ရပ် အနေနဲ့ပဲရှိပါတယ်။ မိန်းကလေးတစ်ယောက် သူရဲ့ အရပ်ရှည်တဲ့ ယောက်ျားကို ချစ်တာက အရပ်ရှည်တာ တစ်ခုတည်းကြောင့် ချစ်တာမဟုတ်ပါဘူး ။သူရဲ့ ကြင်နာတတ်မှု၊ ဖေးမမှု နဲ့ နားလည်မှု ပေးတာတွေကြောင့်ပဲ ဖြစ်ပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top